Saturday, August 18, 2018
မြန်​မာအိန္ဒိယဆက်​နွယ်​မှု
,
မြန်​မာနိုင်​ငံမှာအိန္ဒိယနဲ့ပက်​သက်​ဆက်​နွယ်​တာ မြန်​မာ​တွေချည်းပဲမဟုတ်​ဘူး။မြန်​မာနိုင်​ငံကမြန်​မာမွစ်​စလင်​အမျိုးသား​တွေပါပက်​သက်​ဆက်​နွယ်​​နေကြတာပါ။မြန်​မာမွစ်​စလင်​ဆိုတဲ့ပသီ နဲ့၁၈၂၃မတိုင်​ခင်​မွစ်​စလင်​အုပ်​စုကိုကြည့်ရင်​လည်းပဲ အိန္ဒိယနဲ့မကင်းဘူး။တစ်​​ယောက်​မဟုတ်​တစ်​​ယောက်​ပက်​သက်​ကြသူ​တွေပါ။၁၈၂၄အင်္ဂလိပ်​သိမ်းပြီးဝင်​လာတဲ့အုပ်​စုကသက်​သက်​၊အ​နေကြာပြီးဗမာပုံဖြစ်​သွားတဲ့ မွစ်​စလင်​အုပ်​စုကသက်​သက်​​ပေါ့။
ယ​နေ့မြန်​မာနိုင်​ငံမှာရှိ​နေတဲ့ မွစ်​စလင်​အုပ်​စု​တွေထဲက သာသနာ​ရေးဆိုင်​ရာကျင့်စဉ်​​တွေထဲမှာ​တောင်​ အိန္ဒိယယဉ်​​ကျေးမှုနဲ့ဓ​လေ့စရိုက်​​တွေပါခဲ့တယ်​။လူ​သေပြီး ၇ရက်​​တွေ ၁၀ရက်​​တွေဖတ်​တဲ့ဓ​လေ့ဟာ အစ္စလာမ်​သာသနာရဲ့ ဓ​လေ့မဟုတ်​သလိုကျင့်စဉ်​လည်းမဟုတ်​ဘူး။သွရီကာလိုင်းကကျင့်စဉ်​​တွေနဲ့လုပ်​ရပ်​​တော်​​တော်​များများကလည်းအိန္ဒိယကိုမြစ်​ဖျားခံပြီးမှမြန်​မာပြည်​ထဲကိုဝင်​​ရောက်​လာတာဖြစ်​တယ်​။အစ္စလာမ်​သာသနာ၊သဗ်လိ​ဂ်​၊သွရီကာဟ်​၊ဃရာနာ၊ကာဒီယာနီ၊စတဲ့လိုင်း​တွေအုပ်​စု​တွေအားလုံးအိန္ဒိယကိုမြစ်​ဖျားခံပြီးမှ ၀င်​​ရောက်​လာတာပါ။ဒါက​တော့မြန်​မာတစ်​ပြည်​လုံးအတူတူပဲ။စစ်​​အေး
ပြီးချိန်​ဂလိုဘလ်​စနစ်​ပြန့်​နှံ့​နေချိန်​မြန်​မာ​တွေဘာမှမသိ​သေးဘူး။၂၀၀၀ခုနှစ်​​နောက်​ပိုင်းကျမှမြန်​မာ​တွေ​ကောက်​ဘာသာပြန်​ပြီးအဟုတ်​ကြီးလုပ်​​နေကြတာပါ။အလားတူ အိန္ဒိယမှာ ကာဒီယာနီ၊သဗလိဂ်​၊ဃာရာနာ စတာ​တွေအားလုံးကျယ်​ပြန့်​​ခေတ်​​ကောင်း​နေချိန်​မှာမြန်​မာပြည်​မှာအဲ့​လောက်​မသိကြဘူး။ဟိုမှာရိုးအီသွား​တော့မှ ဒီမှာအကြီးအကျယ်​ငြင်းခုံ​နေကြ​တော့တာပဲ။၁၉၈၀​ကျော်​ကာလ​တွေတုန်းက ပါကစ္စတန်​မှာ ကာဒီယာနီအယူအဆကို နိုင်​ငံ​တော်​အဆင့် တရားဥပ​ဒေနဲ့စီရင်​ဆုံးဖြတ်​ခဲ့တာ​တွေ၊အလားတူ ​တောင်​အာဖရိကကာဒီယာနီအယူအဆလည်းပဲ ​တောင်​အာဖရိကတရားရုံးကစီရင်​ဆုံးဖြတ်​ခဲ့လို့ အားလုံး
ပြီးပြတ်​သွားပါပြီ။အဲဒီတုန်းက အိန္ဒိယပညာရှင်​ ​မော်​လာနာယူစွဖ်​(လုဒ်​ယာန၀ီ)တို့ဦး​ဆောင်​ပြီး တရား​ရေးက​နေ ငြင်​သာစွာကိုင်​တွယ်​သွားတာ​တွေ့ရတယ်​။ဒါကတစ်​ပိုင်းပါ။
