Tuesday, December 31, 2013

နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသူအားလုံးလွှတ်ပေး

,
၂၀၁၃ ခုနှစ် နှစ်မကုန်ခင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေးအကျဉ်းသား အားလုံးတစ်ယောက်မကျန်ပြန် လွှတ်ပေးမည်ဟုပြောဆိုထားသည့် သမ်္မတဦးသိန်းစိန်၏ ကတိစကား အတိုင်း နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ခံနေရသူများအပြင် ကြား နာစစ်ဆေးဆဲချုပ်နှောင်ခံထားရ သူများကိုပါ သမ္မတ၏လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အမှတ် ၅၁/ ၂၀၁၃ဖြင့် ဒီဇင်ဘာ ၃၁ ရက်နေ့ ကပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယင်းလွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ ဒီဇင်ဘာ ၃၁ ရက်မ တိုင်မီတရားစွဲဆိုအရေးယူထားသည့် မတရားအသင်းအက်ဥပဒေပါပြစ် မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာပြစ်မှု များ၊ အရေးပေါ်စီမံမှုအက်ဥပဒေ ပါပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံ ထားရသူများ၊ ကြားနာစစ်ဆေးဆဲ အမှုများကိုပါပိတ်သိမ်းပြီး ချွင်းချက် မရှိလွတ်မြောက်စေခြင်းဖြစ်၍ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ကျူးလွန်သောပြစ်မှုများဖြင့် သက် ဆိုင်ခြင်းမရှိစေရဟုဖော်ပြထား သည်။ ယခုကဲ့သို့လွှတ်ပေးလိုက် ခြင်းကိုအမျိုးသားပြန်လည်သင့် မြတ်ရေးအတွက်အပြုသဘော ဆောင်သောလုပ်ရပ်တစ်ခုအဖြစ် ကြိုဆိုထောက်ခံကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ AAPP မှ ကိုသန်းမြင့်အောင်က ပြောကြားသည်။
““နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီရဲ့ ကြိုးပမ်းမှုနိုင်ငံ တော်သမ္မတရဲ့ ကတိတည်မှု ကြောင့် နိုင်ငံအတွက်အလုပ်လုပ် တဲ့သူတွေပြန်လည်လွတ်မြောက် ခြင်းလို့မြင်ပါတယ်။ သမ္မတထုတ် ပြန်တဲ့အမိန့်မှာပြောစရာလေး တစ်ခုတော့ရှိနေပါတယ်။ အခုလို လွတ်ငြိမ်းခွင့်ပေးတာဟာ ၃၁ ရက် နောက်ပိုင်းမသက်ဆိုင်စေရဆို တော့ နိုင်ငံရေးဆိုင်ရာပုဒ်မများ ပုဒ်မ ၁၈ အပါအ၀င်ဒီမိုကရက် တစ်အင်အားစုတွေကဖျက်သိမ်း ပေးဖို့တောင်းဆိုနေတဲ့ ပုဒ်မများ မဖျက်သိမ်းပေးပဲနဲ့တာဝန်မယူဘူး ဆိုတာကတော့ နိုင်ငံရေးသမား တွေကို နိုင်ငံရေးဆက်မလုပ်ရ ဆိုတဲ့ ပုံမျိုးခြိမ်းခြောက်ရာကျပါ တယ်””ဟု ၎င်းကဆိုသည်။
ယခုပုဒ်မများဖြင့် လွှတ်ပေး မှုအရ ဒေါ်နော်အုန်းလှ၊ ကိုရဲမင်း ဦး၊ ကိုထင်ကျော်၊ ကိုတင်ထွဋ်ပိုင်၊ ကိုနေမျိုးဇင် တို့ပါဝင်ကြောင်း သိရသည်။        
  ဇော်မြင့်(hotnewsweekly)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသူအားလုံးလွှတ်ပေး”

Post a Comment

Related Posts Plugin for WordPress, Blogger...