လူသားများတွင်
အိုမင်းရင့် ရော်မှုကို ပြောင်း လဲ ပေးနိုင်ဖွယ်ရှိသည့် ဓာတုဆေးဝါးသစ် တစ်မျိုးကို
သြစတြေးလျနှင့် အမေရိကန် သိပ္ပံ ပညာရှင်များက ထုတ်လုပ်နိုင်ခဲ့ ကြောင်း
သိရသည်။
သိပ္ပံ
ပညာရှင်များသည် အဆိုပါဆေးကို ကြွက် များတွင် စမ်းသပ်ခဲ့ရာ ၎င်းဆေးသည် ကြွက်သား များကို
ဖွဲ့စည်းနိုင်ရုံ သာမက ရောင်ရမ်းမှုကို လျှော့ချနိုင်သည့် အပြင် ကြွက်များတွင်
စွမ်းအားများ ပိုမို ဖြစ်ပေါ်စေ သည်ကို တွေ့ရှိခဲ့ကြသည်။
၎င်းဆေးကို
ရှာဖွေတွေ့ရှိ မှုသည် အိုမင်းရင့်ရော်မှုကို ပြောင်းလဲစေနိုင်ပြီး နုပျိုစေနိုင်သည့်
သက်စောင့်ဆေး အဖြစ် ပေါ်ထွက် လာနိုင်ဖွယ် ရှိကြောင်း သိပ္ပံပညာ ရှင်များက
ပြောကြားခဲ့သည်။
NAD အမည်ရှိ
အဆိုပါဆေး သည် ကြွက်သားများကို ရုပ်ပိုင်း ဆိုင်ရာအရ ပိုမို တောင့်တင်းစေ ခြင်း
မရှိသော်လည်း အသက် ၆ဝအရွယ်ရှိသူ တစ်ဦး၏ ကြွက်သား များသည် အသက် ၂ဝအရွယ်ရှိ လူငယ်
တစ်ဦး၏ ကြွက်သားများ အဖြစ် ပြောင်းလဲနုပျို သွားစေနိုင် ကြောင်း ဒေးဗစ်ဖင်ချာ၏ The
Curious Case of Benjamin Button ဇာတ်ကားတွင် အံ့သြ ဖွယ်ရာ ပဉ္စလက်ပြကွက် အနေဖြင့်
ကြွက်များတွင် စမ်းသပ် ပြခဲ့ သည်။
NAD ဆေးသည်
ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များကို သဘာဝအတိုင်း ပြန်လည် နုပျိုစေ သည့် ဆေး
ဝါးကောင်းတစ်ခုဖြစ်ကြောင်း Cellဂျာနယ်တွင် ဖော်ပြထားသည်။
အိုမင်း
ရင့်ရော်မှုနှင့် စပ်လျဉ်း၍ နှစ်ပေါင်း ၂ဝကြာ စူးစမ်းလေ့လာ ခဲ့သော်လည်း ယခုကဲ့သို့
ပြောင်းလဲနိုင် မည့် ဆေးဝါးကို တွေ့ရှိနိုင်မည်ဟု တစ်ကြိမ်တစ် ခါမျှ
မစဉ်းစားဖူးကြောင်း၊ ၎င်းဆေးကို ရှာဖွေတွေ့ရှိခဲ့ခြင်း သည် အလွန်ထူးခြားသည့် ဖြစ်ရပ်
တစ်ခု ပင် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဟားဗက် ဆေး တက္ကသိုလ် မှ လေ့လာရေး
အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေးဗစ် ဆင်ကလာက ပြောကြား ခဲ့သည်ဟု သိရသည်။
မူရင်း==>>http://www.kayantimes.com/2013/12/blog-post_29.html


