Wednesday, February 12, 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD ပါတီဝင်အချို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ

,
ဇန်နဝါရီလ ၂၇ နေ့ နေ့လည်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အတွင်းက အများပြည်သူများ သွားလာရာဒညင်းကုန်းကားဂိတ်၊ ဖော့ကန်ကားဂိတ်၊ အောင်ဆန်းကားဂိတ်နဲ့ စော်ဘွားကြီးကုန်းကားဂိတ်
 မော်တော်ကားဂိတ် အချို့မှာ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင် အချို့ဟာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအား ပြည်သူများ ပါဝင်တောင်းဆိုရန်အတွက် လက်ကမ်းစာစောင် ၅၀၀၀ ဖြန့်ဝေခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။
အဲဒီလိုလက်ကမ်းစာစောင် ဖြန့်ဝေရခြင်းဟာ မြန်မာနိုင်ငံရဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ
ရန် လိုအပ်နေပြီး ပြည်သူအများစုက ဆန္ဒထုတ်ဖော်နေကြတဲ့ အပြင်အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေး ပါတီများကလည်း အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြောင်း၊ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအား ပြည်သူများ ပါဝင်တောင်းဆိုရန် ဖြစ်တယ်လို့ အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေမှုမှာ ပါဝင်တဲ့သူ တစ်ဦးဖြစ်တဲ့ ဦးခင်ဝင်းက ပြောပါတယ်။
အဲဒီလို လက်ကမ်းစားစောင်များ ဖြန့်ဝေမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ပြုလုပ်တာဖြစ်ပြီး ဇန်န်ဝါရီလ ၂၇ ရက်နေ့အထိ လက်ကမ်းစာစောင် ၂၇၅၀ ကျော် ဖြန့်ဝေပြီးပြီဖြစ်လို့လည်း သိရပါတယ်။

ရတနာပုံသတင်း
 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD ပါတီဝင်အချို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ”

Post a Comment

Related Posts Plugin for WordPress, Blogger...