Thursday, November 23, 2017

ရခိုင်မြောက်ပိုင်းတွင် မြန်မာ တပ်မတော်မှ "လူမျိုးရေးသန့်စင်မှုကျုးလွန်သည်" ဟု အမေရိကန်က တရားဝင်ကြေငြာလိုက်ပြီ

,
မြန်မာပြည်မှ ပြီးခဲ့သည့် အပါတ်က လေးနာရီ ကြာ ရောက်ရှိလာခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန် မှ အချက်အလက်များကို သေချာစွာ လေ့လာသုံးသပ်ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အခြေအနေသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးရေး သန့်စင်မှု ကျုးလွန်ခဲ့ခြင်း ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ထို့အတွက် အမေရိကန် ပြည်ထောင်စုမှ အဆိုပါ ပြစ်မှု ကျုးလွန်ရာတွင် ပါဝင်ခဲ့ကြသော စစ်ခေါင်းဆောင်များကို ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်သွားမည် ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် မြန်မာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ထိခိုက်စေမည့် နိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ်မည်ဆိုသည်ကို ထည့်သွင်း ပြောဆို သွားခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ထို့အပြင် အဆိုပါ ပြစ်မှုများအတွက် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးအားလည်း ထည့်သွင်း တောင်းဆိုခဲ့ခြင်း မရှိပါဖူး

မြန်မာ အား ဆန့်ကျင် ဝေဖန် သုံးသပ်နေသူများက အဆိုပါ ကြေငြာချက်ကို ကြိုဆိုလိုက်ကြပြီး လူမျိုးရေး သန့်စင်ခြင်းဆိုသည့် ပြစ်မှုသည် လူသားများအပေါ် ကျုးလွန်သော ရာဇ၀တ်မှု ဟု ပြောဆိုခဲ့ကြပါတယ်။

တိုက်ဆိုင်မှုဟု ဆိုရမည်လားမသိ၊ ဒီနေ့မှာပဲ ပြီးခဲံသည့်နှစ် ၂၅ နှစ်က ယခင် ယူဂိုဆလာဗီယားတွင် အဆိုပါ ပြစ်မှုများ ကျုးလွန်ခဲ့သည်ဟု ဖမ်းဆီးတရားစွဲဆိုခြင်း ခံခဲ့ရသူ ဗိုလ်ချုပ်ကြီး အမ်လာဒစ်ကို ဟိတ်ဂ်ျ ရှိ နိုင်ငံတကာ တရားရုံးမှ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

ယခုအခါတွင် နိုင်ငံတွင်း၌ ရိုဟင်ဂျာ ဆိုသူများသည် သုံးပုံတပုံခန့်သာ ကျန်ရှိတော့သည်ဟု ပြောဆိုနေကြတဲ့ ကုလသမဂ္ဂ မှ အရာရှိကြီးများနဲ့ အမေရိကန် ဥပဒေပြု အမတ်များက ကြိုဆိုလိုက်ကြပါတယ်။

တဆက်တည်းမှာပဲ နေပြည်တော်တွင် နှစ်ရက်ကြာ မာရသွန် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး တဖက်နိုင်ငံသို့
ထွက်ပြေးသွားသူများအား ပြန်လည် လက်ခံနိုင်ရန် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ကို ဒီနေ့ ကြာသပတေးနေ့မှာ အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။

မူရင်းလင့် :
https://m.facebook.com/story.php?story_fbid=1476104355842567&id=100003290496283

ကိုးကား၊ ၊ The New York Times
Credit. Hla Soe Wai

ZN.H

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်မြောက်ပိုင်းတွင် မြန်မာ တပ်မတော်မှ "လူမျိုးရေးသန့်စင်မှုကျုးလွန်သည်" ဟု အမေရိကန်က တရားဝင်ကြေငြာလိုက်ပြီ ”

Post a Comment

Related Posts Plugin for WordPress, Blogger...