Saturday, October 6, 2018

မျိုးချစ်​ဗမာ့တပ်​မ​တော်

,
မြန်​မာအမျိုးသား​တပ်​မ​တော်​ရဲ့ အစကိုကြည့်မယ်​ဆိုရင်​လျှင်​ မျိုးချစ်​ဆိုတာကြီးကပါတယ်​။Patrioatic Burmese Force မျိုးချစ်​ဗမာ့တပ်​မ​တော်​တဲ့။ဗမာ/ဗုဒ္ဓ
ကိုကိုယ်​စားပြုတာပဲ။အခုလည်း ဘာကွာလဲ။ဗမာ/ဗုဒ္ဓ
တပ်​မ​တော်​ သို့မဟုတ်​ မြန်​မာ့တပ်​မ​တော်​ဆိုတာ ဒါပဲ​လေ။

သမိုင်းတစ်​​လျှောက်​ ရှမ်းတပ်၊ရခိုင်​တပ်​၊မွန်​တပ်​၊ကချင်​တပ်​ စသဖြင့် အသီးသီး ကိုယ့်တပ်​နဲ့ကိုယ်​လွတ်​လပ်​စွာ ရှင်​သန်​ခဲ့
ကြရတာပါ။သီ​ပေါ်နဲ့သူ့မယားနွားလည်း​ပေါ်ငုပ်​တုပ်​ပါသွားတဲ့ရတနာပုံဇာတ်​သိမ်းခန်းရဲ့ ​နောက်​ဆက်​တွဲ ကိုလိုနီ​ခေတ်​ အင်္ဂလိပ်​အစိုးရတပ်​မ​တော်​မှာလည်းပဲ အလားတူ တိုင်းရင်းသားတပ်​​တွေပဲ​နေရာရခဲ့ကြတာပါ။

ဥပမာ ကိုလိုနီ​ခေတ်​ Burma Rifles တပ်​ရင်းဆိုရင်​ တိုင်းရင်​ ကရင်​ ကချင်​​​တွေချည်းပဲ။နောက်​ပိုင်းမှဗမာအမျိုးသား​တပ်​အနည်းငယ်​​ပေါ်လာတာပါ။

မြန်​မာ့တပ်​မ​တော်​ဟာ စဖွဲ့ကတည်းက တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်​တဲ့ Federal Army မဟုတ်​ခဲ့ဘူး။ဂျပန်​နဲ့အတူဝင်လာတဲ့တပ်​ဆိုရင်​ဓားပြတပ်​မ​တော်​လို့​တောင်​​ပြောလို့ရတယ်​။လူရှိပြီးလက်​နက်​ရှိရင်​တပ်​မ​တော်​ဖွဲ့လို့ရပြီလို့ အဲဒီ​ခေတ်​မြန်​မာ​တွေယူဆထားပုံပဲ။ယ​နေ့မြန်​မာတပ်​မ​တော်​ရဲ့ နည်းနာ​တွေဟာလည်း ဗြိတိန်​ဟာ​တွေပဲ​လေ။မရှက်​မ​ကြောက်​နယ်​ချဲ့ဆိုပြီးအပုပ်​ချ​နေတဲ့နွား​တွေကိုအံ့သြတာက အရာရာနယ်​ချဲ့ဟာပဲယူသုံး​နေကြပြီးနယ်​ချဲ့မ​ကောင်း​ကြောင်း​ပြောပြီးဂုဏ်​ယူ​နေကြတယ်​။နယ်​ချဲ့နည်းနာနဲ့လွှတ်​တဲ့ ကဏ္ဍတစ်​ခု​လောက်​ခင်​ဗျားတို့ပြနိုင်​ရင်​ကြည့်ချင်​မိတယ်​။

