Monday, September 4, 2017

သီတဂူသာသနာပြုအဖွဲ့ ကြေငြာချက်

,
ရက်စွဲ၊ ၃၊ ၉၊ ၂၀၁၇

ငြိမ်းချမ်းရေးကို လိုလားကြကုန်သော ပြည်သူအပေါင်းတို့ ၂၅၊ ၈၊၂၀၁၇မှ ယနေ့ထိ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မွတ်စလင်အစွန်းရောက်တို့၏ အကြမ်းဖက်သောင်းကျန်းမှုများကြောင့်-
၁။ ကျေးရွာအုပ်စုပေါင်း ၃၁ အုပ်စု
၂။ ကျေးရွာပေါင်း ၅၁ ရွာ မီးရှို့ခံရပြီး ပျက်စီးဆုံးရှုံးခဲ့ပါသည်။
၃။ အရပ်သားစုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
၎။ အရပ်သား ၆ ဦး ပျောက်ဆုံးနေပါသည်။
၅။ မွတ်စလင်, ဟိန္ဒူ, ဗုဒ္ဓဘာသာဝင်များ၏ အိမ်ပေါင်း ၆၁၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။
၆။ တပ်စခန်းပေါင်း ၂ ခု ပျက်စီးခဲ့သည်။
၇။ ဘာသာ, သာသနာ အဆောက်အဦးပေါင်း ၆၈ လုံး ပျက်စီးခဲ့ပြီးဖြစ်သည်။
၈။ ဈေးဆိုင်ပေါင်း ၃၁၅ ဆိုင် ဖျက်ဆီးမီးရှို့ခံခဲ့ရသည်။
၉။ မော်တော်ယာဉ်ပေါင်း ၁၇၄ စီး ဖျက်ဆီးမီးရှို့ခံရသည်။

ထိုသို့ဖြစ်ခြင်းကြောင့် သီတဂူဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့က လူမျိုးမရွေး ဘာသာမရွေး ဒုက္ခသည် အားလုံးတို့အား ကူညီစောင့်ရှောက် ထောက်ပံ့သောအလုပ်ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကာလကကဲ့သို့ ကူညီစောင့်ရှောက် ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း ကြေငြာပါသည်။

လှူဒါန်းလိုသောပုဂ္ဂိုလ်များ အ၀တ်အထည်, ဆန်, ဆီ, ပဲနှင့် ငါးခြောက်၊ အိမ်မိုးသွပ်, နို့ဆီ, ငါးသေတ္တာ, ခေါက်ဆွဲခြောက်နှင့် အလှူငွေများ လှူဒါန်းနိုင်ပြီဖြစ်ပါသည်။

ဆက်သွယ်လှူဒါန်းရန် ဌာနများ-
*************
၁။ သီတဂူဝိပဿနာအကယ်ဒမီ ဌာနချုပ်
ဒေါက်တာသုန္ဒရ  ဖုန်း -၀၉ ၄၃၄၃၂၅၀၀

၂။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းဌာနချုပ်
ဦးကောဝိဒ (အုပ်ချုပ်ရေးမှူး)
ဖုန်း- ၀၉ ၅၁၂၀၃၂၂

၃။သီတဂူ အာယုဒါနဆေးရုံတော် စစ်ကိုင်းဌာနချုပ်
    ဒေါက်တာသေဋ္ဌိလ(အုပ်ချုပ်ရေးမှူး)
ဖုန်း- ၀၉ ၂၅၉၁၄၇၄၄၆

၅။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်ဌာနချုပ်
ဒေါက်တာအရှင်ကောဝိဒသိရီ
ဖုန်း- ၀၉ ၄၅ ၇၇၇ ၁၃၁၃

၆။ သီတဂူသာသနာပြုအဖွဲ့ ရုံးအဖွဲ့
ဦးကျော်ရှိန် ဖုန်း- ၀၉ ၄၀၀၅၁၀၃၃၃

*လူမျိုးရေး, ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူ အားလုံးတို့ကို ပြင်းထန်စွာ ရှုံ့ချသည်။ ဆူပူသောင်းကြမ်း အကြမ်းဖက်မှု အားလုံးတို့ကို  ပြင်းထန်စွာ ရှုံ့ချသည်။

* ကရုဏာတရားဟူသည် ဒုက္ခရောက်သူတို့ကို  မြင်ရကြားရလျှင် စိတ်နှလုံးဝယ် တုန်လှုပ်စွာ ခံစားရသည်။ ဒုက္ခရောက်၍ အားကိုးရာမဲ့နေသူတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် ကရုဏာ၏ ဒဿန ဖြစ်သည်။

မှတ်ချက်။ ။
ရခိုင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရန်
ရံပုံငွေအတွက် သီတဂူဆရာတော်က
ကျပ်ငွေ သိန်း(၁၀၀၀) မတည်လှူဒါန်းသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ.  .  .

သီတဂူဆရာတော်
      သီတဂူသာသနာပြုအဖွဲ့
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့။
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Ly Mo News


https://m.facebook.com/story.php?story_fbid=525554881130747&id=100010287191790

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သီတဂူသာသနာပြုအဖွဲ့ ကြေငြာချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...