Saturday, December 2, 2017

NVC ကဒ်အငြင်းပွားမှု ပြဿဿ နာအပေါ်သုံးသပ်တင်ပြချက် အပိုင်း(၁)

,
     လ.ဝ.က အမြဲတမ်းအတွင်းဝန်၏ (၁၅.၁၁.၂၀၁၇)
ရက်စွဲပါစာ အပိုဒ်-၂(ဃ)တွင် " မြန်မာနိုင်ငံအတွင်း
အစဉ်အဆက်နေထိုင်သူမှန်ကန်သော်လည်း အိမ်
ထောင်စုလူဦးရေစာရင်းဖြင့်ဖြစ်စေ၊ ကိုင်ဆောင်သင့်
သည့် မှတ်ပုံတင်တစ်မျိုးမျိုးဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ
ရရှိကိုင်ဆောင်ထားခြင်းမရှိသည့် နိုင်ငံသားစိစစ်မှုခံ
ယူရန်လိုအပ်သူများသည် NV Card ကိုင်ရမည်ဟု"
ဖော်ပြထားရာ
၁။          အိမ်ထောင်စုလူဦးရေစာရင်းပုံစံ-၆၆/၆ဖြင့်
သက်ဆိုင်ရာမြို့နယ် လ.ဝ.ကရုံးတွင် စာရင်းရှိသူများ
သည် NV Card ကိုင်ရန်မလိုဟု ဆိုလိုခြင်းဖြစ်သည်။

၂။          ၁၉၅၁-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအ
တွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ"၈"
နှင့်အညီ ၁၉၅၅-ခုနှစ်မှ ၁၉၅၈-ခုနှစ်အတွင်း နည်း
ဥပဒေပုံစံ-၁ တွင် နေထိုင်သူအဖြစ် မှတ်ပုံတင်ထား
ကြသူများနှင့် ၎င်းတို့၏သား၊မြေးများကို လ.ဝ.က
ပုံစံ-၆၆/၆ ဖြင့် တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း
ထုတ်ပေးခဲ့ခြင်းဖြစ်ရာ လ.ဝ.ကရုံးတွင် ပုံစံ-၆၆/၆ မူ
ရင်းနှင့် ပုံစံ-၁ မူရင်းတို့ ရှိနေပါသည်။

၃။          ပုံစံ-၁ တွင် ပြည့်စုံစွာ စာရင်းရေးသွင်းပြီးသူ
များကိုသာ ပုံစံ-၂ ဖြစ်သည့် သက်သေခံကတ်ပြား၊
ပုံစံ-၃ ဖြစ်သည့် ယာယီသက်သေခံလက်မှတ်နှင့်
နိုင်-၆(က) နိုင်ငံသားစိစစ်ရေးကတ်ပြား စသည့်
မှတ်ပုံတင်တစ်မျိုးမျိုးကို ထုတ်ပေးခဲ့ရာ အကယ်၍
ထိုမှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာ
ရင်းတို့ ပျက်ဆီးပျောက်ဆုံးသွားသည် ဆိုလျှင်ပင်
သက်ဆိုင်ရာ လ.ဝ.က ရုံးတွင် မူရင်းရှိနေပါသည်
၁၉၉၀-ပြည့်နှစ် မဲဆန္ဒရှင်စာရင်းတွင် လည်းမှတ်ပုံ
တင်အမှတ် ထည့်သွင်းဖော်ပြထားသော မဲစာရင်းရှိ
နေပါသည်။

၎။          လူ၏ "ဂရန်"ဟု တင်စားခေါ်ဆိုနိုင်သည့် ပုံ
စံ-၁ ကို ပြုစုစဉ်ကမူရင်း (၃)စောင်ပြုစုခဲ့ရာ မြို့နယ်
ခရိုင်နှင့်ရုံးချုပ်တို့တွင် မူရင်း(၁)စောင်စီရှိနေမည်ဖြစ်
ပါသည်။ န.ဝ.တ အစိုးရလက်ထက်က တစ်ပြည်လုံးရှိ
ပုံစံ-၁ များကို ကွန်ပျူတာစာရင်းတွင် ရေးသွင်းမှတ်
တမ်းတင်ထားသဖြင့် လ.ဝ.က မြို့နယ်ရုံးတွင် မူရင်းပုံစံ-၁ရှာမတွေ့ဟုဆိုလျှင် မူရင်း(၂)စောင် ရှိနေဦး
မည်ဖြစ်ပါသည်။

