Sunday, June 24, 2018

အာဏာသိမ်းမယ်လို့ ချိန်းခြောက်ခဲ့တယ်လို့ဆို

,
ဒီသတင်းဟာ သိပ်အရေးကြီးပါတယ်။ ၀ိုင်းရှယ်ပေးပါ။
-----------------------------------
ဘန်ကောက်ပို့စ်က ဆောင်းပါးရှင် လယ်ရီဂျေဂင် (Larry Jagan) ရဲ့ ဆောင်းပါးအရဆို လွန်ခဲ့တဲ့ သတင်း ၂ ပတ်လောက်က ပြည်သူ့လွှတ်တော်ကို တစ်ရက်ပိတ်ပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ စစ်တပ်ခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှာ ကာပုလေးက အာဏာသိမ်းမယ်ဆိုတဲ့ စကားနဲ့ ချိန်းခြောက်ခဲ့ပါသတဲ့။

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အသစ်မှာ  နိုင်ငံခြားသားတစ်ဦးကို ထည့်သွင်းမဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေက အပြင်းအထန်ကန့်ကွက်ခဲ့တဲ့အပြင်၊

အာဏာသိမ်း မယ်ဆိုတဲ့ စကားနဲ့လည်းချိန်းခြောက်ခဲ့ပါသတဲ့။

လယ်ရီဂျေဂင်ရဲ့ ဆောင်းပါးမှာ အောက်ပါအတိုင်းရေးထားပါတယ်။

"လုံခြုံရေးဆိုင်ရာ တံခါးပိတ်အစည်းအဝေးအတွင်းမှာ တပ်မတော်ခေါင်းဆောင်က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး စစ်အုပ်ချုပ်ရေးနဲ့ ခြိမ်းခြောက်ပြီး ဒေါသတကြီးပြောခဲ့တယ်လို့ တပ်မတော်ထိပ်ပိုင်းနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။"

"အစိုးရအနေနဲ့ မစီမံနိုင်ရင် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအတိုင်း အာဏာပြန်ယူနိုင်တယ်လို့ ပြောခဲ့တာကြောင့် တစ်နိုင်ငံလုံးကို ရည်ညွှန်းတာလား၊ ရခိုင်ပြည်နယ်တစ်ခုတည်းကိုပဲ ရည်ညွှန်းတာလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။"

ဒါ့ကြောင့် ဒ်ီမိုကရေစီကိုချစ်မြန်နိုးတဲ့ပြည်သူအားလုံး စုစုစည်းစည်းရှိနေစေချင်ပြီး၊

စစ်တပ်က အာဏာသိမ်းမယ်လို့ တရားဝင် စကားလုံးနဲ့ဘဲ ထုတ်ဖော်ချိန်းခြောက်လာရင်ဖြစ်စေ၊ တကယ်ဘဲ အာဏာသိမ်းဘို့ လုပ်လာရင်ဖြစ်စေ၊

ပြည်သူအားလုံးလမ်းပေါ်ထွက်ပြီး ကျည်ဆံတွေကို ရင်ဆိုင်ဘို့အသင့်ဖြစ်ကြောင်းနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေအားလုံးကို ရင်ဆိုင်အသက်စွန့်တိုက်ပွဲဝင်ဘို့အသင့်ဖြစ်ကြောင်း အားလုံး အချင်းချင်းအသိပေး တပ်လှန့်ထားပါ။ နီးစပ်ရာအလိုက် အစုအဖွဲ့များပြုလုပ်ကြပါ။

သတိသည် ပိုသည်မရှိ။ လိုသည်သာရှိပါသည်။

1988 နဲ့ 2007 မှာအသက်ပေးသွားတဲ့ ၀ိညဉ်များသည် မြန်မာပြည်၏ကောင်းကင်ယံမှာ မပြီးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကြီးအတွက် ဆက်လက်ပျံဝဲ နေသည်။
--------------------------
#DYM

https://m.facebook.com/story.php?story_fbid=149103895962635&id=100025890763048

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အာဏာသိမ်းမယ်လို့ ချိန်းခြောက်ခဲ့တယ်လို့ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...