နောက်​ အုတ်​ဂူသွားတဲ့ဃရာနာအုပ်​စု။ဒါလည်း အိန္ဒိယမှာ နှစ်​​ပေါင်းများစွာကတည်းကအ​မွှေးတိုင်​ထွန်း၊ဖာသယာဖတ်​ခဲ့ပြီး
ပြီး။ဥပမာ ​နေဇာမွဒ္ဒီန်း​​အောင်​လီယာရဲ့ အုတ်​ဂူ။အလားတူ ဘယ်​သူ​တော်​စင်​အုတ်​ဂူဆိုတာ​တွေအိန္ဒိယမှာအများကြီးပါ။သူ​တော်​စင်​ဟုတ်​မဟုတ်​ကျ​နော်​လည်းမသိဘူး။မဂို​နောက်​ဆုံးဘုရင်​ရှားဇဖရ်​ဆိုတာသူ​တော်​စင်​လို့​တော့​ပြောကြတာပဲ။ဟုတ်​မဟုတ်​ကျ​နော်​လည်းမသိဘူး။ကျ​နော်​သိတာ ​လောကမှာလူသားတိုင်းလူသားတိုင်းကိုယ့်အထုတ်​ကိုယ်​ထမ်းသွား​နေကြရတာဖြစ်​လို့သူ​တော်​စင်​လည်းမကယ်​နိုင်​ဘူးလို့လက်​ခံထားပြီးသားပါ။ဒါ​တွေဟာလည်းအိန္ဒိယက​နေ၀င်​လာတာပဲ။သဗ်​လိဂ်​အိန္ဒိယက​နေပဲဝင်​လာတာပဲ။နောက်​ဆုံးကုန်​ကုန်​​ပြောမယ်​။အ​ရှေ့ ​တောင်​အာရှတစ်​ခွင်​နဲ့အိန္ဒိယတိုက်​ငယ်​တစ်​ခုလုံးဟာ ရှားဟ်​၀လီယွလ္လာဟ်နဲ့သူ့သား၎​ယောက်​(ရှားဟ်​အဗ္ဗဒွလ်​အဇီးဇ်​၊ရှားအဗ္ဗဒွလ်​ဂနီ၊ရှားဟ်​အဗ္ဗဒွလ်​ကာဒိရ်​၊ရှားဟ်​အီစမိုင်​အီလ်း ရှဟီဒ်း)ဒီသားအဖ၅​ယောက်​ရဲ့ သာသနာ​​ရေးဆိုင်​ရာဖြတ်​ထုံး​တွေ ဘာသာပြန်​သဖ်​စီရ်​​တွေ၊ရှရဟ်​အဖွင့်ကျမ်း​တွေ၊အဋ္ဌကထာ​တွေအားလုံးကိုပဲယူကြရတာမဟုတ်​လား။
နောက်​တစ်​ပိုင်းက ယ​နေ့မြန်​မာ့ယဉ်​​ကျေးမှုကိုမြတ်​နိုးလို့ဆိုပြီး တိုက်​ပုံထုတ်​၀တ်​​နေတဲ့အုပ်​စု​တွေရဲ့ ပညာရှင်​ဆိုသူအားလုံးလည်း အိန္ဒိယမှာပညာသင်​လာကြရတာပါပဲ။အဲဒီအိန္ဒိယပညာရှင်​ဆိုသူ​တွေအားလုံးလည်းအထက်​တင်​ပြပါ ရှားဝလီယွလ္လာဟ်​ရဲ့ နည်းနာခံ​တွေပါပဲ။အလ်​အဇ်​ဟရ်​တို့က အခုမှမြန်​မာပြည်​မှာနာမည်​ကြီးလာတာ။ပွင့်ပွင့်လင်းလင်း​ပြောရရင်​ အလ်​အဇရ်​ဟရ်​တက္ကသိုလ်​ဟာနှစ်​​ပေါင်းရာချီတည်​တံ့လာခဲ့တာမှန်​​ပေမဲ့ ဘာသာ​ရေးမှာ ယ​နေ့​ခေတ်​မှာ​တော့ ပြုပြင်​​ပြောင်းလဲမှု​တွေဖြစ်​လာတယ်​။သင်​ကြားမှုစနစ်​​တွေမှာနည်းလမ်းမကျတာ​တွေမြင်​လာရတယ်​။ဒါကထားပါ။မြန်​မာမွစ်​စလင်​တိုက်​ပုံအုပ်​စုက ဆရာ​ကြီး​တော်​​တော်​များများ အားလုံး အိန္ဒိယမှာပဲပညာသင်​လာကြရတာပါ။ဥပမာ သီရိပျံချီဃာဇီ၊ဆရာကြီးပုံ၊ဆရာကြီးဇုံ၊စသဖြင့်အားလုံး