Tuesday, December 4, 2018

လူပါးမဝကြပါနဲ့

,
ပြည်ထဲရေးဌာန ဆိုတာ အစိုးရလက်အောက်မှာ ရှိတယ်
ဒါပေမဲ့ အမိန့်ပေးလို့ မရဘူး။ ၂၀၀၈ အခြေခံဥပဒေကြောင့်
လို့ သာဝန်ဦးအောင်ကိုက တိုက်ရိုက်စွပ်စွဲခဲ့ပါတယ်

သူဆိုလိုတဲ့ အဓိပါယ်ကတော့ ၂၀၀၈ ခြေဥအရ
ပြည်ထဲရေးကို ကာချုပ်က ပေးပို့တဲ့ သူကိုသာ
ခန့်ရတာကြောင့် အစိုးရရဲ့ အမိန့်ကို ပြည်ထဲရေးက
တိတိကျကျ မလိုက်နာဘူး။ ဒီအတွက် သာသနာ သန့်ရှင်းရေးတောင် သူ့မှာ လုပ်လို့မရဘူးလို့ ပြောပါတယ်။

သူပြောတာက ပြည်ထဲရေးကို နာမည်ဖျက်ဖို့ လုပ်ကြံ ပြောသွားတာမျိုး မဟုတ်ပဲ ဝီရသူရဲ့ ပြဿနာနဲ့
ဥပမာပေး ပြောကြားခဲ့ပါတယ်။

ဝီ ရသူကို မဟနက တရားဟောခွင့် ပိတ်ထားချိန်မှာ
စင်ပေါ်တက် တိတ်ပိတ်ဟောတာကြောင့် မဟနက
အာဏာစက်နဲ့ အရေးယူဖို့ အမိန့်ပေးခဲ့ပေမယ့်
ပြည်ထဲရေးက တာဝန်ရှိသူတွေက သောက်ဂရုတောင်
မစိုက်ကြပါဘူးတဲ့။ ဝီ ရသူတင်သာမက အခြား အမျိုးသားရေးအဖွဲ့က ဝရမ်းပြေးတွေ
ဗျောင်ကျကျပေါ်ပေါ်ထင်ထင်ထင်သွားလာနေတာတောင်
ယနေ့အချိန်ထိ ဖမ်းဆီးခြင်း မရှိပဲ လက်ပိုက်ကြည့်နေဆဲ
ဆိုတာကို ပြည်သူအားလုံး မြင်တွေ့သိရှိနေကြပါတယ်။

သာဝန်ရဲ့ အချက်ကျကျ စွပ်စွဲချက်အပေါ် ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲ
တိုင်းပြည်မှာ အစိုးရလက်အောက်က ဝန်ကြီးဌာန
တစ်ခုအနေနဲ့ အစိုးရရဲ့ အမိန့်ကို မလိုက်နာပဲ
ထင်ရာစိုင်းနေတာ ဘယ်နည်းနဲ့မှ မဖြစ်သင့်ပါဘူး
အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်သလို
အစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေပါတယ်။

ပြည်ထဲရေးဝန်ကြီးဆိုတဲ့ အဆောင်အယောင်
လစာခံစားခွင့်တွေကို နိုင်ငံတော်က ကျခံပေးထားရတာ
ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးကို နာမည်စာရင်း
တင်သွင်းတဲ့ ကာချုပ်က တစ်ပြားတစ်ချပ်မှ သူ့အိပ်ထဲက
စိုက်ထုတ်ကျခံထားတာ မဟုတ်ပါဘူး။

ဒါကြောင့် ကာချုပ်အပေါ်မှာသာ သစ္စာစောင့်သိနေပြီး
အစိုးရရဲ့ အမိန့်ကို မလိုက်နာ မဖော်ဆောင်တဲ့
ပြည်ထဲရေးဝန်ကြီးအနေနဲ့ သာဝန်ရဲ့ စွပ်စွဲချက်ကို
မဖြေရှင်းနိုင်ရင် နိုင်ငံတော်က ပေးထားတဲ့ ဝန်ကြီးတစ်ဦး၏
အဆောင်အယောင် ခံစားခွင့်တွေကို လိမ်ညာမယူပါနဲ့
တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ်မှာ ထင်ရာစိုင်းပြီး
လူပါးမဝကြပါနဲ့

ZN.H 🇦🇺

https://m.facebook.com/story.php?story_fbid=119937599022486&id=100030187393271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူပါးမဝကြပါနဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...