ဒီလိုမဖြစ်မီ လပိုင်းက လျှို့ဝှက်သည်းဖို
ဆန်သည့် ထိုဧည့်သည်က သူတို့ တက္ကသိုလ်ကျောင်း၏ ကွန်ရက်ကို အသုံးချပြီး
သုတေသန ဆောင်းပါး ပုဒ် ရေသန်းပေါင်း များစွာကို မိတ္တူ ကူးယူ သွားသည်။
ထိုသုတေသန ဆောင်းပါး များကို ပိုင်ဆိုင်သူက Jstorအဖွဲ့ဖြစ် သည်။
ထိုဧည့်သည်က ဥာဏ်ပြေးလှသည်။ MIT ၏
လုံခြုံရေး စနစ်က ပိတ်ဆို့မှုတွေကို ရှောင်ကွင်းနိုင်ဖို့ အမျိုးမျိုး
ကိုယ်ရောင်ဖျောက်နိုင်သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ MIT က ကျူးကျော်
ဝင်ရောက်မှုအား အပြတ်ရှင်း လိုက်နိုင်သည် ထင်သည်။ ဒါပေမယ့် MIT ခမျာ
မသက်သာသေးပေ။ MIT က ဒေါသူပုန်ထနေ ကြသည့် Jstor အဖွဲ့မှ အရာရှိများကို
သီတင်းပတ်ပေါင်းများစွာ တော်တော် နားချဖျောင်းဖျလိုက်ရသည်။
သို့သော်လည်း ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီ ၃
ရက်တွင် ကျူးကျော်သူ နောက်တစ်ကြိမ် လာပြန်ပြီဟု သတင်း ရပြန် သည်။
ဒီတစ်ကြိမ်မှာ စာရွက်စာတမ်း များကို ဖြည်းဖြည်း ချင်း မျှင်း၍ ဒေါင်းလုတ်
ဆွဲနေသည်။ ဒါက ဝင် ရောက်နည်း သစ်တစ်ခုပေါ့။ ထို့ ကြောင့် တက္ကသိုလ်၏
လုံခြုံရေး ပညာရှင်များကို ချက်ချင်းကြီး သတိမထား စေဘဲ ယာယီ အားဖြင့်
မျက်စိလှည့် ထားနိုင်သည်။
“MIT net အထဲကို ဝင်လာတဲ့သူက
သုံးနေကျနည်းတွေနဲ့ ဆိုရင် ကွိခနဲ သွားမှာစိုးလို့ သမားရိုးကျနည်းတွေ
တစ်ခုမှမသုံးဘူး” ဟု MIT အထက်တန်း လုံခြုံရေး ပညာရှင် တစ်ဦးက ပြောသည်။
MITnet ဆိုသည်မှာ တက္ကသိုလ် ကျောင်း ၏ ကွန်ပျူတာ ကွန်ရက် ဖြစ်သည်။
ထိုအချိန်တုန်း ကတော့ ကွန်ပျူတာ
ကွန်ရက်ထဲသို့ ဝင်ရောက်လာသူသည် အရွန်ဆွတ်ဇ်မှန်း တက္ကသိုလ် အရာရှိများက
မသိကြသေးပေ။ မစ္စတာဆွတ်ဇ်က နည်းပညာ လောကတွင် အလျှံညီးညီး ထွန်းပေါက်နေသူ
မီးရှူးတန်ဆောင် တစ်ဦး။ သတင်း လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်နေသူ။
တစ်နေ့တွင် ဟားဗတ်တက္ကသိုလ် ၌ ပညာရှင် အဖွဲ့ဝင်ဖြစ်လာမည့်သူဟူ ၍ပင်
ပြော၍ရသည်။
မည်သို့ဖြစ်စေ၊ မစ္စတာဆွတ်ဇ်၏
