စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရဌာနများနှင့်
ဆက်ဆံရာတွင် မလိုလားအပ်သောအဆင့်များ စွာဖြင့်
ကြိုးနီစနစ်ကြီးမားနေဆဲဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက မဇ္ဈိမသို့
ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။
ကုန်သွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းကာ မဖြစ်မနေ ထိတွေ့ဆက်ဆံနေရသော
ဌာနများဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊
အကောက်ခွန်ဌာနအပါအ၀င် အစိုးရဘဏ် များသည် အောက်ခြေအဆင့်များတွင် ကြိုး
နီစနစ် ကြီးမားနေဆဲဖြစ်ကြောင်း ယင်းတို့ ကဆိုသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက “အစိုးရဌာနတွေက အခုထိ ကြိုးနီစနစ် တွေကို မဖျောက်နိုင်သေးဘူးဖြစ်နေတယ်။ ဟိုစားပွဲသွား၊ ဒီ စားပွဲသွားနဲ့ ဆက်လက်တင်ပြပါသည်ဆို တဲ့ လက်မှတ်ကလေးတစ်ချက်ထိုးဖို့ကို အဆင့်ဆင့်လုပ်နေကြတယ်။ တစ်ခါတစ်ခါ အဲဒီ ဆက်လက် တင်ပြပါသည်ဆိုတဲ့ လက်မှတ်ကလေးထိုးဖို့ သက်ဆိုင်တဲ့လူမအားသေးလို့ ကြာနေတာမျိုးတွေလည်း ရှိနေတယ်။ အဆင့်ဆင့်တင်ပြရတယ်။ ခွင့်ပြုချက်ကိုလည်း အဆင့်ဆင့် ပြန်ပြီးချပေးတယ်” ဟုပြောသည်။
ယခု ၂၀၁၄ ခုနှစ်သည် နိုင်ငံ၏ကြီးမားသောအပြောင်းအလဲများအဖြစ် ၂၀၁၅ အာဆီယံစီးပွားရေး အသိုက်အ၀န်း လုပ်ငန်းစဉ်များ၏အကြိုနှစ်နှင့် အာဆီယံနိုင်ငံများဆိုင်ရာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာ ၀န်ယူဆောင်ရွက်ရမည့်နှစ်ဖြစ်ရာ ပြည်တွင်းလုပ်ငန်းရှင်များသည် ဒေသတွင်း နိုင်ငံများ၏ လုပ်ငန်းရှင် များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအစီအစဉ်များချမည့် အချိန်သို့ ရောက်ရှိနေသော်လည်း ကြိုးနီစနစ်များရှိနေခြင်းက ယင်းလုပ်ငန်းစဉ်များအား အဟန့်အတား ဖြစ်စေသည့် အရင်းအမြစ်များဖြစ်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။
ဦးနှင်းဦးက “ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ဆိုတာက ကြိုးနီစနစ်တွေပျောက်သွားအောင် လုပ်ဆောင်ပေးတာတွေလည်း ပါဝင်တယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့ ယှဉ် ပြိုင်လုပ်ကိုင်ရမယ့် အရေးကြီးတဲ့ ကာလတွေကို ရောက်လာပြီ။ ဒီမှာ ကြိုးနီစနစ်တို့၊ လမ်းရှင်းရတာ တို့ဆိုတာတွေက ရှိနေဆဲဆိုတော့ ဖွံ့ဖြိုးဖို့လိုအပ်တဲ့အနေအထားတွေကို အဟန့်အတားတွေဖြစ်နေ စေတယ်” ဟု ပြောသည်။
နိုင်ငံတော်သမ္မတ အပါအ၀င်၊ ၀န်ကြီးဌာနအသီးသီး၏ ပြည်ထောင်စုဝန်ကြီးများသည် အစိုးရသစ် အုပ်ချုပ်ရေးယန္တရား စတင်ပြီးနောက်ပိုင်း ကြိုးနီစနစ်များ ပပျောက်ရေး ဆောင်ရွက်ချက်များချမှတ် အကောင်အထည်ဖော်ခဲ့သော်လည်း
ယခုအချိန်အထိ ဆက်လက်ရှိနေခြင်းမှာ အောက်ခြေအထိတာဝန်ယူကာ စောင့်ကြည့်လုပ်ကိုင်မှု မရှိခြင်းများကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။စီးပွားရေးလုပ်ငန်းပညာရှင် ဦးလှမောင်က “ကြိုးနီစနစ်ကို အစိုးရကဖယ်ရှားတယ်၊ လုပ်တယ်။ ဒါပေမဲ့ အောက်ခြေမှာ ဆက်ပြီးရှိနေတယ်ဆိုတာက စီမံချက်တွေကိုပဲပြောပြီး အောက်ခြေအထိ စုံစမ်းစစ်ဆေးတာတွေမရှိလို့ပဲ။ ပါးစပ်နဲ့မှာကြားနေတာ ထက် ဌာနအလိုက် တရားဝင်အမိန့် ကြေညာစာထုတ်ပြန်ပြီး ဆောင်ရွက်မှုတွေ လုပ်ဖို့လိုနေတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန လက်အောက်မှ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ကုမ္ပဏီအမည်စာရင်း တင်သွင်းခြင်းများအား ကြိုးနီစနစ်ပယ်ဖျက်ကာ ဥညူငညန ၽြနါင်အမေအငသည(အွန်လိုင်းမှတ်ပုံတင် စနစ်) ဆောင်ရွက်ပေးနိုင်ရေးအတွက် ကုမ္ပဏီများဆိုင်ရာ အက်ဥပဒေအား ပြန်လည်ပြင်ဆင်ရန်ဆောင် ရွက်နေရကြောင်း ယင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဇင်ဘာလကုန်ပိုင်းတွင် MIC (ရန်ကုန်ရုံး)ရုံး၌ ပြောသည်။
(မဇ္ဈိမ)ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက “အစိုးရဌာနတွေက အခုထိ ကြိုးနီစနစ် တွေကို မဖျောက်နိုင်သေးဘူးဖြစ်နေတယ်။ ဟိုစားပွဲသွား၊ ဒီ စားပွဲသွားနဲ့ ဆက်လက်တင်ပြပါသည်ဆို တဲ့ လက်မှတ်ကလေးတစ်ချက်ထိုးဖို့ကို အဆင့်ဆင့်လုပ်နေကြတယ်။ တစ်ခါတစ်ခါ အဲဒီ ဆက်လက် တင်ပြပါသည်ဆိုတဲ့ လက်မှတ်ကလေးထိုးဖို့ သက်ဆိုင်တဲ့လူမအားသေးလို့ ကြာနေတာမျိုးတွေလည်း ရှိနေတယ်။ အဆင့်ဆင့်တင်ပြရတယ်။ ခွင့်ပြုချက်ကိုလည်း အဆင့်ဆင့် ပြန်ပြီးချပေးတယ်” ဟုပြောသည်။