Saturday, November 25, 2017

ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သွားသူများ ပြန်လာရေး ဘဂ်လားဒက်ရှ်-မြန်မာ သဘောတူညီချက်

,
အောက်တိုဘာ ၉၊ ၂၀၁၇နဲ့ သြဂုတ် ၂၅၊ ၂၀၁၇ နောက်ပိုင်း ထွက်ခွါသွားသူ မွတ်စလင်များနဲ့သာ ပတ်သက်သည်။

အခြခံမူများ

၁။ အမြန်ဆုံး ပြန်လာနိုင်ရန် ဆောင်ရွက်မည်။

၂။ မွတ်စလင်တွေ ထပ်မံ မထွက်ခွါနိုင်ရင် မြန်မာအစိုးရက လိုအပ်သလို ဆောင်ရွက်မည်။ ထွက်ခွါသွားသူများ မိမိဆန္ဒအရ ပြန်လာနိုင်ကြသည်။ ပြန်လာသူများကို မူလနေထိုင်ရာ သို့မဟုတ် မူလနေထိုင်ခဲ့ရာနှင့် အနီးကပ်ဆုံး နေရာများတွင် နေရာချထားပေးမည်။ ဒုက္ခသည်စခန်းတွေမှာ မထားပါ။ ရခိုင်ပြည်နယ်အတွင်းမှာ တည်ဆဲ ဥပဒေများနဲ့အညီ လွတ်လပ်စွာ သွားလာခွင့်ပေးမည်။ သူတို့အတွက် အခြေခံ လိုအပ်ချက်များနဲ့ စားဝတ်နေရေးကို ပိုမိုမြင့်မားအောင် ဆောင်ရွက်ပေးမည်။

သူတို့ကို နိုင်ငံသားစိစစ်ရေးကဒ်များ (Identity Card for National Verification) ချက်ချင်း ထုတ်ပေးမည်။

၃။ စိစစ်ရေးဆိုသည်မှာလည်း ရခိုင်ပြည်နယ်တွင် လုပ်ဆောင်နေသည့် လက်ရှိ နိုင်ငံသား စိစစ်ရေး ပုံစံနဲ့ အခြေခံအားဖြင့် လုံးဝ ခြားနားမှာဖြစ်သည်။

၎။ ပြန်လာနိုင်ရေးကို ဘဂ်လားဒက်ရှ်အစိုးရက UNHCRနဲ့ ချက်ချင်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး မြန်မာအစိုးရသည် လိုအပ်တဲ့အခါမှ လိုအပ်သလို UNHCRနဲ့ ပူးပေါင်း ဆောင်ရွက်မယ်။

၅။ ပြန်လာသူများကို အကြမ်းဖက်မှုများနဲ့ မပတ်သက်ပါက တရားမဝင် နယ်စပ်ဖြတ်ကျော်သူများအဖြစ် မြန်မာအစိုးရက အရေးမယူပါ။

ပြန်လာခွင့် ရှိသူများ

၆။ မြန်မာပြည်မှ ပြောင်းရွှေ့သွားသူများ၏ အသေးစိပ် အချက်အလက်များကို ဘဂ်လားဒက်ရှ် အစိုးရက ပြုစုပေးပို့ရမည်။

(က) ပြန်လာခွင့် ရှိသူများ

(၁) မြန်မာပြည်တွင် နေထိုင်ခဲ့သူများ ဖြစ်ရမည်။
(၂) မိမိဆန္ဒအလျောက် ပြန်လာသူများ ဖြစ်ရမည်။
(၃) အိမ်ထောင်ခွဲများ၊ ၄င်းတို့၏ကျန်ရှိနေသေးသော မိသားစုဝင်များ စာရင်းနဲ့ မိဘမဲ့ ခလေးများ စာရင်း အချက်အလက်များကို ဘဂ်လားဒက်ရှ် တရားရုံးက သက်သေခံ ထုတ်ပေးရမည်။
(၄) မြန်မာပြည်မှ ထွက်ခွါသွားသူများမှ ဘဂ်လားဒက်ရှ်တွင် မွေးဖွားသော ခလေးများကို မြန်မာပြည်တွင် နေထိုင်သူများအဖြစ် အသိအမှတ် ပြုသည်။
(၅) အထောက်အထားမဲ့ မွေးလာသော ခလေးများကို (Children Born in Out of Unwatned incidents ဗမာစစ်သားတွေ မုဒိန်းကျင့်ခံရလို့ မွေးလာသော ခလေးများတွေရဲ့ ပြသနာဖြစ်သည်။) ဘဂ်လားဒက်ရှ် တရားရုံးက သက်သေခံ ထုတ်ပေးရမည်။

(ခ) ဖြည့်သွင်းရန် လိုအပ်သော ပုံစံစာရွက်များကို မြန်မာအစိုးရက ပေးမည်။

၇။ ဘဂ်လားဒက်ရှ်အစိုးရက ပြန်လည်ပေးပို့သော စာရွက်စာတန်း အထောက်အထားများကို အောက်ပါအတိုင်း မြန်မာအစိုးရ စိစစ်၍ ပြန်လည်လက်ခံမည်။

(၁) ယခင်က မြန်မာအစိုးရ ထုတ်ပေးခဲ့သော သက်သေခံ ကဒ်ပြား အထောက်အထား တစ်ခုခု ပြနိုင်ရမည်။ (သို့မဟုတ်)