လုပ်ကိုင်ပုံကြောင့် MIT မှာ စဉ်းစားရခက်ရ၏။ ကွန်ရက်တွင်ရှိနေသည့် အားနည်း
ချက် တွေကိုပဲ လိုက်ပိတ်ရမလား။ (ထိုအချိန်က ဘယ်သူမှန်း မသိသေးသည့်)
ဟက်ကာကိုပဲ ဖမ်းဆီး နိုင်အောင်ကြိုးစား ရမလား။ ဝေခွဲမရ ဖြစ်နေသည်။
ဟန့်တားရမည့် လုံခြုံရေး ခြိမ်းခြောက်မှု
တစ်ခုအနေဖြင့် စဉ်းစားရမှာထက် ဒေါင်းလုတ်ဆွဲသည့်ကိစ္စကို အမှု လုပ်မည်
တကဲကဲဖြစ်နေသည်။ ထို့ကြောင့် ၂ ရက်တာ ကြာမြင့်ခဲ့သည့် ကြောင်နှင့် ကြွက်
စိန်ပြေးတမ်း ကစားသည့် ပွဲက ကွန်ပျူတာနှင့် ကြေးနန်း ဆက်သွယ်မှုဆိုင်ရာ
စွဲဆိုချက်များ အဖြစ် ရောက်ရှိသွားသည်။ မစ္စတာ ဆွတ်ဇ် (သေဆုံးစဉ် ၂၆ နှစ်)က
နှစ်ရှည် ထောင်ဒဏ် ကျခံရဖွယ် ရှိနေပြီး သူ၏အမှုက ၂ဝ၁၁ ခုနှစ်၊ ဧပြီလတွင်
စတင်စစ်ဆေးခံရသည့် အခြေအနေသို့ ရောက်ရှိ သွားတော့သည်။ (သို့သော်
မစ္စတာဆွတ်ဇ်က ဇန်နဝါရီ ၁၁ ရက်က သူ၏ ဘရွက်ခ်လင် တိုက်ခန်းတွင်
ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားသည့်ပုံစံဖြင့် သေဆုံးနေ သည်။)
မစ္စတာဆွတ်ဇ် တရားစွဲခံရသော အမှုကြောင့် MIT
မှာ တော်တော် အပြောအဆိုခံလိုက်ရသည်။ လွတ်လပ်သော ပရိုဂရမ် ရေးဆွဲမှု ဓလေ့
ထွန်းကား ပေါက်ဖွားရာ နယ်မြေဟု တဖွဖွကြွေးကြော်နေသည့် MIT က ဘယ်လိုလဲ။
လွတ်လပ် ပွင့်လင်းလှပါသည် ဆိုသည့် ကွန်ပျူတာ ကွန်ရက် ကြီးအတွက်
ဂုဏ်ယူမဆုံးဖြစ်နေ သည့် တက္ကသိုလ် ကြီးတစ်ခုက ဘယ်လိုလုပ်လိုက်တာလဲဆိုတာတွေ
ဖြစ်ကုန်သည်။ မစ္စတာဆွတ်ဇ်၏ ပရိသတ်က MIT ကို ဝေဖန်ကြ သည်။
MIT ကို ထောက်ခံကြသူတွေကမူ
သူများကွန်ရက်အတွင်းသို့ ကျူးကျော် ဝင်ရောက်မှုသည် ကြီးလေးစွာ အရေးယူ
ပြစ်ဒဏ်ပေးထိုက်သည့် ကွန်ပျူတာရာဇဝတ်မှုဟု ယူဆကြသည်။
ထိုအမှုကို စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်းက
သူတို့၏ အရေးယူ ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး MIT က ဘာကိုမှ
အတည်ပြုခြင်းမရှိပေ။ ဘာကိုမေးမေး မေးမရခဲ့ပေ။
ယခုတော့ ကြေကွဲစရာဖြစ်ရပြီ။