၅။          လ.ဝ.က ဦးစီးဌာနသည် စနစ်တကျဖွဲ့စည်း
ထားသောဌာနဖြစ်၍ ၁၉၄၈-ခုနှစ်မှ ၁၉၅၀-ခုနှစ်အ
တွင်း ၁၉၄၈-ခုနှစ်ဥပဒေ(၂)ခုအရ နိုင်ငံသားလျှောက်
ထားခဲ့ကြသည့် လျှောက်လွှာများပင် နေပြည်တော်
လ.ဝ.က ရုံးချုပ်တွင် ယနေ့တိုင်ရှိနေသည်ဖြစ်ရာ
၁၉၅၅-ခုနှစ်မှ ၁၉၅၈-ခုနှစ် အတွင်းက ရေးသွင်းခဲ့
သည့်ပုံစံ-၁ မှာ ပျောက်ပျက်ရန် အကြောင်းမရှိပါ။

၆။          ရခိုင်ပြည်နယ်မှ မွတ်ဆလင်(၅၀၀၀၀၀)ခန့်
သည် ထိုပုံစံ-၁ အရ ထုတ်ပေးထားသည့် ပုံစံ-၂ သက်
သေခံကတ်ပြားကို အကြောင်းပြု၍ နိုင်ငံသားဆိုင်ရာ
လုပ်ထုံးလုပ်နည်းစာအုပ် နိုင်-၁ တွင် စာရင်းသွင်းပြီး
နိုင်-၂ ဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင်
လျှောက်ထားခဲ့ဖူးရာ ထိုမှတ်တမ်းမှတ်ရာ မူရင်းများ
ပြည်သူလူထုလက်ဝယ်တွင် မရှိသော်လည်း လ.ဝ.က
မြို့နယ်ရုံးများတွင် ရှိနေပါသည်။

၇။          ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို ပုံစံ နိုင်-
၆(က) နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရမည့်အစား
ပုံစံ-၂ သက်သေခံကတ်ပြား (၅၀၀၀၀၀)ခန့်ကို သိမ်း
ဆည်းပြီး ပုံစံ-၃ ယာယီသက်သေခံလက်မှတ်များ
ထုတ်ပေးခဲ့ရာ ထိုလက်မှတ်ကို နှစ်(၂၀)ခန့် ကိုင်
ဆောင်ပြီးနောက် ပထမအကြိမ်လွှတ်တော်သက်တမ်း
တွင် ယာယီသက်သေခံလက်မှတ်များကို ပြန်လည်
သိမ်းဆည်းခဲ့ပါသည်။

၈။          ယာယီသက်သေခံလက်မှတ် ပုံစံ-၃ မူရင်း
များမှာ လ.ဝ.က ရုံးအဆင့်ဆင့်တွင် ရှိနေရမည်ဖြစ်ပါ
သည်။

၉။          ထိုပုံစံ-၃ မှာ ပုံစံ-၁  နေထိုင်သူများစာရင်းတွင်
ပြီးပြည့်စုံစွာ စာရင်းသွင်းပြီးဖြစ်သည်ဟု စာရင်းထိန်းက
တွေ့ရှိမှသာ ထုတ်ပေးသည့်လက်မှတ်ဖြစ်ကြောင်း
နည်းဥပဒေ-၁၃ အရသိရှိရပါသည်။

၁၀။          အထက်တွင်ဖော်ပြထားသော ပုံစံ-၁၊ ပုံစံ-၂၊
 ပုံစံ-၃၊ ပုံစံ-၆၆/၆၊ နိုင်-၁၊ နိုင်-၂ စသည့် အ
ထောက်အထားများမှာ လ.ဝ.က ရုံးအဆင့်ဆင့်တွင်
ရှိနေပြီးဖြစ်သူများသည် မည်သည့်အထောက်အထား
မျှ မရှိသူများမဟုတ်ဘဲ သက်ဆိုင်ရာဌာနတွင် အ
ထောက်အထား မူရင်းရှိသူများသာ ဖြစ်ကြပါသည်။

