Sunday, January 5, 2014

ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ အပြည့်အစုံဖတ်ရန် --> ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ

,
မင်းသိန်းနိုင် အောင်ကျော်ထက်
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် အုပ်စုဖွဲ့ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံများ လုယက်သည့် ကျူးလွန်သူများအနက် သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက်သစ်နယ်မြေ ရဲစခန်းက အမှုဖွင့်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှာဖွေစုံစမ်းရာ မဆောင်းနှင်းအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သူ သီဟအောင်အား သံသယတွေ့ရှိရသဖြင့် ၎င်းနှင့်ပတ်သက်၍ စုံစမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၄ ရက်တွင် သီဟအောင်၏ မရီးတော်စပ်သည့် မင်္ဂလာဒုံမြို့နယ် နေသူထံသို့ ဆွေမျိုးများဖြစ်သည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ မြင့်အောင်၊ နိုင်နိုင် (ခ) စိုးမြင့်အောင်၊ သက်ပိုင် (ခ) ကျော်ဇင်မင်း၊ သန္တာစိုးတို့သည် ၎င်း၏နေအိမ်သို့ လာရောက်တည်းခို နေထိုင်ခဲ့ကြောင်း၊ သီဟအောင်နှင့် မြင့်အောင်တို့မှာ တယ်လီဖုန်းများဖြင့် သံသယဖြစ်ဖွယ် ဆက်သွယ်မှုများ ရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားပြီးချိန်တွင်လည်း ခရီးထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ၎င်းတို့ထွက်ခွာရာ လမ်းကြောင်းများကို လိုက်လံစုံစမ်းရာ ဇန်န၀ါရီ ၁ ရက် နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာ၌ ရောက်ရှိတိမ်းရှောင်နေသော မြင့်အောင်၊ သက်ပိုင်၊ သန္တာစိုးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  

ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့်တွင် ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာနေ မ.....(၂၆)နှစ်၏ နေအိမ်သို့ အမည်မသိ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့မှာ လှိုင်သာယာအမှတ်(၂) မြို့မရဲစခန်းမှ ရဲတွေဟု ပြောဆို၍ အိမ်ပေါ်သို့ တက်လာခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါလူများထဲမှ တစ်ဦးက မ......၏ မောင်ဖြစ်သူ မောင်......နှင့် သူငယ်ချင်းဖြစ်သူကို မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုမဖွင့်လိုက ငွေကျပ်ငါးသိန်း ပေးရမည်ဟု ပြောဆိုခဲ့ပြီး မပေးရင် ဒုက္ခရောက်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မ....မှ နေအိမ်အိပ်ခန်း အတွင်းသို့ဝင်၍ ပိုက်ဆံအိတ်ယူဆောင်စဉ် ၎င်းတို့ထဲမှ အမျိုးသမီးဖြစ်သူက အိပ်ခန်းအတွင်း ၀င်လိုက်လာပြီး စစ်ဆေးရမည်ဟုဆိုကာ အိတ်ကိုကြည့်ရှုပြီး အဆိုပါအိတ်အား ယူဆောင်ကာ “ဒီပစ္စည်းတွေ ငါတို့ကိုမပေးရင် ဒုက္ခရောက်သွားမယ်။ ငါတို့ကို ဘာမှတ်လဲ။ အမှုထဲပါသွားမယ်” ဟု ပြောဆိုခြိမ်းခြောက်ကာ ၎င်းတို့အုပ်စုက အဆိုပါအိတ်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ယူဆောင်သွားသော အိတ်အတွင်း၌ ငွေကျပ် ၃၄ သိန်းကျော်နှင့် ငွေကျပ် ၃၆ သိန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။ ယင်းကြောင့် ရဲဝန်ထမ်း အယောင်ဆောင်ကာ ပစ္စည်းများ ယူဆောင်သွားသူများကို တက်သစ်ရဲကင်းစခန်းမှ (ပ) ၁၃၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၂/၁၇၀ ဖြင့် အမှုဖွင့်ပြီး သုံးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်နေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ရဲယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများ လုယက်မှုများမှာ ဗဟန်းမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်တွင်တစ်ကြိမ်၊ အောက်တိုဘာ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ်၌တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
eleven media 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ အပြည့်အစုံဖတ်ရန် --> ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ ”

Post a Comment

Related Posts Plugin for WordPress, Blogger...