ပြီးခဲ့သည့် သီတင်းပတ် (၂ဝ၁၃ ခုနှစ်၊
ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်)က တက္ကသိုလ်ဥက္ကဋ္ဌက “ကြေကွဲစရာ ဖြစ်ရပ်နဲ့ အဆုံးသတ်
သွားတဲ့ဖြစ်စဉ်တစ်ခုမှာ MIT တာဝန် မကင်းဖြစ်နေတာ စိတ်မကောင်းပါဘူး” ဟု
ပြောသည်။
၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၊ မနက် ၈ နာရီ
၈ မိနစ်မှာ လုံခြုံရေး ပညာရှင်တစ်ဦးက ကျူးကျော်ဝင်ရောက်ရာ တွင်
အသုံးပြုသည့် နည်းကို အမိအရ တွေ့ရှိသွားသည်။ “အဆောင် ၁၆”
မြေအောက်ခန်းတွင်ရှိသည့် ကွန်ရက် ခန်းကလေး၌ ဝိုင်ယာဆက်သွယ် မှုတစ်ခုကို
တွေ့ရှိသည်။ အဆောင် ၁၆ ဆိုတာက စာသင်ခန်းတွေ၊ လက်တွေ့ စမ်းသပ်ခန်းတွေ
ဗရပွရှိနေသည့် သာမန်လေးထောင့်ပုံ အဆောက်အဦ တစ်ခုဖြစ်သည်။ တက္ကသိုလ် ပရိဝုဏ်
အတွင်းရှိ အခြား အဆောက်အဦများကဲ့သို့ပင် အဆောင် ၁၆ ကလည်း သော့ခတ်
ပိတ်ထားခြင်းမရှိ။
ကွန်ရက်ခန်း ကလေးထဲတွင် နက်ဘွတ်ခ်
(သို့မဟုတ်) အသေးစား ကွန်ပျူတာကလေး တစ်လုံးအား သေတ္တာပုံး တစ်ခုအောက်တွင်
ဝှက်ထားတာ တွေ့ရသည်။ ထိုနက်ဘွတ်ခ်က စာရွက်စာတမ်းများကို ဒေါင်း လုတ်ဆွဲနေ
သည့် external hard drive တစ်ခုနှင့် ချိတ်ဆက်ထားသည်။
နံနက် ၉ နာရီ ၄၄ မိနစ်တွင် MIT ရဲများကို
အကြောင်းကြားသည်။ ၁ဝ နာရီခွဲတွင် Cambridge ရဲများ ထိုနေရာ သို့
ထွက်လာနေပြီ။ ၁၁ နာရီ တိတိတွင် စုံထောက်တစ်ယောက်နှင့် ကွန်ပျူတာ
ရာဇဝတ်မှုပညာရှင်တစ် ယောက် တို့ ကွန်ရက်ခန်းကလေးတွင် ရောက်ရှိနေကြပြီ။
ထိုစုံထောက်၏ အကြံပေးချက်အရ အခန်းကလေး အတွင်းမှာ ကင်မရာတစ်လုံး
တပ်ဆင်လိုက်ကြသည်။ လက်ပ်တော့ တစ်လုံးကိုလည်း ကွန်ရက်အဝင်အထွက် အခြေအနေ
သိရအောင် ကွန်ရက် ခလုတ်တွင် တပ်ဆင်ထားလိုက်သည်။
တက္ကသိုလ်က ယခုလို ဆောင်ရွက်
လိုက်တာတွေအတွက် တက္ကသိုလ် ဘက်မှာတော့ သူ့အကြောင်းနှင့် သူရှိ မှာပင်။
ထိုနက်ခ်ဘွတ်ခ်ထဲတွင် တရုတ်ပြည်နှင့် ပတ်သက်နေသည့် ဆောင်ရွက်ချက်
အချို့ကိုလည်း တွေ့ ရသည်။
မည်သို့ဖြစ်စေ၊ တက္ကသိုလ် အရာရှိတွေအတွက်
