Friday, December 27, 2013

အစိုးရက အများပြည်သူသို့ ရွှေများထုတ်ရောင်း

,
နိုင်ငံတော်အစိုးရမှ ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ ရွှေများထုတ်ရောင်းနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးလျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

    ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်ရေးနှင့်အသုံးပြုသူများ အရည်အသွေးမြင့်ရွှေသုံးနိုင်ရန်အတွက်  ရည်ရွယ်ရောင်းချခြင်းဖြစ်ကြာင်းသိရသည်။ ရန်ကုန်နှင့် နေပြည်တော်ကျောက်မျက်ရတနာပြခန်းတွင် ရောင်းချပေးလျက်ရှိပြီး မန္တလေး၌ အစိုးရဘဏ်တစ်ခုနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့တွင် ရောင်းချပေးနေကြောင်း သက်ဆိုင်ရာဌာနများမှသိရှိရသည်။
    ရောင်းချမှုပုံစံမှာ သာမန်ပြည်သူများအပြင် ရွှေလုပ်ငန်းရှင် များကိုပါ ရောင်းချပေးပြီး ရောင်းချမှုပမာဏကန့်သတ်ထားခြင်း မရှိဘဲ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ဖြစ်၍ စာရင်းပေးဝယ် ယူနိုင်သည်ဟုသိရသည်။
    “ကမ္ဘာ့ရွှေပေါက်ဈေးကိုမှီပြီးရောင်းချပေးတာပါ။ ပြင်ပရွှေဈေးနဲ့တော့ သိပ်မကွာဘူး။ အနည်းဆုံးကျပ်ထောင် ဂဏန်းလောက်ပါ့။ ရောင်းကာစတော့ အပြင်နဲ့ထောင်ဂဏန်းလောက်ကွာတော့ ရွှေဆိုင်တွေ သွားဝယ်ကြတယ်။ ၀ယ်ဖို့ စာရင်းပေးပြီးရင် နေ့လယ် ၁၂ နာရီမှာ ရွှေတစ်ကျပ်သား ဘယ်ဈေးဆိုပြီးစာရင်း ဖွင့်ပြီးတော့ စာရင်းပေးထားသူတွေကို အကန့်အသတ်မထားဘဲ ရောင်းချပေးတာ” ဟု လသာရွှေဆိုင်တန်းမှ ပိုင်ရှင်တစ်ဦးကပြောသည်။
    ၂၀၁၁တွင် အကျဖြင့် ၀င်လာသော ပြည်တွင်းရွှေဈေးမှာ တရိပ်ရိပ်ကျဆင်းလာနေချိန်တွင် ယခုကဲ့သို့ အစိုးရက ရွှေများထုတ်ရောင်းသည့်အတွက် ဈေးကွက်သို့ သက်ရောက်မှုရှိနိုင်ကြောင်းလုပ်ငန်းရှင်တို့က ခန့်မှန်းကြသည်။
    “အရည်အသွေးကတော့ ကောင်းပါတယ်။ ကမ္ဘာ့ရွှေပေါက် ဈေးကိုမှီပြီး ဈေးဖွင့်ရောင်းတာ။ ဘယ်သူမဆို မှတ်ပုံတင်နဲ့ငွေပါ ရင် လွတ်လွတ်လပ်လပ် ၀ယ်လို့ရပါတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ဦးကျော်ဝင်းက 7 Day News သို့ပြောကြားသည်။ 
7 Day News

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အစိုးရက အများပြည်သူသို့ ရွှေများထုတ်ရောင်း ”

Post a Comment

Related Posts Plugin for WordPress, Blogger...