Sunday, September 3, 2017

အစွန်းရောက် အကြမ်းဖက်အဖြေရှာခြင်း၊ လူမျိုးရေး၊ ဘာသာရေး ထောင်ချောက်များနှင့် ဝါးလုံးသိမ်းယမ်းခြင်း အန္တရာယ်

,
မင်းကောင်းချစ်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲကင်းစခန်း ၃၀ နဲ့ တောင်ဘဇားကျေးရွာအနီးက နယ်မြေခံ တပ်ရင်းဌာနချုပ်ကို တချိန်တည်း အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး တပ်မတော်သား ၁ ဦး လ.ဝ.က ဝန်ထမ်း ၁ ဦးတို့ သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉  ဦးနဲ့ အပြစ်မဲ့ အရပ်သား ပြည်သူအများအပြား ဒဏ်ရာရခဲ့တဲ့ သတင်းကို ဒီဗွီဘီ တီဗွီသတင်းမှာ ကြည့်လိုက်ရပါတယ်။

ဒီသတင်းတွေ ကြားရတော့ တတိုင်းတပြည်လုံး စိတ်သောကရောက်ကြရ၊ ပူပန်ကြရပါတယ်။ လက်သည်းဆိတ်တော့ လက်ထိပ်နာ ဆိုသလို စာရေးသူ အပါအဝင်  မြန်မာနိုင်ငံသားအားလုံး စိုးရိမ်ကြီးစွာ ခံစားကြရပါတယ်။ တချိန်တည်းမှာပဲ တချို့သော ပြည်ပသတင်းဌာနတွေကလည်း မီးလောင်ရာ လေပင့်သလို ဖြစ်အောင် တဖက်စောင်းနင်း ရေးသားပြီး မြန်မာနိုင်ငံရဲ့ ပြဿနာကို ပိုလို့ရှုပ်ထွေးခက်ခဲအောင် အထင်လွဲမှားစေနိုင်တဲ့ သတင်းအရေးအသား ထုတ်လွှင့်မှုတွေ လုပ်ကိုင်လာကြတာကို ဒီဆောင်းပါးကနေ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်တဲ့ အစွန်းရောက် အကြမ်းဖက်သမားများနဲ့ Arakan Rohingya Salvation Army (ARSA) တို့ကို “အကြမ်းဖက်အုပ်စု"လို့ ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်နဲ့ ကြေညာကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သြဂတ်စ်လ ၂၅ ရက်နေ့ညက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု မှန်သမျှကို တားဆီးကာကွယ်သွားမှာ ဖြစ်ပြီး အကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်သူများ၊ ငွေကြေး ထောက်ပံ့သူများ၊ စီစဉ်ဆောင်ရွက်သူများ၊ အားပေးကူညီသူများ အားလုံးကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အကြမ်းဖက်နည်း သုံးခံရရင် ဘယ်သူမှ မကြိုက်သလို ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ ဟုတ်တယ်လေ ရခိုင်ပြည်နဲ့ ရခိုင်တိုင်းရင်းသားတွေ ဆိုတာ ကျနော်တို့ သွေးချင်း တိုင်းရင်းသား ညီအကိုမောင်နှမတွေ၊ ဟိုးရှေးအတီအတေ ကာလကတည်းက ပိုင်ဆိုင်နေထိုင်ခဲ့ကြတဲ့ နယ်မြေ မဟုတ်လား။ ကိုယ့်မိသားစုဝင်တယောက်ကို အိမ်နီးချင်းက ကိုယ့်အိမ်ပေါ်တက်လာပြီး ရန်လုပ်တိုက်ခိုက် အကြမ်းဖက်လာတာကိုတော့ ပြတ်ပြတ်သားသား ရှုတ်ချကြရမှာ အကာအကွယ်ပေးရမှာ မိသားစုဝင်တိုင်းရဲ့ တာဝန် ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုကိစ္စရပ်မျိုးဆိုတာ လက်လွတ်စပယ် ပရမ်းပတာ ဖြေရှင်း တုံ့ပြန်တာမျိုး မလုပ်အပ်ပါဘူး။ အခြေအနေကို ပိုဖြေရှင်းရခက်အောင် မီးလောင်ရာ လေပင့်သလို ဖြစ်အောင် အခွင့်ရတုန်း အပြတ်ရှင်းပစ်တို့၊ အမြစ်ဖြတ် ချေမှုန်းပစ်လိုက် စတဲ့ အဆင်ခြင်မဲ့ ပြောဆိုတိုက်တွန်း လှုံ့ဆော်နေတာတွေ ရှောင်ကြဉ်သင့်ပါတယ်။  တရပ်ကွက်လုံး တမြို့လုံးက စိတ်ဝင်တစား စောင့်ကြည့်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အာရုံစိုက်ခံနေရတဲ့ ဒီလိုအခြေအနေမျိုးမှာ ပိုလို့တောင် သတိထား ကိုင်တွယ်ဖြေရှင်းကြရမှာပါ။....

ဆောင်းပါးအပြည့်အစုံ...
http://burmese.dvb.no/archives/227007

https://m.facebook.com/story.php?story_fbid=1559090634129431&id=191574990881009

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အစွန်းရောက် အကြမ်းဖက်အဖြေရှာခြင်း၊ လူမျိုးရေး၊ ဘာသာရေး ထောင်ချောက်များနှင့် ဝါးလုံးသိမ်းယမ်းခြင်း အန္တရာယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...