ရန်ကုန်စည်ပင်၏ လုပ်ငန်းများ အတွက် လေလံခေါ်ယူမှုကို မတ်လ အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်ကို ရန်ကုန်စည် ပင်မှ တစ်နှစ်တစ်ကြိမ်လေလံ ခေါ်ယူ
ခြင်းဖြစ်ပြီး ခေါ်ယူသောနှုန်းထားများ မှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်
လျက်ရှိသည်ဟု ရန် ကုန်စည်ပင် အင် ဂျင်နီယာဌာန အဆောက်အအုံမှ
အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ယခုနှစ်လုပ်ငန်းလိုင်စင် ခေါ်ယူ မှုတွင် ရပ်နားထားသော ကားပါကင်ခ ကောက်ယူခြင်း
လုပ်ငန်းကိုလည်း လေ လံပြန်လည်ခေါ်ယူရန် ရှိကြောင်း သိရ သည်။
ယင်းအပြင် ရန်ကုန်စည်ပင် ပန်း
ဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ပန်းဥယျာဉ်ဝင်ကြေး ကောက်ခံခြင်း
လုပ်ငန်း၊ အများသုံးအိမ်သာ အသုံးပြုခ ကောက်ခံခြင်းလုပ် ငန်း၊ လမ်းတံတား
များ ဖြတ်သန်းသွားလာခ ကောက်ခံခြင်း လုပ်ငန်း၊ စော်ဘွားကြီးကုန်း၊
ဘုရင့်နောင် ဝင်းအစရှိသည့် နေရာများသို့ ယာဉ် ဝင်ခွင့် ကောက်ခံခြင်း
စသည့်လုပ်ငန်း များအတွက် ရန်ကုန်စည်ပင်မှ လုပ်ငန်း
လိုင်စင်လေလံခေါ်ယူသွားမည် ဖြစ် သည်။
”လေလံကတော့ လုပ်နေကျ သူ ရတာ များတယ်။ လုပ်နေကျသူသာ လေလံ တောင်းတဲ့ဈေးကို
ပေးနိုင်၊ မပေးနိုင် ချိန်လို့ရတာ။ ဒီတိုင်း အစိမ်း သက်သက်ကျတော့
ချိန်ဆဖို့ ခက်တယ်။ ဒီတော့ဆက်တိုက် ရတာများပါတယ်” ဟု အထက်ပါစည်ပင်အရာရှိက
ပြော သည်။
ရန်ကုန်စည်ပင်မှ နှစ်စဉ် လုပ်ငန်း လိုင်စင်လေလံအပြင်ပစ္စည်း လေလံ ပစ်
မှုများလည်း ရှိသည်။ ပစ္စည်းလေလံကိုမူ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပစ်တတ်ပြီး
စည်ပင်သာ ယာမှ အသုံးမပြုတော့သည့် ပစ္စည်းများ ဥပမာ ရေပိုက်၊ တရားဝင်
လိုင်စင်မရှိ၍ ဖမ်းဆီးမိသော ဆိုက် ကား၊ ကတ္တရာပုံးခွံအစရှိသည့် ပစ္စည်း
များပါဝင်ကြောင်း သိရသည်။
ဝေမာထွန်း
(popularmyanmar)


