Saturday, November 17, 2018

ရိုဟင်ဂျာတွေပြန်လာရင် ရခိုင်ပြသနာဖြေရှင်းရာရောက်ပြီလား(၁)

,
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်NLD အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲကို နေရပ်စွန့်ခွာထွက်ပြေးသွားကြတဲ့ တနည်းအားဖြင့် ဘေးအန္တရာယ်ကို ကြောက်ရွံ့လို့ ထွက်ပြေးခိုလှုံသွားကြတဲ့ ရိုဟင်ဂျာတွေကို ပုံစံမျိုးစုံ ၊ ပရိယာယ်မျိုးစုံသုံးပြီး ပြန်ခေါ်နေကြတာ လူတိုင်းအသိပါ။ရိုဟင်ဂျာတွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲဆိုတဲ့
NLD အစိုးရရဲ့ ရည်ရွယ်ချက်ကို ပွင့်လင်းမြင်သာစေဖို့ ဒီနေရာမှာ မေးစရာမေးခွန်း ၃ ခု ရှိပါတယ်။
( ၁ )နိုင်ငံတကာဖိအားကိုလျော့ပေါ့စေချင်လို့အတင်းပြန်ခေါ်နေကြတာလား??
( ၂ )International Criminal Court နိုင်ငံတကာရာဇဝတ်မှုခုံရုံးကနေ ဆင့်ခေါ်စစ်ဆေးခံရမှာကိုစိုးရိမ်လို့အတင်းပြန်ခေါ်နေကြတာလား??
( ၃ )ရခိုင်ပြည်နယ်ပြသနာတွေကိုNLDအစိုးရကတကယ်ပဲပြေလည်အောင်ဖြေရှင်းပေးချင်လို့အတင်းခေါ်နေကြတာလား??

Democracy Party တစ်ခုအဖြစ်ခံယူကာ လူကိုမကြည့်နဲ့ မူကိုပဲကြည့်ဖို့ တခက်နက် ဟစ်ကြွေးပြီး ရွေးကောက်ပွဲဝင်ခဲ့လို့ အနိုင်ရ အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD ပါတီဟာ ဘယ်လိုမူဝါဒတွေကိုအခြေခံပြီး ရခိုင်ပြသနာတွေကို ဖြေရှင်းပေးလိုတာလဲဆိုတာ လုံးဝ ပွင့်လင်းမြင်သာမှုမရှိခဲ့ပါဘူး။NLD အစိုးရလက်ထက်မှာ အကြမ်းဖက်လူ့အဖွဲ့အစည်းနဲ့ အတူယှဉ်တွဲမနေနိုင်ဘူးပြောပြီး နယ်မြေရှင်းလင်းရေးကို လက်မှတ်ထိုး ခွင့်ပြုပေးခဲ့ကြတယ်။ရိုဟင်ဂျာတွေ ထောင်ပေါင်းများစွာ မရှု့မလှ အသတ်ခံခဲ့ရတယ်။သမ္မတဦးသိန်းစိန်လက်ထက်တည်းက လောင်နေတဲ့ ရခိုင်ပြည်နယ်က မီးပုံပေါ် ဓာတ်ဆီလောင်းပေးလိုက်ထှာ NLD အစိုးရပဲ။
 ရခိုင်ပြသနာတွေဟာ ပိုပြီးဆိုးရွားတဲ့အခြေအနေမျိုးတွေထိ ရောက်သွားခဲ့တာ လူတိုင်းအသိပါ။ပြသနာတစ်ခုကို တကယ်ပြေလည်အောင်ဖြေရှင်းလိုစိတ်မရှိတဲ့ အစိုးရအတွက်ကတော့ ရခိုင်ပြသနာက အမယ်ဘုတ်ရဲ့ချည်ခင်လို ရှင်းလေးရှုတ်လေ ဖြစ်သွားပါပြီ။

ထွက်ပြေးခိုလှုံသွားကြတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်လိုက်ရုံနဲ့ ရခိုင်ပြသနာတွေ တကယ်သာ ပြေလည်သွားမယ်ဆိုရင် သူတို့တွေ ပျော်ပျော်ကြီး အပြေးနှင်လာတော့မှာ လုံးဝ လုံးဝ သေချာပါတယ်။ဒါဖြင့်ရင် သူတို့ ဘာကြောင့် ပြန်မလာရဲကြတာလဲ??

အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံထဲ ထွက်ပြေးခိုလှုံသွားသူ ရိုဟင်ဂျာတွေ ပြန်မလာရတဲ့ အကြောင်းရင်းတချို့ကို စဉ်းစားကြည့်ရအောင်ပါ။

( က ) ၂၀၁၂ ခုနှစ်တုန်းတည်းက အကြောင်းမဲ့ မီးရှို့မောင်းထုတ် ၊ သတ်ဖြတ်အကြမ်းဖက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေအတွက် NLD အစိုးရဘက်က တရားမျှတမှု ၊ လုံခြုံမှု၊လူ့အခွင့်အရေးကိုလေးစားလိုက်နာမှု၊ လူသားဖြစ်တည်မှုကို လေးစားအသိအမှတ်ပြုခြင်း ၊ နိုင်ငံသားအခွင့်အရေး စတာတွေ တာဝန်ယူပေးပြီးပြီကြောင့်လား။
( နိုင်ငံသား အခွင့်အရေးဆိုတာနဲ့ ပတ်သက်လို့ ဒီနေရာမှာ အနည်းငယ် ပြောချင်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ မိဘဘိုးဘွားတွေမှာ ယခင်က အမျိုးသားမှတ်ပုံတင်တွေ ရှိခဲ့ကြပါတယ်။ နဝတ အစိုးရတွေလက်ထက်မှာ အမျိုးသားမှတ်ပုံတင်တွေ ပြန်လည်သိမ်းဆည်းခြင်းခံခဲ့ရပြီး White Card တွေနဲ့ အစားထိုးခံခဲ့ကြရပါတယ်။သားသမီး ၊ မြေး ၊ မြစ်တွေလက်ထဲရောက်တော့ White Card တွေသာ ရရှိလာပါတော့တယ်။အဲ့လိုနဲ့ပဲ သူတို့ခမျာတွေဟာ ခိုးဝင်ဘဝကို မရှု့မလှ ရောက်သွားခဲ့ကြတယ်။ )
အဲ့လိုအခြေအနေမျိုးတွေ တကယ်ရှိခဲ့လို့ နိုင်ငံသား အခွင့်အရေးဆိုတာကို မဖြစ်မနေ ကျုပ်ထည့်သွင်းရေးသားလိုက်ရတာပါ။

( ခ ) ၂၀၁၂ ခုနှစ်မှာပဲ ရိုဟင်ဂျာတွေနည်းတူ မီးရှို့မောင်းထုတ် ၊ သတ်ဖြတ်အကြမ်းဖက်ခံခဲ့ကြရတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက  ကမန်တိုင်းရင်းသား မျိုးနွယ်စုတွေအတွက် အစိုးရတရပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာတွေ ရှိဖူးပြီလား?
တိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုခံထားရတဲ့ ကမန်မျိုးနွယ်စုတွေဟာ မြို့လုံးကျွတ် ၊ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ မိမိတို့နေအိမ်တွေမှာ  ပြန်လည်နေထိုင်နိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဆီမှာရော ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာပါ အသနားခံစာတွေ အကြိမ်ကြိမ်ပို့ပေးခဲ့ကြပေမယ့် စာလက်ခံရရှိကြောင်း အကြောင်းပြန်စာ ( သို့မဟုတ်)ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းမျိုး တကြိမ်တခါမျှ မရှိခဲ့ကြပါ။
အစိုးရတရပ်လုပ်နေပြီး ယခင်အစိုးရတွေလက်ထက်က အရှုတ်ထုတ်ကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ အထာနဲ့ အသနားခံစာတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ကြပါတယ်။ အစိုးရတရပ်ရဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေ ပျက်ကွက်ခဲ့ကြပါတယ်။

#ဆက်ရန်

အပုချေ ( မာန်အောင်ကျွန်း)

https://www.facebook.com/100011257098539/posts/692503431134887/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုဟင်ဂျာတွေပြန်လာရင် ရခိုင်ပြသနာဖြေရှင်းရာရောက်ပြီလား(၁)”

Post a Comment

Related Posts Plugin for WordPress, Blogger...