ရတက်မအေးစရာတွေ ရှိနေသည်။ သူတို့ဖြေရှင်းလိုက်နိုင်ပြီ ဟု ယူဆနေကြသည့်
ပြဿနာတစ်ခု အတွက် ဖိစီးမှုတွေဖြစ်နေကြကြောင်း၊ သူတို့ (တက္ကသိုလ် အရာရှိတွေ)
အချင်းချင်း ပို့ကြသည့် အီးမေးလ်တွေထဲမှာ ပါနေသည်။ စာကြည့်တိုက် တာဝန်ခံ
ဒါရိုက်တာထံမှ Jstor အဖွဲ့၏ အပြစ်တင်စာများ လက်ခံရယူရသည့် အရာရှိထံပို့သည့်
အီးမေးလ်ထဲတွင် “ကျွန်တော်တို့ ဒီလိုရဲတွေကို ခေါ် လိုက်ရတဲ့ ကိစ္စမျိုး
အရင်က ရှိဖူးလို့ လား။ ဟက်ကာ လုပ်ကိုင်ပုံတွေက
သပ်သပ်ရပ်ရပ်ရှိလွန်းတဲ့အတွက် ရာဇဝတ်မှုလို့ ပြောနေတာလည်းဖြစ် နိုင်တယ်။
အဲဒါက Jstor အဖွဲ့က စွပ်စွဲနေတာတွေပါဗျာ”ဟု ရေးထား သည်။ မစ္စတာဆွတ်ဇ် ဘက်မှ
ခုခံပြောဆိုသူတွေ ကတော့ ဝရမ်းမရှိဘဲ အထောက်အထားများ စုဆောင်းခြင်း၊
အစိုးရထံ ပေးပို့ခြင်းတို့သည် ဥပဒေများကို ချိုးဖောက်တာပဲဟု ပြောကြ သည်။
“အဲဒါက တကယ် အရေးကြီးတယ်လို့ ပြောရမယ့်
အချိန်လေ” ဟု မစ္စတာဆွတ်ဇ်၏ ရှေ့နေက ပြော သည်။ အဲဒီ အချိန်မှာ သူတို့တကယ်
လုပ်သင့်တာက အဲဒီနေရာမှာတွေ့တဲ့ ကွန်ပျူတာကိုပိတ်ပြီး ရဲဆီက ဝရမ်း
တောင်းယူရမှာပါ” ဟု သူကပြောသည်။
နက်ဘွတ်ခ်ထဲမှာ အထောက်အထားများကို အမှုမှ
ဖယ်ရှားပေးဖို့ မစ္စတာဆွတ်ဇ်၏ ရှေ့နေက တရားသူကြီး ထံ တောင်းခံသည်။
တရားမဝင်ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းတို့ သည် ဥပဒေကို
ချိုးဖောက်ခြင်းဖြစ် နေသောကြောင့် ပင်။ (မစ္စတာ ဆွတ်ဇ် ကွယ်လွန်ပြီးနောက်
အမှုစွဲဆိုချက် အားလုံးကို ပလပ်ပေးလိုက် သည်။)
ကင်မရာ တပ်ဆင် လိုက်သောနေ့မှာပင်
မစ္စတာဆွတ်ဇ်ကို ကင်မရာတွင် တွေ့ရှိရသည်။ “ညနေ ၃ နာရီ ၂၆ မိနစ်တွင်
ကျူးလွန်သူ ဖြစ်ပုံရသူသည် ကွန်ရက်အခန်းကလေးအတွင်း သို့ ဝင်လာသည်ကို
ကင်မရာတွင် ပေါ်လာ သည်။ ယနေ့ နံနက်က ဒီမှာ ဖြစ်ပျက်သွားသမျှ ကိစ္စအားလုံးကို
သူက သိပုံမရပါ” ဟု သူတို့၏ အမှု စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွင် ဖော်
ပြထားသည်။
သို့သော် ရဲများမရောက်မီ မစ္စတာ ဆွတ်ဇ်က
