Saturday, August 26, 2017

ဖေ့ဘွတ်အကောင့်တို့၏အခြေအနေ(2017 သြဂုတ်လ)

,
ကျွန်တော့် facebook account ကို လွန်ခဲ့တဲ့ လေးငါးနာရီအတွင်း ဘယ်လိုမှ သုံးမရတော့အောင် freeze လုပ်ထားခဲ့တာ ကြုံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ တချို့ ပို့စ်တွေ အဖြုတ်ခံလိုက်ရတာ သတိထားမိတယ်။ ဒါမျိုးကို facebook Myanmar Team ရဲ့ recommendation နဲ့သာ လုပ်လို့ရတယ်လို့ သိထားပါတယ်။

တစ်ခုသိထားစေချင်တာက ကျွန်တော့်ရဲ့  facebook account ဟာ ဘယ်တုန်းကမှ လူမျိုးရေး ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေခဲ့တာ မရှိဘူး ။ မြန်မာပြည်က အင်မတိအင်မတန် မတော်မတရား ဖြစ်ပျက်နေတာတွေကိုသာ တစ်နိုင်တစ်ပိုင် ဖော်ထုတ်ရေးသားနေတာ ဖြစ်တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့် ကွက်ေ နတာဖြစ်တယ်။ လိမ်ညာရေးသားတာလည်း မပါဘူး။ အဖြစ်မှန်တွေကိုသာ အခြေခံ ရေးသားတယ်

တစ်ချိန်တည်းမှာ တိုင်းပြည်တွင်း သွေးထွက်သံယိုမှုတွေဖြစ်အောင် ပက်ပက်စက်စက် လိမ်ညာလှုံ့ဆော်နေတဲ့ facebook account တွေကိုတော့ လူကြီးမင်းတို့ဟာ လွှတ်ထားပေးနေတာ တွေ့ရတယ်။

ဒါကိုမှ ကျွန်တော့် account ကို freeze လုပ်ဖို့ မြန်မာ team က recommendation လုပ်တယ်ဆိုရင် အဲ့ဒီသူတွေဟာ တိုင်းပြည်တွင်းက အာဏာရှင်စနစ်ကို အထောက်အကူပြုလိုသူ ဒလံတွေလို့ပဲ ယူဆပါတယ် အဲ့ဒီသူတွေဟာ သူတို့လုပ်သမျှ သူတို့ တာဝန်ယူရမယ် ဆိုတာကို သိထားစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

https://m.facebook.com/story.php?story_fbid=687996924732576&id=100005668234210

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖေ့ဘွတ်အကောင့်တို့၏အခြေအနေ(2017 သြဂုတ်လ)”

Post a Comment

Related Posts Plugin for WordPress, Blogger...