Tuesday, December 12, 2017

ကားစက်ပြင်သင်တန်း

,
မောင်းနေရင်းနဲ့
တချို့ဆလင်ဒါတွေကို
ဆီ(လောင်စာ)ပိတ်လိုက်လို့ရလား။

ရတာပေါ့
လေးလုံးထိုးအင်ဂျင်မှာ
မောင်းနေရင်းနဲ့
ဆလင်ဒါနှစ်လုံးကို
ဆီပိတ်လိုက်လို့ရတယ်။

လေးလုံးစလုံး မလိုတဲ့နေရာတွေဆို
ဆလင်ဒါ နှစ်လုံးကို ပိတ်ထားလိုက်တယ်။
အဲဒီစနစ်တွေ စသုံးနေပြီ။

*
မင်္ဂလာပါ။

ဒီဇင်ဘာ ၁ရက်နှင့်
ဒီဇင်ဘာ ၁၆ရက်များတွင်
တန်းခွဲသစ်များဖွင့်ပါမည်။

အင်ဂျင်ဒေါက်တာ
အင်ဂျင်းနီးယားရင်း
သင်တန်းကျောင်း
အမှတ် ၁၀၆၊ ၅၂လမ်း အလယ်ဘလောက်
(ကြေးမုံ သတင်းစာတိုက်ဘလောက်)
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

09774433314
09421144495
09775677714

*
သင်တန်းနဲ့ ပတ်သတ်တဲ့ အမေးအဖြေ ၂၀ ရှိပါတယ်။
ဖတ်ပေးပါခင်ဗျ။

(မေး ၁) သင်တန်းက စာတွေ့သင်တာလား လက်တွေ့သင်တာလား။
(ဖြေ ၁) ၂လသင်တန်းရဲ့ သင်ရိုးတည်ဆောက်ထားပုံက စာတွေ့နဲ့လက်တွေ့ကို ပေါင်းစပ်ထားတဲ့သင်ရိုးဖြစ်ပါတယ်။
မော်ဒယ်မြင့်ကားတစ်စီးကို စက်မှုနည်းပညာ လျှပ်စစ်နည်းပညာ အီလက်ထရောနစ်နည်းပညာ စတဲ့နည်းပညာတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
သင်တန်းမှာ မော်ဒယ်မြင့်ကားတွေမှာပါတဲ့ စနစ်တွေ ပေါင်းစပ်လည်ပတ်နေပုံကို အခြေခံကနေစပြီး သင်ကြားပါတယ်။

(မေး ၂) သင်တန်းအတွက် ပညာအရည်အချင်းသတ်မှတ်ချက်ရှိပါသလား။
(ဖြေ ၂) သင်တန်းအတွက် ပညာအရည်အချင်း သီးခြားသတ်မှတ်ချက် မရှိပါဘူး။ ပညာရပ်အပေါ်စိတ်ဝင်စားမှုအားကြီးတယ် ဇွဲကောင်းကောင်းနဲ့ လေ့လာသင်ယူမယ်ဆိုရင် အချိန် ၂လအတွင်း သင်ရိုးကုန် တတ်မြောက်နိုင်ပါတယ်။

(မေး ၃) အင်္ဂလိပ်စာအားနည်းတယ် တက်လို့ရပါ့မလား။
(ဖြေ ၃) တက်လို့ရပါတယ်။ ကားအကြောင်းရေးထားတဲ့အင်္ဂလိပ်စာက ကားပညာထက်ပိုလွယ်ပါတယ်။ သင်တန်းမှာ အင်္ဂလိပ်စာနဲ့ရေးထားတဲ့ ဖတ်စာအုပ်တွေကိုလိုက်ဖတ်နေရင်း အင်္ဂလိပ်စာနဲ့ အကျွမ်းတဝင် ရှိသွားပါလိမ့်မယ်။

