လက်ရှိဖြစ်ပေါ်နေသောရှုပ်ထွေးသည့်နိုင်ငံရေးအခြေအနေကိုလျစ်လျူရှုပြီး ကိုလိုနီခေတ်မှ စည်း
မျဉ်းများအားဆက်လက်သုံးစွဲကာ ပြုလုပ်မည့်၂၀၁၄သန်းခေါင်စာရင်းကောက်ယူမှုမှာ မြန်မာနိုင်ငံ
၏ တိုင်းရင်းသားများကြားတွင် တင်းမာမှုများပိုမိုဖြစ်ပေါ်လာစေဖွယ်ရာရှိကြောင်း ၀ါရှင်တန်
အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ထုတ်ပြန်သည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးစနစ်သစ်တစ်ခု ဖော်ဆောင်မည့်
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်မည့်မျှော်လင့်ချက်များရှိလာသော်လည်း နိုင်ငံရေးလွတ်လပ်
ခွင့်နှင့် တိုင်းရင်းသားလူမျိုးရေးအခွင့်အရေးနဲ့ပတ်သက်၍ အလွန်တရာစိတ်ပူစရာကောင်းသည့်
တင်းမာမှုများရှိနေဆဲဖြစ် ကြောင်း Transnational Institute ၏ ဖေဖော်ဝါရီလ ၂၄ ရက်နေ့
ကထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
"အရာရှိတွေကနေထိန်းချုပ်ထားပြီး အာမမခံနိုင်တဲ့မေးခွန်းတွေနဲ့ ၂၀၁၄ သန်းခေါင်စာရင်းရဲ့
နည်းလမ်းနှင့် ကောက်ယူတဲ့အချိန်ကာလဟာ လူနည်းစု လူမျိုးတွေရဲ့နိုင်ငံရေးအခြေအနေကို
လျှော့နည်းစေမယ်ဆိုပြီး ကြောက်ရွံ့နေကြတယ်"ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နှစ်ပေါင်း၃၀ကြာပြီးနောက် ပထမဆုံးပြုလုပ်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ
မှုအား မတ်လ ၃၀မှ ဧပြီလ ၁၀ရက်နေ့အထိ ၁၀ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုပုံစံ တွင်တိုင်းရင်းသားများအား ကိုယ်စားပြုသော
ဂဏန်းသင်္ကေတများမှာ တိုင်းရင်းသားများအကြား နားလည်မှု ကွဲပြားမှုများရှိနေသည်ဆိုကာ
ရှမ်း၊ချင်းအစရှိသည့်လူမှုရေးအဖွဲ့အစည်းများက ဇန်န၀ါရီလလပိုင်းအတွင်း၌ ထုတ်ပြန်ချက်များ
အသီးသီးထုတ်ပြန်ခဲ့သည်။
၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုမည့်အစီအစဉ်သည် ချင်းလူမျိုးများအပါအ၀င် အခြားတိုင်း
ရင်းသားလူမျိုးများအတွက်ထိခိုက်နစ်နာစေမည်ဟု ချင်းအမျိုးသားအထောက်အကူပြုကော်မတီ
က ဇန်န၀ါရီလ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။
"သန်းခေါင်စာရင်းကောက်တယ်ဆိုတာလူမျိုးတွေအတွက်ရောနိုင်ငံတစ်နိုင်ငံအတွက်ရောအရေး
ကြီးတယ်ဆိုတာလက်ခံပါတယ်။ဒါပေမယ့်လို့ရှုပ်ထွေးနေတဲ့သန်းခေါင်စာရင်းကြောင့်နောင်မှာမဖြစ်
သင့်တာတွေဖြစ်လာနိုင်ပါတယ်။ လူမျိုးစုတစ်ခုနှင့်တစ်ခုကြား မလိုလားအပ်တဲ့ပြသာနာတွေဖြစ်
လာရင်ခုတည်ဆောက်နေတဲ့ငြိမ်းချမ်းရေးတွေလည်းအလကားဖြစ်သွားမှာပါ"ဟုတအန်း(ပလောင်)
အမျိုးသမီးအဖွဲ့၏ တွဲဖက်အထွေအထွေအတွင်းရေးမှူး မလိုင်းပိုးငယ်က ပြောသည်။
"တိုင်းပြည်ရဲ့အရေးကြီးတဲ့သမိုင်းမှာတိုင်းရင်းသားတွေရဲ့နားလည်မှုနှင့်နိုင်ငံသားအခွင့်အရေးကိုမြင့်
တင်ဖို့ကြိုးစား မည့်အစား သန်းခေါင်စာရင်းဟာ ရှုပ်ထွေးမှု အသစ်တွေ နာကြဉ်းမှုအဟောင်းတွေနှင့်ရောထွေးနေပါ တယ်"ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အတွက်သန်းခေါင်စာရင်းကောက်ယူမှုများ မစတင်မီထိုအခြေခံအချက်များအား ဦးစွာဖြေရှင်းရန်လိုကြောင်း ထုတ်ပြန်ချက်တွက်ဖော်ပြထားသည်။
နန်းတင်ထွေး(http://myanmar.mmtimes.com)

