Friday, October 13, 2017

နောက်ဆုံးဘာဖြစ်ခဲ့လဲ

,
အင်္ဂလို-ဘားမိစ် စစ်၂ကြိမ်အပီးမယ်..
အထက်ဗမာပြေက လူတွေဟာ ငတ်လွန်းလို့ ချောင်လည်သောင်သာတဲ့ အင်္ဂလိပ်ပိုက်နက်အောက်ပြေအောက်ရွာကို အုပ်စုဖွဲ့ရွေ့ပြောင်းမှုတွေရှိခဲ့တယ်။ ဒီအချက်ကိုကြည့်ပါ။ စောက်ကျင့်မကောင်းတဲ့ ဗြိတိသျှနယ်ချဲ့တွေလက်အောက်ကို ဘာလို့နေချင်တာလဲ။

မင်းဆိုးမင်းညစ်အောက်က ကျွန်နဲ့ ကုလားဖြူလက်အောက်က ကျွန်။ ကျွန်ဘဝချင်းအတူတူ ထမင်းဝတာအဓိကလို့ပဲ သာမန်လူတွေကယူဆတာပဲ။
ငယ်ငယ်ကသင်ဖူးတဲ့
သမိုင်းဖတ်စာအုပ်လောက်ပဲဖတ်ရင်တော့ မင်းတို့ တခြားဖက်က လှည့်တွေးတတ်မှာမဟုတ်ဘူး။

သမိုင်းကိုအောင်နိုင်သူတွေသာရေးတယ်။ သို့သော် ..ဆိုတာမျိုးတွေးကြည့်ဖူးလား။

ဆိုကြပါစို့ ဗမာပြေ ကို လွတ်လပ်ရေး ပေးရတော့မယ်။
ပြည်မနဲ့တောင်တန်းတူတူယူမယူ အင်္ဂလိပ်ကသွေးခွဲတယ်ပေါ့။ ဒီလောက်ပဲ။ အဲ့ဒီမှာ ရပ်နေတယ်။

တခြားဖက်ကတွေးကြည့်ရအောင်။
ပေးရပါတော့မယ်ဆိုမှ ကုလားဖြူတွေအတွက်ဘာမှမထူးတော့ဘူး။ ချန်ထားရင် အဲ့ဒီကျန်ခဲ့တာတွေအတွက် တာဝန်ယူရမှာပဲ။
ဖောင်ကလန် ကျွန်းလို ကိုလိုနီလက်ကျန်အဖြစ်အပျက်ကိုကြည့်ပါ။
အကျိုးအမြတ်မရတဲ့ကျွန်းအတွက် မာဂရက်သက်ချာဟာ မိုင်ထောင်ချီတဲ့နေရာအထိ စစ်တပ်လွှတ်ပီး သွားတိုက်ရတယ်မဟုတ်လား။

အဓိက အကြောင်းအရာက အတူတူပေးလိုက်ရင် လူများစု ပြည်မက လူနည်းစုတိုင်းရင်းသားတွေကို နိုင့်ထက်စီးနင်းလုပ်တော့မှာ။
(လုပ်မလုပ်ခုသိပီမလား) အင်မတန်ရိုးအတဲ့ တောင်တန်း ပေါ်က လူတွေက လွိုင်ရယ်လ်ဖြစ်လွန်းတယ်။ ကလိန်မကျတတ်ဘူး။
ဒါကြောင့် ကျန်နေရစ်မလားလို့ နောက်ဆုံး အော်ဖာပေးလိုက်တာ။

ဗိုလ်ချုပ်အောင်ဆန်း ရှိတာမှန်တယ်။
ရိုးဖြောင့်တဲ့ခေါင်းဆောင်ရှိတာဟုတ်တယ်။ လူတစ်ဦးတစ်ယောက်အပေါ်မှာ တိုင်းပြေရဲ့အနာဂတ်မှီခိုလွန်းရင် ဘာဖြစ်လာနိုင်သလဲ။

နောက်ဆုံးဘာဖြစ်ခဲ့လဲ။
ရိုးသားတဲ့ တိုင်းရင်းသားတွေဟာ ရိုးဖြောင့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် တံတားတောင် ကိုယ့်ဖာကိုယ်နာမည်ပေးခွင့်မရတော့ဘူး။

ဆရာမောင်ထင်ရဲ့ ငဘ ကိုသတိရမိတယ်။

အရှင် အင်းဂလိပ်မင်းပြန်လာဝင်ပီတဲ့။
ကုလားမခြင်းတောင်းဆွဲတံဆိပ်နို့ဆီနဲ့ ထမင်းကြမ်းလေးနယ်စားရချေသေးအဟေး။

:3

အိုင်စီအက်စ် ဦးပါပီ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နောက်ဆုံးဘာဖြစ်ခဲ့လဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...