နိုင်ငံတော်အလံသည် သင်္ကန်းပေါ်၌ ၉၆၉တံဆိပ်ခပ်နှိပ်ထားသည်။
နိုင်ငံတော်သီချင်းသည်လည်း (ငါတို့အရိုး စည်းရိုးထိုးလို့ ကာသင့်လျှင် ကာရမည်)ဟူသော
သီချင်းပြောင်းလဲခဲ့ပြီ..
နိုင်ငံတော်သမ္မတမှစပြီး ဝန်ကြီးများအားလုံး ဘုန်းကြီးများသာဖြစ်သည်။ သာသနာရေးဝန်ကြီးဌာနတစ်ခုသာ လူပုဂ္ဂိုလ်ဝန်ကြီး ခန့်ထားသည်။
သမ္မတ၏အဆောင်အယောင်များမှာ ဘုန်းကြီးတို့၏ ထီ ဖိနပ် ယပ် သင်္ကန်းဖြစ်သည့်အပြင် ခေါင်းပေါ်တွင် မောင့်ကျက်သရေ ခေါင်းပေါင်းအား ညာချ ကာဝတ်ဆင်ထားသည်။
ဝန်ကြီးဌာန ဝန်ကြီးများမှာလည်း သင်္ကန်းသာဖြစ်ပြီး ခေါင်းပေါ်တွင် ဒေါက်ချာ များဆောင်းစေကာ ထိုဒေါက်ချာ ပေါ်တွင်ဌာနတံဆိပ်ခပ်နှိပ်ထားသည်။
တစ်ခုသာ ကွဲပြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဘုန်းကြီးသည် လည်ပင်းတွင် နက်ခ်တိုင်တပ်ပြီး ရပ်ပါဦးထုပ်တွင် တံဆိပ်တပ်ထားခြင်းသာ..
ဗိုလ်မှူးကြီး ဗိုလ်ကြီး တပ်ကြပ်များသည်လည်း ထိုဦးထုပ်တွင်သာ ရာထူးအဆင့်အတန်းကို တံဆိပ်နှိပ်ကာ ဝတ်ဆင်ကြသည်။
တစ်ချိန်က လူထုအလွန်ပြင်ခြင်သော ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေမှ ပုဒ်မ(၅၉.စ)အားလည်း ပယ်ဖျတ်လိုက်ပြီးထိုနေရာတွင် ဘုန်းကြီးဖြစ်ရမည် ဟု အစားထိုးဖြည့်စွက်လိုက်နိုင်သည်။
ဒါတင်မကသေး..
မြန်မာစကားတွင် လူအများအမြဲပြောကျသည့် သိက္ခာကျ ဟူသောစကားလုံးအားပြောဆို သုံးနှုန်းပါက သေဒါဏ်ချမှတ်မည်ဟု ဥပဒေပြဌာန်းလိုက်ပြန်သည်။
အကြောင်းက ဂေါတမဗုဒ္ဓ ပညတ်တော်မူခဲ့သော ပါရာဇိကဟုဆိုသည့်
၁။ မေထုန်မှု ပြုခြင်း (မိန်းမ/ယောက်ျား မည်သူနှင့်မဆို/မည်သည့်နည်းနှင့်အမဆို)။
၂။ ငွေတမတ်အထက် ခိုးယူခြင်း။
၃။ လူကိုသတ်မှု။
၎။ ဈာန်မဂ်ဖိုလ်တရားမရပါဘဲ ရပါသည်ဟု လိမ်လည်ဝါကြွား ပြောဆိုခြင်း ဟုဆိုသည့်
ပြစ်မှု့များကျူးလွန်ပါက ယခုတစ်ဘဝလုံး ရဟန်းမဖြစ်နိုင်ခြင်း အကြောင်းသည်ပင်..
ထိုအရာများ ကျူးလွန်ပါက ဘုန်းကြီးအဖြစ်မှထွက်စေပြီး သိက္ခာချရသည်။
ထို့ကြောင်ပင် နိုင်ငံတော်သမ္မတ အခွင့်အာဏာဖြင့် သုံးမျိုးသောကံများအား ပယ်ဖျတ်ပြီး ငွေတစ်မတ်အထက်ခိုးယူးခြင်းဆိုသည်နေရာတွင် စတာလင်ပေါင် ယူရိုနှင့် အမေရိကန်ဒေါ်လာ သန်းငါးရာနှင့်အထက်ဟုသာ တစ်ခုတည်း ပြင်ဆင်ပြီးထားလိုက်သည်။
ဒါကြောင့် မည်သည့်ဘုန်းကြီးမှ ပါရာဇိက မကျဘဲ သိက္ခာချစရာမလိုသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိက္ခာကျ စရာမရှိတော့..
သိက္ခာကျစရာ သိက္ခာမရှိသောနိုင်ငံတွင် သိက္ခာကျ သည်ဟုပြောဆိုကြခြင်းသည် နိုင်ငံတော်ပုန်ကန်မှု့ပင်ဖြစ်တော့သည်။
တစ်ခုထူးသည်က...
မေတ္တာတရားနှင့်လွှမ်းခြုံသောဂေါတမ မြတ်ဗုဒ္ဓ ၏သာသနာတော်မှ ၂၂၇သွယ်သောဝိနည်းဖြင့် အကျင့်ညီစွာနေထိုင်ပြီး ကမ္မဌာန်းတရားများအားထုတ်တော်မူကြသော စစ်မှန်သည့်ရဟန်းတော်များတောခိုသွားကြခြင်းပင်ဖြစ်သည်။
ရွှေတာဝ
https://m.facebook.com/hashtag/%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%B7%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9?refid=52&__tn__=%2As-R