၁၁။          မော်လဝီအဖွဲ့မှ သက်ဆိုင်ရာဌာသို့သဘောထား တင်ပြခဲ့သည့်စာတွင် မည်သည့်သက်သေခံ စာရွက်စာတမ်းအထောက်အထားကိုမျှ ကိုင်ဆောင်ခဲ့ဖူးခြင်းမရှိသေးသူများသည် NV Cardကို ကိုင်ဆောင်ရန် သဘောထားမှတ်ချက်ပေးထားသည်မှာ ၎င်းတင်ပြစာစာအပိုဒ်-၂တွင်အသေးစိတ်ဖော်ပြထားသော စာရွက်စာတမ်းကို လက်ဝယ်ကိုင်ဆောင်ခဲ့ဖူးကြသူများကို ဆိုလိုခြင်း မဟုတ်ကြောင်းသုံးသပ်တွေ့ရှိရသည်။

၁၂။          ယခုအခါ နိုင်-၆(က)၊ ပုံစံ-၂၊ ပုံစံ-၃၊ ပုံစံ-
၆၆/၆ တို့ လက်ဝယ်ရှိနေသူများကိုပင်  NV Card
မကိုင်ပါက ခရီးသွားလါခွင့်ပိတ်ပင်ခြင်း၊ စီးပွားရှာဖွေ
ခြင်း၊ ငါးဖမ်းရန် ရွာအပြင်သို့ ထွက်ခွင့်မရခြင်းများ ရှိနေ
ခြင်းမှာ ဥပဒေမဲ့လုပ်ရပ်သာ ဖြစ်ပါသည်။
ဥပဒေနှင့်ဆန့်ကျင်သောမလျှော်သြဇာကိုကျင့်သုံးခြင်းဖြစ်၍အဆင့်ဆင့်တင်ပြသင့်ပါသည်

၁၃။          ၁၉၈၂-ခုနှစ်၊ နိုင်ငံသားဥပဒေပုဒ်မ-၆၅ အရ
နိုင်ငံသားဖြစ်ထိုက်သူ  ဧည့်နိုင်ငံသား၊ နှင့်နိုင်ငံသား
ပြုခွင့် ရသူတို့ကိုသာ စိစစ်ခွင့်ရှိပါသည်။ နိုင်ငံခြားသား
ဖြစ်လျှင် ပုဒ်မ-၆၅ အရ စိစစ်ခွင့်မရှိပါ။ ပုဒ်မ-၇၂ အရ
နိုင်ငံသား(၃)မျိုးအနက် အနိမ့်ဆုံးဖြစ်သည့် နိုင်ငံ
သားပြုခွင်(ပုဒ်မ-၅၆ )ကိုပင် မည်သည့်နိုင်ငံခြား
သားမျှ လျှောက်ထားခွင့်မရှိစေရဟု၁၉၈၂ဥပဒေတွင် ပြဌာန်းထားသဖြင့်
NV Card ကိုင်ဆောင်ခွင့်ရသူသည် နိုင်ငံခြားသား
မဖြစ်နိုင်ပါ။

         သို့ရာတွင် NV Cardကို အချိန်ကြာမြင့်စွာကိုင်
ဆောင်ထားရပါလျှင် ထိုကတ်ဖြင့် နိုင်ငံသားများသာ
ဆောင်ရွက်ခွင့်ရှိသည့်ကိစ္စရပ်များကို လုပ်ဆောင်
ဆောင်ရွက်ရမည် မဟုတ်သည်ကိုလည်း သိထား
သင့်ပါသည်။ လက်တွေ့ပိုင်းတွင်မူ ကွယ်လွန်သူ၏ သေစာရင်းလက်မှတ်၊ သဂြိုဟ်မြှပ်နှံခွင့် ရရှိရန်ပင် အခက်အခဲရှိနေပါသည်။
မိမိ၃ ခေါက်ချိုးကိုင်ဆောင်စဉ်ကပိုင်ဆိုင်ခွင့်ရှိခဲ့သောမြေယာများ ဥယျာဉ်ခြံမြေများ လုပ်ကိုင်ရခဲ့သည်လယ်ယ်ယာမြေများကိုပင်နိုင်ံငံသားမဖြစ်သေးဟုအကြောင်းပြပြီးသိမ်းဆည်းခြင်းခံရနိုင်သည်။

(ဆက်လက်ဖော်ပြပါဦးမည်။)
Crd
Maung Maung

https://m.facebook.com/story.php?story_fbid=1473116042737477&id=153935521322209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ NVC ကဒ်အငြင်းပွားမှု ပြဿဿ နာအပေါ်သုံးသပ်တင်ပြချက် အပိုင်း(၁)”

Post a Comment

Related Posts Plugin for WordPress, Blogger...