Sunday, January 5, 2014

ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့မှ (၁၂) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်း

,
မန္တလေး ဇန်နဝါရီ ၎
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် အာရှ အလင်းရောင် ပရိယတ္တိ စာသင်တိုက် ဝါးဘိုးရေ ကျေးရွာ၌ ယမန်နေ့က ၂ဝ၁၄ ခုနှစ် သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးကြိုဆိုပွဲကို သင့်မြတ် လိုသူများ ဘာသာပေါင်းစုံ လူငယ် ပရဟိတ အဖွဲ့မှ (၁၂)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ မန္တလေးတိုင်း ဒေသကြီး ဗဟို အမျိုးသမီး ဆေးရုံမှ ဒေါက်တာ ဝင်းမော်နှင့် ဆရာဝန်၊ သူနာပြုများက စေတနာဖြင့် လာရောက် ကြီးကြပ်ပေးပြီး မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်မှ သွေးလှူရှင် အသင်းများ ဖြစ်သည့် မြတ်သုခ၊ နှလုံးလှကြယ်စင်၊ ဆည်းဆာအလှ၊ မြို့နယ်ကြက်ခြေနီအသင်း၊ သိပ္ပံနှင့်နည်းပညာ သုတေသနဌာန၊ ဆိုက်ဘာ စီးတီး (ရတနာပုံ)၊ MCC ၊ အောင်ချမ်းသာ၊ သုံးတောင်၊ အကယ်ဒမီ ပညာ့ဗိမာန်၊ အာရှ အလင်းရောင် ဖောင်ဒေးရှင်းအဖွဲ့၊ သန္တိသုခ လူမှုရေး အသင်း ၊ ဆေးဝါးစက်ရုံ၊ ဆေးသုသေ တသန၊ သာသနာပ့ါလပရဟတိ အဖွဲ့နှင့် မန္တလေး (ရတနာမွန်) သွေးလှူ အသင်းတို့ ပါဝင်ပြီး သွေးလှူရှင်ပေါင်း ၃ဝဝ ကျော် လာရောက် လှူဒါန်းကြ သည်။
သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေး ကြိုဆုတောင်း သွေး အမျိုးအစားများ ဖြစ်သည့် A,B,AB,O သေွးအိတ် စုစုပေါင်း ၂၁၆ အိတ် လှူဒါန်း နိုင်ခဲ့ကြောင်း သိရသည်။
(မြ၀တီ)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့မှ (၁၂) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်း ”

Post a Comment

Related Posts Plugin for WordPress, Blogger...