(မေး ၄) သင်တန်းအတွက် ကွန်ပြူတာလိုအပ်ပါသလား။
(ဖြေ ၄) မရှိမဖြစ်တော့ မဟုတ်ပါ။ ရှိရင်ပိုကောင်းပါတယ်။
ကားနဲ့ပတ်သတ်တဲ့ ဆော့ဖ်ဝဲလ်တွေ ထည့်သွင်းဖို့အတွက် ဖြစ်ပါတယ်။
လက်ပတော့တစ်လုံး အိတ်စတာနယ် ဟာ့ဒစ် တစ်ထောင်ဂီဂါဗိုက်တစ်လုံးလိုအပ်ပါတယ်။
သင်တန်းပြီးလို့ လိုအပ်တဲ့အချိန်မှ ဝယ်လည်းရပါတယ်။
စမတ်ဖုန်းတစ်လုံးကတော့ မဖြစ်မနေလိုပါတယ်။

(မေး ၅) ကားနဲ့ ပတ်သက်လို့ အခြေခံမရှိတဲ့သူတွေ တက်လို့ရပါသလား။ ကားလဲမမောင်းတတ်ဘူး တက်လို့ရပါသလား။
(ဖြေ ၅) ရပါတယ်။ အခြေခံကစပြီး တစ်ဆင့်ချင်းသင်ကြားပေးတဲ့အတွက် ကားနဲ့ ပတ်သက်လို့ အခြေခံမရှိတဲ့သူတွေတက်လို့ရပါတယ်။ သင်တန်းတက်ဖို့ ကားမောင်းတတ်စရာမလိုပါ တက်လို့ရပါတယ်။

(မေး ၆) ကွန်ပြူတာမကိုင်တတ်သေးရင်လည်း သင်တန်းတက်လို့ရပါသလား။
(ဖြေ ၆) ရပါတယ်။ သင်တန်းမှာ ကွန်ပြူတာ ကိုင်တွယ်အသုံးပြုပုံနဲ့ ကားနဲ့ပတ်သတ်တဲ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုပုံတွေကို ဂရုတစိုက်သင်ကြားပေးပါတယ်။

(မေး ၇) ပညာအရည်အချင်းက အလယ်တန်းအဆင့်ပဲရှိပါတယ် တက်လို့ရပါ့မလား။
(ဖြေ ၇) ရပါတယ်။ ကြိုးစားအားထုတ်မှုပိုပြီးလိုအပ်ပါတယ်။ ပညာရပ်အပေါ်စိတ်ဝင်စားမှုအားကြီးတယ် မဆုတ်မနစ်ကြိုးစားတယ် သင်တန်းချိန်မှန်မှန်တက်ပြီး အိမ်စာမှန်မှန်လုပ်တယ်ဆိုရင် သင်ရိုးကုန်တတ်မြောက်နိုင်ပါတယ်။

(မေး ၈) သင်တန်းက လစဉ်တန်းခွဲသစ်တွေရှိပါသလား။
(ဖြေ ၈) ရှိပါတယ် လစဉ် တန်းခွဲသစ် ၂ကြိမ်ဖွင့်ပါတယ်။ လဆန်း ၁ရက် နဲ့ လလယ် ၁၆ရက်တွေမှာ တန်းခွဲသစ်တွေဖွင့်ပါတယ်။

(မေး ၉) လျှပ်စစ်အခြေခံ အီလက်ထရောနစ်အခြေခံတွေ မရှိဘူး။ သင်တန်းတက်လို့ရပါသလား။
(ဖြေ ၉) ရပါတယ်။ သင်တန်းမှာ လျှပ်စစ်အခြေခံ အီလက်ထရောနစ်အခြေခံတွေ သင်ကြားပေးပါတယ်။ ဝါယာရင်း ဒိုင်ယာဂရမ်ဖတ်ရတဲ့ သင်ခန်းစာတွေလည်းပါပါတယ်။ သင်တန်းအတွက် ဒစ်ဂျစ်တယ်မီတာတစ်လုံးလိုအပ်ပါတယ်။

(မေး ၁၀) နယ်ကလာတက်ရမှာမို့ အဆောင်စီစဉ်ပေးပါသလား။ အစားအသောက်ရော စီစဉ်ပေးပါသလား။
(ဖြေ ၁၀) သင်တန်းသားသီးသန့်အဆောင်ရှိပါတယ်။ အဆောင်ကြေးက တစ်လ ၃၅၀၀၀ ဖြစ်ပါတယ်။ အဆောင်က သင်တန်း ရုံးခန်းနဲ့ တစ်လမ်းထဲမှာဖြစ်ပါတယ်။ အဆောင်နားမှာ သန့်ရှင်းပြီးသက်သာတဲ့ ထမင်းဆိုင်တွေရှိပါတယ်။

