Friday, March 7, 2014

နိုင်ငံရေးပါတီ အချင်းချင်း ရန်ဖြစ်မနေကြဘဲ သင့်မြတ်ကြရန်လိုအပ် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

,
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပအပြီး လွှတ်တော်ရုံး ခန်းတွင် ကျင်းပသည့် သတင်း
စာရှင်းလင်းပွဲ၌ သတင်း ထောက်တစ်ဦး က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်တိုက်မည်ဟု သတင်း
များ ထွက်ပေါ်နေသည်နှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး ၏ မေးမြန်းချက်ကို ပြည်သူ့လွှတ်
တော် ဥက္ကဌသူရဦးရွှေမန်းက အဆိုပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း အာဖ်အေ
သတင်း ဌာနက ရေးသားခဲ့သည်။
၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်
နှင့် ပြည်ထောင်စုလွှတ်တော် နာယက တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအပေါ် ၎င်းအနေဖြင့်အသင့်ရှိ ကြောင်း
သူရဦးရွှေမန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
(myanmar.mmtimes)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံရေးပါတီ အချင်းချင်း ရန်ဖြစ်မနေကြဘဲ သင့်မြတ်ကြရန်လိုအပ် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...