၎၊ ၁၊၂၀၁၄ နေ့၊ နေ့လည်တွင် ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီးနှင့်အဖွဲ့သည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသော (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး၊
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ လွတ်လပ်းရေးနေ့သဝဏ်လွှာကိုလည်း ပေးပို့ခဲ့သည်။
ထို့အပြင် ယနေ့နံနက်ကလည်း ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီးနှင့်အဖွဲ့သည်
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြသည်။


