Saturday, January 4, 2014

အပေါ်ကနေချမပြနဲ့ ပြည်သူကိုတင်ပြတယ်လို့သုံးပါ

,
လက်ရှိပညာရေးဝန်ကြီးဌာန မှ ရေးဆွဲသည့် ဥပဒေမူကြမ်းသည်  ၁၉၇၃ ခုနှစ်တက္ကသိုလ်ဥပဒေကို ပြန်လည်အသက်သွင်းထားသော သဘောသက်ရောက်သောကြောင့် ဆရာ၊ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများ၏သဘောတူညီ မှုမရယူဘဲဆက်လက်ရေးဆွဲမည် ဆိုပါကဆန္ဒထုတ်ဖော်သည့်အဆင့် ထိဖြစ်လာနိုင်ကြောင်းတက္ကသိုလ် ဆရာ/ဆရာမများအသင်း(ဒဂုံ) မှ အတွင်းရေးမှူးဦးဇော်မျိုးလှိုင်က ဆိုသည်။
““ပညာရေးဝန်ကြီးဌာနတစ်ခု တည်း ဥပဒေမူကြမ်းကိုကိုင်တွယ် လို့မရဘူး။ အားလုံးကိုဖိတ်ခေါ်ပြီး မှ ရေးဆွဲရမှာဖြစ်တယ်။ သူတို့ ရေးဆွဲထားတာတွေပြည်သူကိုချ ပြတယ်ဆိုတဲ့အသုံးအနှုန်းကိုလုံးဝ မနှစ်သက်ဘူး။လူတုစိန်ဝင်းစကား နဲ့ပြောရရင်ချပြရမှာမဟုတ်ဘူးတင် ပြရမှာဖြစ်တယ်။ချပြတယ်ဆိုတဲ့ အသုံးအနှုန်းဟာ အပေါ်ကနေ အောက်ကိုချပြတဲ့အာဏာရှင်အသုံး အနှုန်းပါ၊တင်ပြတယ်ဆိုတဲ့အသုံး အနှုန်းကပြည်သူကိုဦးထိပ်ပန်ဆင် တဲ့အသုံးအနှုန်းဖြစ်တယ်။ပညာ ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူကို တင်ပြပါ နောက်နောင်အပေါ်က နေချမပြပါနဲ့”” ဟု ၎င်းကပြော ကြားခဲ့သည်။
ဦးဇော်မျိုးလှိုင်ကပညာရေး ၀န်ကြီးခန့်အပ်မှုနှင့်ပတ်သက်၍ ““သမ္မတကြီးအနေနဲ့အခုလစ်လပ် နေတဲ့ပြည်ထောင်စုဝန်ကြီးနေရာ ကိုသတိ္တရှိရှိနှင့်တိုင်းပြည်အတွက် စေတနာမှန်ပြီးပြုပြင်ပြောင်းလဲရဲ သောဝန်ကြီးတစ်ယောက်ကိုအမြန် ဆုံးရှာဖွေခန့်ထားစေချင်ပါတယ်။ ဟိုမရောက်ဒီမရောက်နဲ့ဟိုမလုပ် ရဲဒီမလုပ်ရဲတဲ့စမ်းတ၀ါးဝါးအချိန် ကုန်နေမယ့်အစာပြတ်ပြတ်သား သား ပြည်သူ့အကျိုးကိုဆောင်ရွက် မယ့်ပညာရေးဝန်ကြီးတစ်ယောက် အမြန်ဆုံးခန့်ထားပေးစေချင်တာ ပါ။ ဒေါက်တာမြအေးကွယ်လွန် ပြီး နောက်ယခုဒေါက်တာမျိုးမြင့် ကခေတ္တ၀န်ကြီးဆိုပြီးတာဝန် ထမ်းဆောင်နေပါတယ်။ တရား ၀င်ပြန်တမ်းမထွက်ရသေးပါဘူး။ ပညာရေးပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်ရဲတဲ့တာဝန်ယူရဲတဲ့ တာဝန်ခံရဲတဲ့ဝန်ကြီးတစ်ယောက် တရားဝင်ခန့်အပ်ပေးစေချင်ပါ တယ်””ဟု ပြောသည်။
တက္ကသိုလ်ဆရာ/ဆရာမ များအသင်းမှ တက္ကသိုလ်ဥပဒေ မူကြမ်းရေးဆွဲရန်အကြံပြုလွှာ ၃၃၃၆ စောင်ကောက်ခံရရှိထား ပြီးထပ်မံ၍အကြံပြုလွှာ ၁၅၀၀ စောင်ခန့်ထပ်တိုးရရှိကြောင်း၊ ၀န် ထမ်းလောကတွင်ကြောက်သော သူ များနေသောအချိန်ဖြစ်သည့် အတွက်တစ်ယောက်တည်းထွက် ဆန္ဒပြလျင်လည်းအားလုံး၏အသံ  ဖြစ်ကြောင်း၊ အတင်းအကြပ်ရေး ဆွဲမည်ဆိုပါကဆန္ဒပြမှုများရှိလာ နိုင်ကြောင်း၊ဆန္ဒပြမည့်ဆရာ၊ဆရာ မများနှင့်ကျောင်းသူကျောင်းသား များရှိနေကြောင်း၎င်းကထပ်လောင်း  ပြောကြားခဲ့သည်။  
   အာကာဗိုလ်(hotnewsweekly)
 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အပေါ်ကနေချမပြနဲ့ ပြည်သူကိုတင်ပြတယ်လို့သုံးပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...