(မေး ၁၁) သင်တန်းက နေ့တိုင်းတက်ရမှာလား။ ဘယ်အချိန်ကနေဘယ်အချိန်အထိသတ်မှတ်ထားပါသလဲ။
(ဖြေ ၁၁) သင်တန်းက နေ့စဉ်တက်ရပါမယ်။ မနက် ၉နာရီကနေ ညနေ ၄ နာရီအထိတက်ရမှာဖြစ်ပါတယ်။

(မေး ၁၂) သင်တန်းမှာ လက်တွေ့စစ်ဆေးတဲ့ကိရိယာတွေ ကိုယ်တိုင်ကိုင်ရမှာလား။ ကားတွေနဲ့ရော စစ်ဆေးရမှာလား။
(ဖြေ ၁၂) သင်တန်းမှာ စစ်ဆေးကိရိယာတွေ ကိုယ်တိုင်ကိုင်ရမှာပါ။ အနည်းဆုံး ၅ မျိုးကို ကိုင်တွယ်ပြီး စစ်ဆေးရမှာဖြစ်ပါတယ်။
(TIS Techstream Cable, Maxidas 708, Autoboss V30, AutoLand VeDis2, G-Scan2)
ကားတွေနဲ့လည်း တိုင်းတာစစ်ဆေးရပါတယ်။
(Toyota Vitz)

(မေး ၁၃) ဟိုက်ဘရစ် လျှပ်စစ်ကားအကြောင်း သင်တန်းမှာ သင်ပေးပါသလား။
(ဖြေ ၁၃) ဟိုက်ဘရစ်ကားနဲ့ပတ်သတ်တာ လျှပ်စစ်ကားနဲ့ ပတ်သတ်တာတွေ သင်ရိုးထဲမှာ ထည့်သွင်းထားပါတယ်။

(မေး ၁၄) သင်တန်းတက်ပြီးရင် အလုပ်ရနိုင်ပါသလား။
(ဖြေ ၁၄) သင်တန်းဆင်းတွေအတွက် အလုပ်တွေက အသင့်ရှိပါတယ်။
ကားလောကနဲ့ ရင်းနှီးပြီးသားသင်တန်းသားတွေကတော့ အလုပ်အကြောကို သီးပြီးသူတွေဖြစ်နေကြပါတယ်။ ကားလောကနဲ့ ရင်းနှီးမထားပေမယ့် သင်တန်းဆင်းလို့ သင်ရိုးကုန်စာကြေတယ် ပေါင်းသင်းဆက်ဆံရေးပြေပြစ်တယ်

ရိုးသားပြီးအလုပ်ကြိုးစားတယ် အလုပ်ခွင်စည်းကမ်းတွေကို နားလည်လိုက်နာနိုင်မယ် ဆိုရင် အလုပ်တွေက အသင့်ရှိပါတယ်။

(မေး ၁၅) သင်တန်းမှာ စာရွက်စာတမ်းကြေး စာအုပ်ကြေးတွေ ထပ်ပေးရပါသေးလား။
(ဖြေ ၁၅) သင်တန်းကာလ ၂လအတွက် စာရွက်စာတမ်းကြေးအပါ သင်တန်းကြေး ၅သိန်းဖြစ်ပါတယ်။ သင်တန်းမှာ သင်ရိုးလမ်းညွှန် ဖတ်စာ လေ့ကျင့်ခန်း စသဖြင့် စာရွက်စာတမ်းတွေ ပြည့်စုံအောင် စီစဉ်ထားရှိပါတယ်။

