Friday, November 24, 2017

ေအာင္ဝင္းခိုင္ အား ေနျပည္ေတာ္သို႔ ကားေမာင္းပို႔ခဲ့သူကို မမွန္သက္ေသခံမႈျဖင့္ တရားစြဲဆိုနိုင္ရန္ ဆက္လက္ေလွ်ာက္ထားမည္ဟု ဆို

,
ရန္ကုန္၊ ႏိုဝင္ဘာလ - ၂၄

ေအာင္ဝင္းခိုင္ အား ေနျပည္ေတာ္သို႔ ကားေမာင္းပို႔ခဲ့သူကို မမွန္သက္ေသခံမႈျဖင့္ တရားစြဲဆိုနိုင္ရန္ ဆက္လက္ေလွ်ာက္ထားမွာ ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေနလ က ယေန႔ နိုဝင္ဘာလ ၂၄ ရက္၊ တရားရံုးစစ္ေဆးၾကားနာမႈအၿပီး သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကို ေျဖၾကားေပးခဲ့ပါတယ္။

ထုိသုိ႔ျပဳလုပ္ရျခင္းမွာ သက္ေသမ်ားအေနျဖင့္ တရားရံုးတြင္ လိမ္လည္ထြက္ဆိုပါက အမႈမွန္ေပၚေပါက္ေရးအတြက္ အခက္အခဲမ်ား ျဖစ္ေပၚနိုင္တဲ့အတြက္ လိမ္လည္ထြက္ဆိုမႈမ်ား မျဖစ္ေပၚေအာင္ ေလွ်ာက္ထားရျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

“ရာဇဝတ္က်င့္ထံုးဥပေဒအရ မမွန္သက္ေသခံတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ စံုစမ္းစစ္ေဆးတဲ့ကိစၥကို ေဆာင္ရြက္ဖို႔လိုတယ္။လာမယ့္ရံုးခ်ိန္းမွာ စတင္ၿပီး ေလွ်ာက္ထားမယ္။ေလွ်ာက္ထားခ်က္အရ လိုအပ္တဲ့ စံုစမ္းစစ္ေဆးမႈေတြအားလံုးကို တရားရံုးက လုပ္မယ္။လုပ္ၿပီးတဲ့အခါက်ရင္ လိုအပ္တဲ့အမိန္႔ခ်မွတ္တာေတြကို တရားရံုးက လုပ္မယ္။ မမွန္သက္ေသခံမႈအတြက္ကို ဒါပထမဦးဆံုးအေနနဲ႔ မမွန္သက္ေသခံလို႔ရွိရင္ ဘယ္လိုျပစ္ဒဏ္မ်ိဳး က်ေရာက္နိုင္တယ္။
ဘယ္လိုအေရးယူမႈ ျပဳလုပ္နိုင္တယ္ဆိုတာကို သက္ေသေတြအားလံုးကို ႀကိဳတင္သတိေပးတဲ့အေနနဲ႔ ဒီကိစၥကိုေလွ်ာက္ထားတာ ျဖစ္ပါတယ္” လို႔ ဦးေနလ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ေျမာက္ပိုင္းခရိုင္တရားရံုး၊ ဒုတိယခရိုင္တရားသူႀကီး၊ သတင္းႏွင့္ ျပန္ၾကားေရးအရာရွိ ဦးရဲလြင္ က မမွန္သက္ေသခံမႈကိစၥအတြက္ ရံုးေတာ္ကို တင္ျပေလွ်ာက္ထားရန္အတြက္     အမႈလိုက္ဥပေဒအရာရွိကို အထူးခံုရံုးက ညႊန္ၾကားခ်က္ထုတ္ျပန္ေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဦးရဲလြင္ က “အမႈလိုက္ဥပေဒအရာရွိက စာရြက္စာတမ္းေတြနဲ႔ ပူးတြဲေလွ်ာက္ထားၿပီးမွ အထူးခံုရံုးက ရာဇဝတ္က်င့္ထံုးဥပေဒ ၄၇၆ အရ ရာဇဝတ္အေထြေထြ ဖြင့္လွစ္ၿပီးေတာ့ အေရးယူ သင့္၊ မသင့္ ရာဇဝတ္အေထြေထြအမႈမွာ စံုစမ္းသြားမွာ ျဖစ္ပါတယ္။
ရာဇဝတ္အေထြေထြအမႈမွာဘဲ အေရးယူ သင့္၊ မယူသင့္ကို အမိန္႔ခ်မွတ္သြားမွာ ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ေျမာက္ပိုင္းခရိုင္တရားရံုးတြင္ နိုဝင္ဘာလ ၁၇ ရက္ေန႔က ရဲထြဋ္လႈိင္ အား တရားလိုသက္ေသအျဖစ္ စစ္ေဆးခဲ့ရာ ေအာင္ဝင္းခိုင္ ကို ေဇယ်ာၿဖိဳး ၏ ညႊန္ၾကားခ်က္အရ ေနျပည္ေတာ္သို႔ ပို႔ေဆာင္ေပးခဲ့ျခင္းကို တရားရံုးတြင္ ထိမ္ခ်န္ထြက္ဆိုခဲ့သည့္အတြက္ အေရးယူေပးရန္ တရားလိုေရွ႕ေနမ်ားက ယင္းေန႔တြင္ပင္ စတင္ေလွ်ာက္ထားခဲ့ျခင္း ျဖစ္ပါတယ္။ဦးကိုနီ လုပ္ႀကံခံရမႈ ၃၂ ႀကိမ္ေျမာက္ရံုးခ်ိန္းတြင္ ၾကည္လင္၊ ေအာင္ဝင္းေဇာ္၊ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းထြန္း တို႔ိကို ရံုးထုတ္ခဲ့ၿပီး လိုျပသက္ေသ ၈၀ ဦးအနက္မွ ၆၀ ဦးကို စစ္ေဆးမႈၿပီးဆံုးခဲ့ပါတယ္။အမႈကို ဒီဇင္ဘာ ၁ ရက္ေန႔မွာ ထပ္မံစစ္ေဆးမွာ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)

