Thursday, February 13, 2014

စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီညွတ်မှုများ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ကြေညာချက် ထုတ်ပြန်

,
နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများ၏ အရေးပါမှု အခန်းကဏ္ဍများအား လွဲမှားစွာ အသုံးပြုနေမှုများ ယခုအခါ များပြားလာသည့်အတွက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Accociation, MJA)က ယနေ့ ဖေဖော်ဝါရီလ ၁၁-ရက်နေ့တွင် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်တွင် စာဖတ်ပရိသတ်များ အမှတ်မှား၊ အယူလွဲစေနိုင်သည့် စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီညွတ်သော ပုံများ၊ ရေးသားမှုများရှိကြောင်း၊ မြန်မာ သတင်းမီဒီယာလောကသည် သတင်းလွတ်လပ်ခွင့်နှင့် မထိုက်တန်သေးကြောင်း အာဏာပိုင်းများက အခြားသူများအား ဆွဲဆောင်သိမ်းသွင်းနိုင်စေရန် အခွင့်အလမ်း ဖန်တီးသကဲ့သို့ ဖြစ်စေပြီး ရရှိနေသော သတင်းလွတ်လပ်ခွင့် အခြေနေမှ နောက်ဆုတ်သို့ ဆုတ်ယုတ်သွားမည်ကို စိုးရိမ်ကြောင်း ပါရှိသည်။
၎င်းအပြင် သတင်းလွတ်လပ်ခွင့်နှင့် တာဝန်ခံမှုကို တန်ဖိုးထားသော သတင်းသမားများ၏ ပုံရိပ်များကို ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများအနေဖြင့် သတင်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာ ကျင့်သုံးလျက် ပြည်သူက လေးစားပြီး ယုံကြည်အားထားရသည့် စတုတ္ထမဏ္ဍိုင်အဖြစ် ရှုမြင်လာစေရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း တို့ ဖော်ပြထားသည်။
http://www.m-mediagroup.com/news/24171 မှ ကူးယူဖော်ပြပါသည်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီညွတ်မှုများ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ကြေညာချက် ထုတ်ပြန်”

Post a Comment

Related Posts Plugin for WordPress, Blogger...