စာရွက်စာတမ်းကြေးသီးခြားထပ်ပေးရန်မလိုပါ။

(မေး ၁၆) သင်တန်းပြီးသွားရင် ကိုယ်ပိုင်ဝပ်ရှော့ချက်ခြင်းဖွင့်လို့ရသလား။
(ဖြေ ၁၆) ကားလောက ယဉ်မောင်းလောက စက်ပြင်လောက ကားပစ္စည်းလောက အပိုပစ္စည်းလောက စတဲ့ ကားပတ်ဝန်းကျင်တွေမှာ ရင်နှီးကျွမ်းဝင်ထားသူဆိုရင် ဝပ်ရှော့ချက်ခြင်းဖွင့်လို့ရပါတယ်။

ကားလောကနဲ့ အစိမ်းဖြစ်နေတယ်ဆိုရင်တော့
မိတ်ဆွေဝပ်ရှော့တွေမှာအတွေ့အကြုံယူဖို့ လိုပါမယ်။

(မေး ၁၇) သင်ရိုးထဲမှာ ဘာတွေပါပါသလဲ။ သင်တန်းက ဘာတွေသင်ပေးတာပါလဲ။
(ဖြေ ၁၇) မော်ဒယ်မြင့်ကားတွေမှာပါတဲ့ စက်ကရိယာတွေက ဘယ်လိုဟန်ချက်ညီညီနဲ့လည်ပတ်နေသလဲ။ ကွန်ပြူတာစနစ်က မော်တော်ကားကို ဘယ်လိုစီမံခန့်ခွဲနေတယ်။ အင်ဂျင်ကဘယ်လိုအလုပ်လုပ်နေတယ်။

ကွန်ထရိုးဆားကစ်ပတ်လမ်းတွေဘယ်လိုရှိနေတယ်။
ကားကွန်ပြူတာဘောက်နဲ့ ဆင်စာတွေဘယ်လိုချိတ်ဆက်ထားတယ်။ ကားရဲ့ဆားကစ်ပတ်လမ်းမှာပါတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုစစ်ဆေးရတယ်။ ကားကွန်ပြူတာစနစ်ကို ဘယ်လိုပြစ်ချက်ရှာရတယ်။

ကွန်ပြူတာဆော့ဝဲလ်တွေသုံးပြီး ဘယ်လိုအဖြေထုတ်ရတယ်။
စတာတွေ သင်ပေးတာဖြစ်ပါတယ်။

(မေး ၁၈) သင်တန်းမှာ အင်ဂျင်ကိုင်ရတာကောပါပါသလား။
(ဖြေ ၁၈) သင်တန်းမှာ အင်ဂျင်အဖြုတ်အတပ်လုပ်ရပါတယ်။ ၃လုံးထိုး ၄လုံးထိုး ၆လုံးထိုး ၈လုံးထိုး အင်ဂျင်တွေ နဲ့ ဂီယာဘောက်တွေကို အဖြုတ်အတပ်လုပ်ရပါတယ်။ ကားကွန်ပြူတာဘောက်နဲ့ ဆက်သွယ်ထားတဲ့

ဆင်စာတွေ အကြူရေတာတွေကို
ဆော့ဖ်ဝဲလ်တွေကရရှိလာတဲ့ အချက်အလက်တွေနဲ့ အသုံးချပြီး ဝါယာရိမ်းလိုက် စစ်ဆေးရတာတွေလည်း သင်ရိုးထဲမှာပါပါတယ်။ မော်ဒယ်မြင့်ကားတစ်စီး မှာပါတဲ့ စနစ်တွေကို မိတ်ဆက်သင်ပေးပါတယ်။

အင်ဂျင်လည်ပတ်ဆောင်ရွက်ပုံကိုတော့
အသေးစိပ်နီးပါးသင်ပေးပါတယ်။ ဂီယာဘောက် ဆောင်ရွက်ပုံနဲ့ ဂီယာစနစ်တွေလည်း သင်ကြားပေးပါတယ်။ အီလက်ထရစ်နဲ့အီလက်ထရောနစ်အခြေခံတွေလည်း သင်ပေးပါတယ်။

ကွန်ပြူတာအခြေခံနဲ့ ကားနဲ့ပတ်သတ်တဲ့ဆော့ဖ်ဝဲလ်တွေ
ကိုယ်တိုင်ကိုင်တွယ်တတ်အောင်လည်း သင်ပေးပါတယ်။ ဝါယာရင်းဒိုင်ယာဂရမ်တွေ ကိုယ်တိုင်ဖတ်နိုင်အောင်လည်း သင်ကြားပေးပါတယ်။