(unicode)

【 ပြည်တွင်း 】 အောင်ဝင်းခိုင် အား နေပြည်တော်သို့ ကားမောင်းပို့ခဲ့သူကို မမှန်သက်သေခံမှုဖြင့် တရားစွဲဆိုနိုင်ရန် ဆက်လက်လျှောက်ထားမည်ဟု ဆို
=================================================
ရန်ကုန်၊ နိုဝင်ဘာလ - ၂၄

အောင်ဝင်းခိုင် အား နေပြည်တော်သို့ ကားမောင်းပို့ခဲ့သူကို မမှန်သက်သေခံမှုဖြင့် တရားစွဲဆိုနိုင်ရန် ဆက်လက်လျှောက်ထားမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလ က ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ တရားရုံးစစ်ဆေးကြားနာမှုအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားပေးခဲ့ပါတယ်။

ထိုသို့ပြုလုပ်ရခြင်းမှာ သက်သေများအနေဖြင့် တရားရုံးတွင် လိမ်လည်ထွက်ဆိုပါက အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်တဲ့အတွက် လိမ်လည်ထွက်ဆိုမှုများ မဖြစ်ပေါ်အောင် လျှောက်ထားရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ရာဇဝတ်ကျင့်ထုံးဥပဒေအရ မမှန်သက်သေခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ကိစ္စကို ဆောင်ရွက်ဖို့လိုတယ်။လာမယ့်ရုံးချိန်းမှာ စတင်ပြီး လျှောက်ထားမယ်။လျှောက်ထားချက်အရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေအားလုံးကို တရားရုံးက လုပ်မယ်။လုပ်ပြီးတဲ့အခါကျရင် လိုအပ်တဲ့အမိန့်ချမှတ်တာတွေကို တရားရုံးက လုပ်မယ်။ မမှန်သက်သေခံမှုအတွက်ကို ဒါပထမဦးဆုံးအနေနဲ့ မမှန်သက်သေခံလို့ရှိရင် ဘယ်လိုပြစ်ဒဏ်မျိုး ကျရောက်နိုင်တယ်။
ဘယ်လိုအရေးယူမှု ပြုလုပ်နိုင်တယ်ဆိုတာကို သက်သေတွေအားလုံးကို ကြိုတင်သတိပေးတဲ့အနေနဲ့ ဒီကိစ္စကိုလျှောက်ထားတာ ဖြစ်ပါတယ်” လို့ ဦးနေလ က ဆက်လက်ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး၊ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးရဲလွင် က မမှန်သက်သေခံမှုကိစ္စအတွက် ရုံးတော်ကို တင်ပြလျှောက်ထားရန်အတွက် အမှုလိုက်ဥပဒေအရာရှိကို အထူးခုံရုံးက ညွှန်ကြားချက်ထုတ်ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဦးရဲလွင် က “အမှုလိုက်ဥပဒေအရာရှိက စာရွက်စာတမ်းတွေနဲ့ ပူးတွဲလျှောက်ထားပြီးမှ အထူးခုံရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၇၆ အရ ရာဇဝတ်အထွေထွေ ဖွင့်လှစ်ပြီးတော့ အရေးယူ သင့်၊ မသင့် ရာဇဝတ်အထွေထွေအမှုမှာ စုံစမ်းသွားမှာ ဖြစ်ပါတယ်။
ရာဇဝတ်အထွေထွေအမှုမှာဘဲ အရေးယူ သင့်၊ မယူသင့်ကို အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်းခရိုင်တရားရုံးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ရဲထွဋ်လှိုင် အား တရားလိုသက်သေအဖြစ် စစ်ဆေးခဲ့ရာ အောင်ဝင်းခိုင် ကို ဇေယျာဖြိုး ၏ ညွှန်ကြားချက်အရ နေပြည်တော်သို့ ပို့ဆောင်ပေးခဲ့ခြင်းကို တရားရုံးတွင် ထိမ်ချန်ထွက်ဆိုခဲ့သည့်အတွက် အရေးယူပေးရန် တရားလိုရှေ့နေများက ယင်းနေ့တွင်ပင် စတင်လျှောက်ထားခဲ့ခြင်း ဖြစ်ပါတယ်။ဦးကိုနီ လုပ်ကြံခံရမှု ၃၂ ကြိမ်မြောက်ရုံးချိန်းတွင် ကြည်လင်၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း တို့ိကို ရုံးထုတ်ခဲ့ပြီး လိုပြသက်သေ ၈၀ ဦးအနက်မှ ၆၀ ဦးကို စစ်ဆေးမှုပြီးဆုံးခဲ့ပါတယ်။အမှုကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ေအာင္ဝင္းခိုင္ အား ေနျပည္ေတာ္သို႔ ကားေမာင္းပို႔ခဲ့သူကို မမွန္သက္ေသခံမႈျဖင့္ တရားစြဲဆိုနိုင္ရန္ ဆက္လက္ေလွ်ာက္ထားမည္ဟု ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...