ယခင်ကလည်းပဋိပက္ခဖြစ် အောင်ပြုလုပ်သည့်ပုဂိ္ဂုလ်၊ အဖွဲ့ အစည်းများရှိခဲ့ပြီး၊ ယခုထိလည်း ရှိနေသေးသဖြင့် ပဋိပက္ခများဖြစ် နေရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပဋိပက္ခဖြစ်နေခြင်းမှာ တရား ဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်လည်း ဖြစ်ပြီး၊ မည်သူကကျူးလွန်သည် ဖြစ်စေ တရားဥပဒေအရတိတိ ကျကျအရေးယူပါက ထိုကဲ့သို့ ဖြစ်ပွားမည်မဟုတ်ကြောင်း ဆရာတော်ကဆက်လက်မိန့်ကြား ခဲ့သည်။
““လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတစ်ဘာသာနဲ့တစ်ဘာသာ မတူတိုင်း ရန်သူမဟုတ်ဘူး။ လုပ် နေတဲ့သူတွေရှိလို့သာ ရန်သူဖြစ် နေတာ။ ဒီကိစ္စတွေကအခုမှဖြစ် တာမဟုတ်ဘူး။ ခေတ်အဆက် ဆက်ကတည်းက အလွဲသုံးစား အမြတ်ထုတ်ခံနေရတာ။ ဒီမိုက ရေစီနိုင်ငံကိုတည်ဆောက်မယ်လို့ ကြွေးကြော်တော့ပွင့်လင်းလာတယ်။ အဲဒီတော့ ဖိနှိပ်မှုအားနည်းလာ တယ်။ အစွဲကြီးတဲ့ပုဂိ္ဂုလ်တွေ အသိဉာဏ်အားနည်းတဲ့ပုဂိ္ဂုလ်တွေ ကြောင့် အမြတ်ထုတ်ခံနေရတာ””ဟု ဆရာတော်ကမိန့်ဆိုခဲ့သည်။
ဘာသာရေးပဋိပက္ခဖြစ်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအားလုံးပျက်ပြားနိုင် ကြောင်း၊ အသုံးချခံရသည်မှာလည်း အသိပညာမွဲတေခေါင်းပါးသဖြင့် အသုံးချခံနေရခြင်းဖြစ်သည့်အတွက်၊ အသိဉာဏ်ပညာစာရိတ္တမွဲတေ ခေါင်းပါးမှုကိုတိုက်ထုတ်ရမည် ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ် မှ ကထိကဆရာတော်အရှင်တိက္ခ သာရက မိန့်ကြားခဲ့သည်။
““အသုံးချခံရတယ်ဆိုတာ အသုံးချခံနေကြလို့ လူအများစုက အသိပညာမွဲတေခေါင်းပါးတယ်။ အဲဒါကြောင့် စာရိတ္တခေါင်းပါး လာတယ်။ အသိဉဏ်ပညာမွဲတေ ခေါင်းပါးမှုကိုတိုက်ထုတ်ရမယ်။ အသိဉာဏ်မြင့်တက်လာတာနဲ့ အမျှအသုံးချမခံရတော့ဘူး။ အမှားအမှန်ခွဲခြားတတ်လာတယ်””ဟု ဆရာတော်ကမိန့်ဆိုခဲ့သည်။
နောင်နောင်( hotnews )


