Monday, January 6, 2014

အာဆီယံနိုင်ငံအားလုံးနှင့် ဗီဇာကင်းလွတ်ခွင့် ၂ဝ၁၄ခုနှစ်အပြီး ဆောင်ရွက်သွားမည်

,
ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ
၂ဝ၁၄ ခုနှစ်အပြီးတွင် အာဆီယံ နိုင်ငံများအားလုံးနှင့် ဗီဇာကင်းလွတ် ခွင့်ရရေးကို မြန်မာအစိုးရဘက်က ပြုလုပ် သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးမောင်မောင်သန်းက ပြော သည်။
လက်ရှိတွင် ကမ္ဘောဒီးယား၊ လာ အို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် မြန်မာက ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ခရီး သွားလာနိုင်ရန် လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသေးေ သာ နိုင်ငံအချို့ နှင့် ၂ဝ၁၄ခုနှစ်အတွင်းလုပ်ဆောင်ရန်သာရှိတော့ကြောင်း ၄င်းက ဆိုသည်။
”ဒါက လုပ်ဆောင်ရမယ့် အလုပ် မို့ လုပ်ကြတာပါ။ အာဆီယံနိုင်ငံအပြင် အာရှနိုင်ငံ အချို့တွေနဲ့လည်း လုပ် ဆောင်သွားမှာပါ”ဟု ညွှန်ချုပ်ဦးမောင် မောင်သန်းက ဆက်ပြောသည်။
မြန်မာက အာဆီယံနိုင်ငံများထဲမှာ ဗီဇာကင်းလွတ်ခွင့်ရရန် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းစသည့်နိုင်ငံ ၅နိုင်ငံ ကျန်ရှိနေရာ ၂ဝ၁၄ အတွင်း အပြီး လက်မှတ်ရေးထိုး သွားနိုင်ရန် မြန်မာ ဘက်က မျှော်မှန်းထားသည်ဟု ၄င်းထံ မှ သိရသည်။
၂ဝ၁၃ ခုနှစ်ကုန်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအကြား ဗီဇာမလိုဘဲ သွားလာနိုင်ရန် ညှိနှိုင်းခြင်းနှင့်အတူ ဂျ ပန်နိုင်ငံနှင့်လည်း ဆွေးနွေးမှု ပြုလုပ်ခဲ့ သည်ဟု စာရင်း များအရ သိရသည်။
မြန်မာက ၂ဝ၁၄နှစ်ဆန်းပိုင်းအတွင်း လက်မှတ်ရေးထိုးပြီးသော နိုင်ငံအချို့နှင့် ဗီဇာကင်းလွတ်ခွင့်အပေါ် လက်တွေ့ အကောင်အထည်ဖော်မှုတို့ ရှိလိမ့်မည် ဟု ဦးမောင်မောင်သန်းက ထပ်လောင်း ဆိုသည်။
လွှတ်တော်ဆိုင်ရာ မှတ်တမ်းများ အရ မြန်မာက ၂ဝ၁၁ ခုနှစ် ဧပြီမှ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်း အထိ ကန်ဒေါ်လာ ၂၉  ဘီလျံကို နိုင်ငံပေါင်း ၅ဝ ကျော်အား ဗီဇာထုတ်ေ ပးခြင်းဖြင့် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာက လာအိုနှင့် ၁၄ ရက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ၂ဝဝ၆ ခုနှစ်က ပြုလုပ်ခဲ့ပြီး အာဆီယံ နိုင်ငံများအတွင်း ဗီဇာကင်းလွတ်ခွင့် ရရှိခဲ့သည့် အစောဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ဟု ထပ်မံသိရသည်။
(popularmyanmar)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အာဆီယံနိုင်ငံအားလုံးနှင့် ဗီဇာကင်းလွတ်ခွင့် ၂ဝ၁၄ခုနှစ်အပြီး ဆောင်ရွက်သွားမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...