Thursday, October 19, 2017

လူမျိုးတုန်း စေမှု နဲ့ လူမျိုးစု သုတ်သင်ရှင်းလင်းမှု (Genocide & Ethnic Cleansing)

,
ဒီစကားလုံး နှစ်ခုဟာ စကားပြေအဓိပ္ပါယ်အားဖြင့် အတူတူဖြစ်ပါတယ်။
ဒါပေမဲ့ဥပဒေ ဘောင် အကြုံးဝင်မှု အရ - Ethnic Cleansing ခေါ် လူမျိုးစု သုတ်သင်ရှင်းလင်းမှု ဆိုတာက စွဲချက်တင်တဲ့ အဆင့် အသုံး ဖြစ်ပြီး-၊
စွဲချက်တင်ခံရအပြီး တရားခံဘက်မှ အမှုကို ချေပနိုင်ခြင်း မရှိ (သို့မဟုတ်) ချေပသည့်ဘက်မှ အထောက်အထား မခိုင်လုံ- မအောင်မြင်ဘဲ ရှုံးနိမ့်ပြီးနောက် တွင်မှ
ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ( တရားသူကြီး l ဥပဒေ ပညာရှင်)များ
က ဤသည်မှာ လူမျိုးစု တစ်ခုအား ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးတုန်းသွားစေရန် ကျူးလွန်သည်- ဟူ၍ ဆုံးဖြတ်ချက် ချမှတ်ပြီး အတည်ပြု စကားလုံး “လူမျိုးတုန်းစေမှု”  Genocide လို့ သုံးပါတယ်။

လူအုပ်စု နှစ်စု အားပြိုင်ကြရမှာ ဖြစ်စေ၊
အင်အားကြီးတဲ့ အုပ်စုက အင်အားနည်းတဲ့ အုပ်စုကို အတင်းဝင်တိုက် သတ်ဖြတ် မုဒိန်းကျင့် မျိုးတုန်းရှင်းလိုက်တာမှာ ဖြစ်စေ --
 နှစ်ဘက်အကြား ဆုံးဖြတ်ပေးမယ့် တရားရေးဌာန ဆိုတာ မရှိ (အရိုင်းခေတ် တောကြီးမျက်မဲထဲမှာ အရိုင်းအုပ်စု နှစ်ခု ဖြစ်သလို) ဖြစ်ခဲ့ရင်- အားနည်းတဲ့ အုပ်စုက ထွက်ပြေး၊ ကျွန်ခံ၊ မျိုးတုန်းရှင်းခံ နဲ့ပဲ ပြီးပြတ်သွားခဲ့တာပါ။

 ဒါပေမယ့် လွန်ခဲ့သောအဲ့ဒီခေတ် အဲ့ဒီ အခါ ကာလများက နှစ်ဘက်လုံးဟာ လက်နက်အပြိုင်အဆိုင် တပ်ဆင်ခွင့် ဖန်တီးခွင့် တီထွင်ခွင့်တွေ ရှိခဲ့ကြတယ်။
နှစ်ဘက်လုံး သူသေကိုယ်သေ တိုက်နိုင်မယ့် အခွင့်အရေး
တွေ ရှိခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီးတွင်မူ ကိုလိုနီ နယ်ချဲ့ခွင့် မပြုသော ဥပဒေများ ပြဌာန်းပြီး၊ ကိုယ်ပိုင်အချုပ်အခြာ နိုင်ငံများ အဖြစ် စည်းမျဉ်းသတ်မှတ်ပြီးနောက်တွင်မူ-
နိုင်ငံတကာသဘောတူညီမှု့များနှင့်စည်းကမ်းများအရ လက်နက်ရောင်းဝယ်ခွင့်အား အာဏာပိုင် အစိုးရနှင့်သာ တရားဝင် လုပ်ဆောင်ခွင့်ရှိသည်ဟူ၍ ပြဌာန်းခဲ့ပါတယ်။

တဆက်ထဲမှာပဲ လက်နက်ကိုင်ခွင့် တရားဝင်ရှိသော အစိုးရ တစ်ရပ်အနေနှင့် မိမိနိုင်ငံတွင်းမှ လူမျိုးစုတစ်စုကို မျိုးပြုတ်သတ်ဖြတ်ခွင့်၊ မျိုးပြုတ်သွားရန် စီမံချက်ချ ကြံစည်ခွင့်များ လုံးဝ ကျူးလွန်ခွင့် မရှိ-

ကျူးလွန်သည်ဟူ၍ဥပဒေ အရ ဆုံးဖြတ်နိုင်ခဲ့သော်- အဆိုပါ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ပြစ်ဒဏ်ပေးရပါမည်
ဟူ၍ဥပဒေ ပြဌာန်းထားပါတယ်။

တနည်းအားဖြင့်
အရိုင်းခေတ်ကကဲ့သို့   “ဆုံးဖြတ်နိုင်သူ - ကမ္ဘာ့ တရားသူကြီးများ မရှိခဲ့ ခေတ်ကာလ” မဟုတ်တော့ပါ။

UN (ကုလသမဂ္ဂ မှာ) - လူမျိုးတုန်း သုတ်သင်ခံရသူများ ဘက်မှ စွဲချက်တင်မှုကို လက်ခံအတည်ပြုပေး
သောအဆင့်ကို Ethnic Cleansing လို့ အတည်ပြုသတ်မှတ်ပါတယ်။

 ဒီအဆင့်မှာ စွဲချက်တင်ခံရသူ (ကျူးလွန်သူများ) ၏ ခုခံဖြေရှင်းခွင့်ကို ကမ္ဘာ့တရားရေးစံနစ်က တရားခံ အခွင့်အရေးအဖြစ်ပေးထားပါတယ်။

တရားခံ အခွင့်အရေး အတွက်- UN နှင့် ကမ္ဘာ့အင်အားကြီး
နိုင်ငံများက - စွဲချက်တင်ခံရထားရသော မြန်မာအစိုးရ၊ မြန်မာစစ်တပ် တို့ကို အတူတကွ ပူးပေါင်းဖြေရှင်းစေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်၊ ချည်းကပ်ခဲ့တယ်။

ယခုတော့ စွဲချက်တင်ခံရသော တရားခံများအတွက် နောက်ကျသွားခဲ့ပါပြီ။

https://m.facebook.com/story.php?story_fbid=2054544481448970&id=100006803136143

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ လူမျိုးတုန်း စေမှု နဲ့ လူမျိုးစု သုတ်သင်ရှင်းလင်းမှု (Genocide & Ethnic Cleansing)”

Post a Comment

Related Posts Plugin for WordPress, Blogger...