ပြန်ထွက်သွားသည်။ “ပြန်အထွက်တွင် မီးတွေကို ပိတ်သွား သည်။ ထို့ကြောင့်
ကင်မရာက ရိုက်ကူးဖို့ အဆင်မပြေတော့ပါ” ဟု မှတ်တမ်းတွင် ရေးထားသည်။ ထို့
ကြောင့် ဝန်ထမ်း တစ်ယောက် က မြန်မြန် ပြန်ဖွင့် လိုက်ရသည်။
မစ္စတာဆွတ်ဇ်က MIT ပရိဝုဏ် အတွင်းတွင်
ကျွမ်းကျင်စွာ သွားလာနိုင်သည့် ပညာရှင်တစ်ဦးအနေဖြင့် ဒီမှာ ဟောပြောဖူးသည်။
သူငယ်ချင်း တွေလည်း အများကြီးရှိသည်။ သူ၏ ဖခင်ကိုယ်တိုင်က MIT ၏ မီဒီယာ
ဌာနမှာ အတိုင်ပင်ခံတစ်ဦးအဖြစ် လုပ်ကိုင်နေဆဲဖြစ်သည်။
နောက်နှစ်ရက်အကြာမှာ မစ္စတာ ဆွတ်ဇ်က
နောက်တစ်ခေါက် လာပြန်သည်။ “စက်ဘီးစီးဦးထုပ်ဖြင့် မျက် နှာကို ကာထားသည်။
လမ်းကြောင်းမှာ ဗီဒီယိုကင်မရာများရှိနေမလားဆို သည့်
ပုံစံမျိုးနှင့်ဖြစ်သည်”ဟု မှတ် တမ်းတွင် ဖော်ပြ ထားသည်။ “အထဲကို
ရောက်ပြီးနောက် တံခါးကို ချက်ချင်း ပိတ်လိုက်ပြီး နက်ဘွတ်ခ်၊ ဟတ်
ဒရိုက်နှင့် နက်ဝပ်ခ်ကြိုး ကို ဖြုတ်ပြီး ကျောပိုးအိတ် ထဲသို့ထည့်သည်”ဟု
မှတ်တမ်းတွင်ပါသည်။ သူက နှစ်မိနစ် အတွင်း ပြန်ထွက် သွားသဖြင့် ရဲအဖမ်း
မခံရဘဲ လွတ်သွားသည်။
ညနေ ၂ နာရီခန့်မှာ MIT မှ
တစ်မိုင်ပင်မဝေးသည့်နေရာ မက်ဆက်ချူးဆက် ရိပ်သာလမ်းပေါ်မှာ မစ္စတာ ဆွတ်ဇ်ကို
တွေ့ရသည်။ MIT ရဲအရာရှိတစ်ဦးက စစ်ဆေးတော့ မစ္စတာ ဆွတ်ဇ်က
စက်ဘီးပေါ်မှဆင်းပြီး ထွက်ပြေးတော့သည်။ (ထိုစဉ်မှာ MIT ရဲအဖွဲ့တာဝန်ခံနှင့်
ကင်မရာ တပ်ဆင်ဖို့အကြံပေးခဲ့သည့် စုံထောက် တို့က ဖမ်းလိုက်ကြသည်။)
ယခုတော့ မစ္စတာဆွတ်ဇ် ကိစ္စမှာ MIT ၏
ဆောင်ရွက်ပုံတွေကို တော်တော်ဝေဖန်ကြသည်။ ထို့ကြောင့် MIT အတွက်
မျက်နှာပျက်စရာတွေ ဖြစ်ရသည်။ မစ္စတာဆွတ်ဇ်၏ ဖခင်ကလည်း MIT အဓိပတိ(ပါမောက္ခ
ချုပ်) ကြီးကို “ခင်ဗျားတို့က ကျွန်တော့်သားကို ဘာကြောင့် သေတွင်း
ပို့လိုက်ရတာလဲ”ဟု မေးသည်။ အဓိပတိကြီးက “ကျွန်တော်တို့ ခင်ဗျားသား ကို
သေတွင်း မပို့ရပါဘူးဗျာ” ဟု ပြောသည်။
credit to==>>myanmarij
Ref: How MIT Ensnared a Hacker, Bucking a Freewheeling Culture by NOAM COHEN