မြန်​မာတပ်​မ​တော်​ရဲ့ အ​တွေးအ​ခေါ်ဆိုတာ တို့ဗမာအစည်းအရုံးရဲ့ ခပ်​ပိန်းပိန်း အမျို ဘာသာ သာသနာ ပဲ။ဒီထက်​ပိုတဲ့ အိုင်​ဒီယာ မရှိဘူး။ဒါ​တွေဟာ အ​ပေါ်ယံကြည့်ရင်​​တော့သိပ်​ထူးဆန်းမှာမဟုတ်​ဘူး။အတွင်းအနှစ်​သာရ​တွေကိုဆင်းသက်​ကြည့်မှမြင်​ရမှာပါ။လွတ်​လပ်​​ရေးယူပြီး မြန်​မာအမျိုးသားနိုင်​ငံစ​ပေါ်မယ်​ကြံခါရှိ​သေးတယ်​ လူမျိုးနိုင်​ငံ​တော်​ကို တည်​​ထောင်​ဖို့ကြိုးစားကြ​တော့တာပဲ။အမျိုးသားနိုင်​ငံနဲ့ လူမျိုးနိုင်​ငံမတူဘူး။လွတ်​လပ်​​ရေး​ခေတ်​မြန်​မာ​ခေါင်း​ဆောင်​​တွေအားလုံး ပ​ဒေသရာဇ်​​ခေတ်​က ဗမာကြီးစိုးတဲ့အိုင်​ဒီယာ​တွေကိုပဲ ပြန်​ယူ
ပြီး ​ခေတ်​သစ်​ပ​ဒေသရာဇ်​အာဏာရှင်​စနစ်​နဲ့တိုင်းပြည်​ကိုပုံစံချခဲ့ကြသူ​တွေပါ။တကယ်​​တော့သူတို့မသိလို့ဖြစ်​တယ်​လို့ကျ​နော်​ထင်​တယ်​။ဘာလို့ဆို​တော့ အမြဲလည်း​ပြောပါတယ်​။လွတ်​လပ်​​ရေး​ခေတ်​မြန်​မာ​ခေါင်း​ဆောင်​​တွေမှာ နိုင်​ငံတကာအဆင့်အတန်းနဲ့​ဘောင်​၀င်​တဲ့ ​တွေး​ခေါ်နိုင်​စွမ်းရှိတဲ့ လူပုဂ္ဂိုလ်​မပါခဲ့ဘူး။အားလုံးသူပုန်​​ကျောင်း​သားအဆင့်ပဲ။ကိုယ်​သိတဲ့ပုံစံကို ကိုယ်​ခံယူထားတဲ့ အမျိုးသား​ရေး ဘာသာ​ရေးအယူအဆ​တွေနဲ့ တန်​ဆာဆင်​ပြီး ဗမာ့မျိုးချစ်​တပ်​မ​တော်​၊ဗမာမျိုးချစ်​ပါတီစတဲ့ ဘာ​သောက်​သုံးမှမကျတဲ့​ခေါင်းစဉ်​နဲ့ပါတီအဖွဲ့အစည်း​တွေဖွဲ့ကြ၊ရန်​​တွေဖြစ်​ကြ၊ကွဲကြပြဲကြ၊တိုက်​ကြခိုက်​ကြ၊​သောက်​ပုပ်​​တွေ​ဖော်​ကြ၊ပြီး ၁၉၆၂မှာအာဏာသိမ်းခံလိုက်​ရတာမဟုတ်​လား။

သမိုင်းတစ်​​လျှောက်​ကိုယ့်တပ်​နဲ့ကိုယ်​​နေလာတဲ့ တိုင်းရင်းသားလက်​နက်​ကိုင်​တပ်​ရင်း​တွေအားလုံး အမျိုးသားနိုင်​ငံ​ခေတ်​ကျမှ သူပုန်​စရင်းသွင်းခံလိုက်​ရတာပါပဲ။တိုင်းရင်းသား​တွေနာမယ်​ဆိုလည်းနာ​လောက်​ပါတယ်​။ဖိနှိပ်​ခံခြင်းအတူတူ တိုင်းရင်းသား​တွေရဲ့ ဂုဏ်​သိက္ခာပါဖဲ့​ခြွေခံလိုက်​ရတာမလား။အဆုံးသတ်​ရလဒ်​က ​တောင်​တန်း​ဒေသကြီးနဲ့ ကျန်​တိုင်းရင်းသားဋ္ဌာ​နေ​တွေမှာ အချိုသပ်​ ​သွေးခွဲပြီး
ဗမာ/ဗုဒ္ဓအိုင်​ဒီယာကြီး စွပ်​ထိုးထည့်​ခံလိုက်​ရတာပဲအဖတ်​တင်​တယ်​။သူ့ဘာသာသူ​အေး​အေးချမ်းချမ်းရှိ​နေတဲ့ကရင်​မျိုးနွယ်​စုကြီးကို ဘာသာ​ရေးမှိုင်းတိုက်​​ပေးပြီး ဗုဒ္ဓကရင်​နဲ့ခရစ်​ယာန်​ကရင်​ဖြစ်​​အောင်​​သွေးခွဲသပ်​လျှိုလိုက်​လို့ ယ​နေ့အထိ မတည့်နိုင်​ဖြစ်​သွားကြတာပါပဲ။အလားတူ ရှမ်း၊ကချင်​၊ချင်းတို့မှာလည်းအတူတူပဲ။

