Thursday, August 24, 2017

ကိုဖီအာနန် အကြံပြုချက်၊ ပြည်ထောင်စုဝန်ကြီး တုံ့ပြန်

,
ရခိုင်ပဋိပက္ခ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် အစီရင်ခံစာ အပေါ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေးက တုံ့ပြန် ပြောကြားလိုက် ပါတယ်။
ကိုဖီအာနန် ကော်မရှင်ဟာ အကြံပေး ဖို့ သာ ဖြစ်တဲ့ အတွက် သူတို့ ပြောတဲ့ အတိုင်း ၁၀၀ ရာခိုင်နှုန်း လုပ်စရာ မလို ကြောင်းနဲ့ ကိုယ့် နိုင်ငံ အတွက် အကျိုးရှိမယ့် အကြံပြုချက်တွေ ကိုတော့ အမြန်ဆောင်ရွက်မှ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေး က ပြောကြား သွားတာပါ။
http://www.bbc.com/burmese/burma-41042035
#ဘီဘီစီမြန်မာပိုင်း

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကိုဖီအာနန် အကြံပြုချက်၊ ပြည်ထောင်စုဝန်ကြီး တုံ့ပြန်”

Post a Comment

Related Posts Plugin for WordPress, Blogger...