Thursday, January 2, 2014

၂၀၀၈ ဖွဲ့စည်းပုံပြင်/မပြင်အစိုးရပိုင်းကတိကျသော ထုတ်ပြန်မှုမရှိခြင်းမှာမရိုးသားမှုတစ်ခုသဖွယ်ဖြစ်နေဟုဆို

,
၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး အတွက် တစ်ပြည်လုံးအတိုင်း အတာဖြင့် တိုင်းရင်းသားအင်အား စုများ၊ ပါတီများ၊ တက်သိပညာ ရှင်များက ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသော်လည်း ယင်းသို့ဖွဲ့စည်းပုံပြင်ဆင်ရေးသော်လည်း ကောင်း၊ ပြန်လည်အသစ်ရေးဆွဲ မည်အားလည်းကောင်း အစိုးရက တိကျသောသဘောထားထုတ်ပြန်မှု မရှိခြင်း၊ အချိန်ဆွဲနေခြင်းမှာ မရိုး သားမှုသဖွယ်ဖြစ်နေကြောင်း ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော်(DKBA) မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ် သူဗိုလ်မှူးကြီးစောဆန်းအောင်က ဆိုသည်။ ““ခုဒီ ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေးဆိုတာ လက်ရှိအနေ အထားအရတစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်နေတဲ့လှုပ်ရှားမှု တစ်ခုပဲ။ ခုအစိုးရက ထာဝရငြိမ်း ချမ်းရေးကို ရှေးရှုပြီးလုပ်နေပါ တယ်တဲ့။ ဒါဆိုရင် ဒီငြိမ်းချမ်းရေး ဆိုတာကိုတည်ဆောက်ဖို့အများကြီး အထောက်အပံ့ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ အစိုးရကသဘော ထားထုတ်ပြန်လေ။ လက်ရှိမြင်ရ သလောက်တော့ ၂၀၁၅ ဆိုတဲ့ ကာလထိရောက်အောင်တမင်များ အချိန်ဆွဲနေသလားလို့ ကျွန်တော် တို့ကထင်မိတယ်။ ငါတို့ကငြိမ်း ချမ်းရေးကိုလိုချင်ပါတယ်၊ လိုလား ပါတယ် ပြောနေရုံနဲ့မရဘူးလေ။ ဒီ ၂၀၀၈သာပြင်ဆင်လိုက်ရင် ခုလုပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင် နှုန်းလောက်အောင်မြင်တယ်။ ဒါမှမဟုတ်အောင်မြင်နိုင်ခြေရှိတယ် ဆိုတာ တိုင်းရင်းသားတွေက လက်ခံယုံကြည်ကြမယ်။ ခုဟာက အချိန်ဆွဲသလိုကြီးဖြစ်နေတော့ မရိုးသားမှုလိုဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့လည်း ဆက်လက် စောင့်ကြည့်သွားမှာပါ””ဟု ဗိုလ်မှူး ကြီးစောဆန်းအောင်ကဆိုသည်။
၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်တွင်းရှိသက်ဆိုင်ရာနယ်ပယ် အသီးသီးမှတောင်းဆိုမှုများရှိလာ ပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးကော် မရှင်ကို လွှတ်တော်နှစ်ရပ်မှတပ်မ တော်သားကိုယ်စားလှယ်များအပါ အ၀င် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်က  လာမည့်ဇန်န၀ါရီလတွင်း ကျင်းပ နိုင်ဖွယ်ရှိသောလွှတ်တော်၌ အစီ ရင်ခံစာတင်ပြသွားမည်ဟုလည်း သိရသည်။  
 ခန့်ခန့် (ဒဿနိက)
Source:hotnewsweekly 
 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၀၈ ဖွဲ့စည်းပုံပြင်/မပြင်အစိုးရပိုင်းကတိကျသော ထုတ်ပြန်မှုမရှိခြင်းမှာမရိုးသားမှုတစ်ခုသဖွယ်ဖြစ်နေဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...