ကတုံး​တွေတရား​ဟောရင်​ဒါ​တွေမမြင်​ဘူး။သူတစ်​ပါးလူမျိုး​တွေကို​စော်​ကားမယ်​။စောင်းချိပ်​မယ်​။ဒီထက်​ပိုတဲ့ ​ကောင်းတဲ့တရား​တွေကတုံး​တွေမ​ပြောတတ်​ဘူး။မြန်​မာအစိုးရနဲ့မြန်​မာကတုံးကလည်း သူ​တော်​ချင်းချင်း သ​တင်း​လွေ့​လွေ့​ပေါင်းဖက်​​တွေ့သလို ဆိုတဲ့ဥပမာအတိုင်းပဲ။
တကယ်​​တမ်း ပ​ဒေသရာဇ်​အစိုးရနဲ့မြန်​မာအမျိုးသားအစိုးရ တန်းညှိရင်​​တောင်​ မြန်​မာအမျိုးသားအစိုးရ​လောက်​ ကတိသစ္စာမဲ့တာ၊နုံချာတာ မရှိ​တော့ဘူး။ခေတ်​သစ်​အစိုးရ​တွေထက်​ ပ​ဒေသရာဇ်​အစိုးရက​တောင် အာဏာရှင်​​တွေချင်းအတူတူ သာ​နေပါ​သေးတယ်​။ဘာလို့ဒီလို​ပြောတာလဲဆို​တော့ United Kingdon(ပြည်​​ထောင်​စု)ဆိုတဲ့ ​ဝေါဟာရမ​ပေါ်ခင်​ကတည်းက မြန်​မာပ​ဒေသရာဇ်​ပြည်​​ထောင်​အသီးသီးဟာ အင်​အားနည်းလို့ မြန်​မာမင်းကို ပဏ္ဏာဆက်​ရတာ၊စစ်​​ရေးအ​ခြေ​နေကြုံ ရင်​တပ်​လွှတ်​​ပေးရတာကလွဲပြီး ကိုယ်​ပိုင်​ပြဋ္ဌာန်းခွင့်အပြည့်အ၀ရှိခဲ့တာ​ကြောင့်ပဲ။စစ်​​ရေးအ​ခြေ​နေ​ကြောင့်တပ်​လွှတ်​​ပေးရတယ်​ဆိုတာ သူတစ်​ပါးဆီမှာဖြစ်​ရင်​ကိုယ့်တပ်​လွှတ်​​ပေးရမှာဖြစ်​​ပေမယ့်ကိုယ့်ဆီမှာစစ်​​ရေးအ​ခြေ​နေကြုံ ရရင်​လည်း မြန်​မာမင်း​နေပြည်​​တော်​က​နေ အခြားတိုင်းရင်းသားတပ်​​တွေ​ပေါင်းပြီးကိုယ့်ကိုလာကူညီကြမို့ ဒါကအထူးအပြစ်​​ပြော​နေစရာမလိုဘူး။အဲ​တော့ ပြည်​​ထောင်​စု​ဝေါဟာရမ​ပေါ်ခင်​ကတည်းက ပြည်​​ထောင်​စုပုံစံဖြစ်​တည်​​နေတဲ့နိုင်​ငံ​တော်​ကို အမျိုးသားခပ်​ချာချာ ချာတူးလန်​တို့လက်​ထဲ​ရောက်​ခါမှ ကိုယ်​ပိုင်​ပြဋ္ဌာန်းခွင့်ပါ ​ပျောက်​ဆုံးသွားတာပါပဲ။ခေတ်​သစ်​မြန်​မာအစိုးရရဲ့ အစွမ်းအစ​တွေပါ။ပ​ဒေသရာဇ်​ထက်​ညံ့ဖျင်းတဲ့​ခေတ်​သစ်​ဗလာနံအစိုးရ​တွေပါ။


https://m.facebook.com/story.php?story_fbid=333574690729207&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မျိုးချစ်​ဗမာ့တပ်​မ​တော်​”

Post a Comment

Related Posts Plugin for WordPress, Blogger...