(၂) မြန်မာပြည်တွင် နေထိုင်ခဲ့သော လိပ်စာ၊ လုပ်ခဲ့သော လုပ်ငန်း၊ တက်ခဲ့သော ကျောင်း စသဖြင့် အထောက်အကူဖြစ်စေသော အချက်အလက်များကို ပြောနိုင်၊ ပြနိုင်ရမည်။

၈။ UNHCRက ထုတ်ပေးထားသော စာရွက်စာတန်း ရှိသူများကိုလည်း အထက်ပါအတိုင်း ပြန်လည်စိစစ်မည်။

၉။ မြန်မာပြည်တွင် နေထိုင်ခဲ့ကြောင်း အထက်ပါအတိုင်း အထောက်အထားပြ သက်သေထူနိုင်သူ အားလုံးကို အကန့်အသတ်မရှိ ပြန်လက်ခံမည်။

၁၀။ ပြန်လာခွင့်ရှိ မရှိ အငြင်းပွါးမှု ရှိပါက မြန်မာအစိုးရနဲ့ ဘဂ်လားဒက်ရှ်အစိုးရတို့ ညှိနှိုင်းမည်။ နောက်ဆုံး အဆုံးအဖြတ်ကို မြန်မာအစိုးရက ချမှတ်မည်။ အငြင်းပွါးမှုများကို ၆လအတွင်း ပြီးပြတ်အောင် ဖြေရှင်းမည်။

ပြန်လက္ခံရေးဆိုင်ရာ အခြားမူများ

၁၁။ ပြန်လည်လက္ခံရေးအတွက် လာမည့်သုံးပတ်အတွင်း ဘဂ်လားဒက်ရှ်-မြန်မာ ပူးတွဲ အလုပ်ကော်မတီကို ဖွဲ့စည်းမည်။

၁၂။ လျင်မြန်စွာ ပြန်လည်လက္ခံနိုင်ရေးအတွက် လိုအပ်သော ပြုပြင် ဆောင်ရွက်မှုများကို အချိန်နဲ့တပြေးညီ ဆက်လက် ညှိနှိုင်းလုပ်ဆောင်သွားမည်။

၁၃။ ပြန်လာမည့်သူများကို လာမည့်နှစ်လအတွင်း စတင်လက်ခံမည်။ သင့်လျော်သော အချိန်အတွင်း ကုန်စင်အောင် လက်ခံသွားမည်။

၁၄။ မြန်မာ့လူ့အဖွဲ့အစည်းဝင်တွေဖြစ်သော ပြန်လည်ဝင်ရောက်လာသူများကို အစစအရာရာ ကူညီရေးအတွက် UNHCR UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ပူးပေါင်းဆောင်ရွက်ခွင့် ပေးမည်။

၁၅။ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်။

၁၆။ မည်သည့်လူ့အဖွဲ့အစည်းပေါ်မဆို ခွဲခြားဖိနှိပ်ရာရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးစံများနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်များ၊ မူဝါဒများကို နှစ်နိုင်ငံလုံးက ရှောင်ကျဉ်ကြမည်။ အကြမ်းဖက်မှုနှင့် မူးယစ်မှောင်ခို၊ လက်နက်မှောင်ခို၊ လူမှောင်ခိုများကို ပူးပေါင်းတိုက်ဖျက်မည်၊

၁၇။ အားလုံးလက်ခံပြီးလျင် နယ်စပ်တရားမဝင် ဖြတ်ကျော်မှုများကို မြန်မာနဲ့ ဘဂ်လားဒက်ရှ် အစိုးရတို့ ပူးပေါင်းဆောင်ရွက်မည်။ ရှိရင် ပြန်ပို့မည်။

၁၈။ အနာဂတ်တွင် ယခုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် နှစ်နိုင်ငံ အသေးစိတ် စီမံပြီး ပူးပေါင်းဆောင်ရွက်မည်။

၂၀၁၇ သြဂုတ်လ ၂၄ရက်က ထုတ်ပြန်ခဲ့သော ရခိုင်အကြံပေးကော်မရှင် (အာနန်ကော်မရှင်)ရဲ့ အကြံပြုချက်များအတိုင်း မြန်မာအစိုးရက ဖြည့်ဆည်းဆောင်ရွက်မည် ဖြစ်ကြောင်း အတည်ပြုသည်။

၁၉။ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ အိမ်နီးချင်းကောင်း ပီသရေးကို နှစ်ဘက်လုံးက ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အတည်ပြုသည်။

ဘဂ်လားဒက်ရှ်အစိုးရ ကိုယ်စား မြန်မာအစိုးရ ကိုယ်စား

အဘူဟစန် မိုဟမ္မဒ် အလီ ကျော်တင့်ဆွေ
နိုင်ငံခြားရေး ဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး

နိုဝင်္ဘာ ၂၃ ၂၀၁၇ နိုဝင်္ဘာ ၂၃ ၂၀၁၇

https://m.facebook.com/story.php?story_fbid=1555288724548993&id=100002036403855

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သွားသူများ ပြန်လာရေး ဘဂ်လားဒက်ရှ်-မြန်မာ သဘောတူညီချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...