မြန်မာနိုင်ငံအမျိုးသမီးကွန် ရက်မှ ဒေါ်စူဇန်နာလှလှစိုးက ““ဖွဲ့စည်းပုံနဲ့ပတ်သက်လို့မသိကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေ ဟာစားဝတ်နေရေးကြိုးပမ်းနေရတဲ့ အတွက် အခြေခံဥပဒေဆိုတာကို စိတ်မ၀င်စားဘူး။ နယ်တွေမှာ ဆိုရင်ပိုဆိုးတယ်။ နယ်ကလာတဲ့ လူတွေပိုသိပါတယ်။ ဘာကြောင့် လည်းဆိုရင် နယ်တွေမှာကဖိနှိပ် မှုတွေပိုများနေလို့ဖြစ်ပါတယ်””ဟု ပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးခရီးလမ်း ကြမ်းတမ်းကြောင်းနှင့် ဒီခရီးလမ်း တွင်အတူဖြတ်သန်းသော ရဲဘော် ရဲဘက်များအနေဖြင့် နားလည်မှု အပြည့်နှင့်လက်ချင်းခိုင်ခိုင်တွဲချိတ် ပြီး ညီညွတ်မှုရှိပါကကြောက်စရာ မလိုကြောင်း ၎င်းကထည့်သွင်း ပြောကြားခဲ့သည်။
““ကျွန်မအနားယူချင်ပါတယ်။ အနားယူလို့မရသေးဘူး။ ဘာဖြစ် လို့လဲဆိုတော့ သမိုင်းမှာတာဝန် မကြေတဲ့လူဖြစ်သွားမှာကိုစိုးရိမ် ပါတယ်။ ကျွန်မတို့သားသမီးတွေ အနာဂတ်မှာ ဒီအရှုပ်ထုပ်ကြီးကို မထားခဲ့ချင်ပါဘူး။ ဒါကြောင့် ၀ိုင်းဝန်းကြိုးစားရမှာဖြစ်တယ်။ သွားနေရတဲ့ ဒီမိုကရေစီလမ်း ကြောင်းမှာဘယ်လောက်အထိခံ နိုင်ရည်ရှိလည်း၊ ဘယ်လောက်ထိ ရုန်းကန်ခံလဲဆိုတဲ့အချက်ပေါ်မူ တည်နေပါတယ်””ဟု ၎င်းက ထပ်မံပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ရည်ရွယ်ချက် (၃)ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ပတ်သက်ပြီး ပြည်သူလူထုမှ သိရှိနားလည်မှုမြင့်မားလာစေရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲသည်ဖြစ်စေ၊ အသစ်ရေးဆွဲသည်ဖြစ်စေ၊ ပြည်သူလူထုမှပူးပေါင်းဆောင်ရွက် လာစေရန်နှင့် ပြည်သူဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်း လာစေရန်တို့ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ပြည်သူ့ကွန်ရက်အနေဖြင့် ပြည်နယ်နှင့်တိုင်းများသို့သွား ရောက်၍ ပြည်သူ့ဆန္ဒသဘော ထားများကိုကောက်ယူခဲ့ပြီး ၂၀၁၄ တွင်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ရွယ်ချက် (၃)ရပ်ကိုဆက်လက်အကောင် ထည်ဖော်လုပ်ဆောင်သွားမည်ဟု သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်များနှင့် လွှတ်တော်ဥက္ကဋ္ဌ တို့ကိုတွေ့ဆုံ၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မျိုးကျော်(hotnewsweekly)