(မေး ၁၉) ဒီဇယ်နဲ့ ကားကြီးတွေအတွက်ရော သင်ရိုးထဲမှာ ပါပါသလား။
(ဖြေ ၁၉) ဓါတ်ဆီ ဒီဇယ် စတဲ့လောင်စာတွေရဲ့ ဂုဏ်သတ္တိ ကွဲပြားခြားနားပုံ အသေးစိပ်နဲ့ ဒီဇယ်အင်ဂျင်တွေအကြောင်း အခြေခံမိတ်ဆက် သင်ကြားပေးပါတယ်။

(မေး ၂၀) သင်တာတွေက အများကြီးပဲ။ နေ့တိုင်းလည်း မနက်ကနေ ညနေအထိ သင်နေရတော့ စာမလိုက်နိုင်မှာ စိုးရတယ်။ တကယ်လို့ စာမကြေဘူးဆိုရင် ထပ်တက်လို့ရပါသလား။ ထပ်တက်မယ်ဆိုရင် ငွေထပ်ပေးရသေးလား

သိချင်လို့ ဖြေပေးပါ။

(ဖြေ ၂၀) သင်တန်းမှာ နည်းပြ သရုပ်ပြ ဆရာတွေ စုစုပေါင်း ၁၀ယောက်ကျော် ရှိပါတယ်။ သင်တန်းသားတွေကို အနီးကပ်အကဲဖြတ်တာတွေ ရှိပါတယ်။ စာမကြေတဲ့ သင်တန်းသားကို သင်ခန်းစာရှေ့မတက်ပဲ အတန်းထပ်တက်ခိုင်းတာ

တွေရှိပါတယ်။ ၂လသင်တန်းက ၃လ ၄လ ဖြစ်သွားတဲ့သူတွေရှိပါတယ်။ လူငယ်တွေအတွက် ဘဝအာမခံချက်ရှိသွားအောင် ဂရုတစိုက်သင်တဲ့ သင်တန်းဖြစ်ပါတယ်။ သင်ယူသူဘက်ကလည်း ဇွဲကောင်းဖို့လိုပါတယ်။

သင်တန်းတက်ရက်မှန်ဖို့လိုပါတယ်။ အိမ်စာမှန်မှန်လုပ်ဖို့လိုပါတယ်။ မိမိကိုယ်မိမိ စခန်းသွင်းလေ့ကျင့်နေတယ်လို့ သတ်မှတ်ထားဖို့လိုပါတယ်။
အပိုထပ်တက်ရတဲ့လတွေအတွက် ငွေထပ်ပေးစရာမလိုပါ။

မေး
သင်တန်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ လစာဘယ်လောက်ရပါသလဲ။

ဖြေ
သင်တန်းမတက်ခင်ကတည်းက ကားလောကနဲ့ရင်းနှီးထားသူတွေက လစာကောင်းကြပါတယ်။
ကားလောကနဲ့ မရင်းနှီးသေးတဲ့သူတွေကတော့ မိတ်ဆက်ကာလတစ်ခုကို ကျော်ဖြတ်ရပါမယ်။
သင်တန်းကပို့ချလိုက်တာတွေနဲ့
ကိုယ်ပိုင်အရည်အသွေး
လုပ်ငန်းလိုအပ်ချက် စတာတွေ ပေါင်းစုံမိအောင် ဆောင်ရွက်နိုင်သူကတော့ လစာဝင်ငွေ ကောင်းပါတယ်။

*
အင်ဂျင်ဒေါက်တာ
အင်ဂျင်းနီးယားရင်း
သင်တန်းကျောင်း

အမှတ် ၁၀၆၊ ၅၂လမ်း အလယ်ဘလောက်
(ကြေးမုံ သတင်းစာတိုက်ဘလောက်)
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

09774433314
09421144495
09775677714


https://m.facebook.com/story.php?story_fbid=519194441769563&id=431953810493627

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကားစက်ပြင်သင်တန်း”

Post a Comment

Related Posts Plugin for WordPress, Blogger...