Saturday, December 2, 2017

အိပ်ထောင်စုမူရင်း များစွာ နှင့် မှတ်ပုံတင်ပေါင်း ၁၅၀ ပါ အထုတ်ကို ပစ်ချထား

,
၂..၁၁..၁၇
-
ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ ယနေ့နံနက် ( ၆ )နာရီတွင် ကျန်းမာရေးအတွက်
အားကစား လေ့ကျင့်ခန်းလုပ်နေကြစဉ် အနီးရှိသစ်ပင်ခြေရင်းတွင် မသင်္ဂါဖွယ်
အထုတ်တစ်ခုကို ဦးသိန်းဝင်း( MHA )တို့က စတင်တွေ့ရှိ၍ ကြည့်ရှု စစ်ဆေးကြည့်ရာ
မှတ်ပုံတင် မူရင်းအစစ်( ၁၅၀) ကျော်နဲ့ သန်ခေါင်စာရင်း မူရင်းအစစ် ရေစိုနေသည့် အရေတွက် မြောက်များစွာ တွေ့ရှိရတယ်။
-
ဒါကို ဗဟန်းမြို့နယ်ရဲစခန်းသို့ အကြောင်းကြားပြီး နယ်ထိန်းတာဝန်ခံ
အရာရှိကို ပေးအပ်ခဲ့တယ်လို့ ``Thein Win ``ဖေ့ဘွှတ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
-
မှတ်ပုံတင်တွင် လိပ်စာအမျိုးစုံပါပြီ အမရပူရ မန္တလေး ရန်ကုန် အပြင် အခြားမြို့များ လဲပါဝင်ပါတယ် လို့ဆိုပါတယ်။
-
အဲဒါ ရဲတပ်ဖွဲ့ဘက်က လိုက်ဖို့လိုတယ် မှတ်ပုံတင်ရုံးကတော့ အခုလို အဟောင်းအသစ်
လဲတဲ့ မှတ်ပုံတင်တွေကို အခုလိုပြီးစလွယ် လာပစ်ထား မယ်လို့တော့ မထင်ဘူး။
-
လူကုန်ကူးမှု ဖြစ်နေမလား ဒါမမဟုတ် ရာဇ၀တ်မှု တခုခုများ ဖြစ်နေမလား ။
မှတ်ပုံတင်တွေ ရှိနေတာဘဲ့ ရဲစခန်းက မှတ်ပုံတင်ပါ လိပ်စာတွေရဲ့ လူတွေကို
လှမ်းစစ်ဆေးသင့်တယ်။
===========
ဧပရယ်မောင်မောင်
Ulay Gyi

https://m.facebook.com/story.php?story_fbid=363381820773992&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အိပ်ထောင်စုမူရင်း များစွာ နှင့် မှတ်ပုံတင်ပေါင်း ၁၅၀ ပါ အထုတ်ကို ပစ်ချထား”

Post a Comment

Related Posts Plugin for WordPress, Blogger...