အိန္ဒိယမှာပဲပညာသင်​လာပြီးပြည်​တွင်းမှာ​ကျောင်းဖွင့်ခဲ့ကြကာ ဘာသာ​ရေးပညာကိုဖြန့်​ဖြူးခဲ့တာဖြစ်​တယ်​။အလ်​အဇ်​ဟရ်​ကိုမသိခင်​နှစ်​ကာလ​ပေါင်းများစွာကတည်းက မြန်​မာပြည်​ကို သာသနာ​ရေးနဲ့ယဉ်​​ကျေးမှု​တွေကိုတင်​ပို့ခဲ့ပြီးသားပါ။အလားတူမြန်​မာ​တွေလည်း အိန္ဒိယက​နေပဲ ဗုဒ္ဓဘာသာနဲ့ယဉ်​​ကျေးမှု​တွေကို သိမ်းကြုံးလက်​ခံရယူထားတာပါ။ဒါ​ကြောင့် ကြိုက်​သည်​ဖြစ်​​စေ မကြိုက်​သည်​ဖြစ်​​စေ အိန္ဒိယ​ကျေးဇူးနဲ့ယဉ်​​ကျေးမှု​တွေမြန်​မာပြည်​နဲ့လူထုအ​ပေါ် အများကြီးရှိပါတယ်​။၁၉၃၅ပထမဆုံးမြန်​မာပြည်​​ခြေဥ၊၁၉၄၇မြန်​မာပြည်​​ခြေဥ စသည့်အားလုံး​တောင်​ အိန္ဒိယပညာရှင်​မပါဘဲဖြစ်​လာခဲ့တာမဟုတ်​ဘူး။ဒါဘာသာ​ရေး ယဉ်​​ကျေးမှုက​နေ နိုင်​ငံ​ရေးအထိဆက်​စပ်​ပြတာပါ။
ကိုလိုနီ​ခေတ်​လယ်​မြန်​မာနိုင်​ငံမှာ အိန္ဒိယနိုင်​ငံအိုလမာအဖွဲ့ကို အားကျပြီး​တော့လား၊လက်​​အောက်​ခံသ​ဘောလား၊မသိ ယူဆရတဲ့ မြန်​မာပြည်​အိုလမာအဖွဲ့ကို ​မော်​လာနာအိဗ်​ရာဟီမ်းအဟမဒ်​(မဇွာ​ဟေရီ)ကဦး​ဆောင်​ပြီးဖွဲ့စည်းကာ မြန်​မာအိုလမာကိုစဖွင့်တယ်​။အဲဒီ​နောက်​ မွဖ်​သီမဟ်​မူဒ်​ဒါဝတ်​ ယူစွဖ်​တို့နဲ့မြန်​မာမွစ်​စလင်​​ခေါင်း​ဆောင်​ ဃာဇီတို့အတူတူပညာသင်​သွားပြီး ပြန်​လာ​တော့ အတူတူအိုလမာမှာတွဲပြီးလုပ်​ကိုင်​ခဲ့ကြတာ​တွေ့ရတယ်​။အိန္ဒိယကပညာသင်​ပြန်​လာတဲ့ ​မော်​လာနာဆွာ​လေ(သဗ်​လိဂ်​​ခေါင်း​ဆောင်​ကြီး)က​တော့ သူပြန်​လာပြီးသဗ်​လိဂ်​ကို စလုပ်​တယ်​။ဘယ်​အထဲမှမပါခဲ့ဘူး။သူ့အလုပ်​ကိုသူကိုယ်​တိုင်​​သေတဲ့အချိန်​အထိ တစ်​စိုက်​မတ်​မတ်​လုပ်​သွားတယ်​။ဘယ်အဖွဲ့အစည်းထဲမှာမှဝင်​မပါခဲ့ဘူး။ပညာမာနနဲ့လူမှုဆက်​ဆံ​ရေးမှာနိမ့်ချ​နေထိုင်​ပြီးရှင်​သန်​ခဲ့တဲ့လူသားတစ်​ဦးပါ။မော်​လာနာအီဗရယဟီမ်းအဟ်​မဒ်​(မဇွာ​ဟေရီ)ဆိုတာလည်းဘာအရှုပ်​မှမရှိတဲ့လူ​ကောင်းသူ​ကောင်းတစ်​​ယောက်​ပါ။
နောက်​ပိုင်းအိုလမာမှာအိန္ဒိယနွယ်​မွစ်​စလင်​​တွေကြီးစိုးမှုများလာတာ​​တွေ့ရတယ်​။ဗမက ကိုပျဉ်းမနားမှာဖွဲ့စည်း​တော့လည်း အိန္ဒိယနွယ်​ဖွား​တွေ​ရော မြန်​မာမွစ်​စလင်​အုပ်​စု​တွေအပြင်​ အိုလမာပညာရှင်​အားလုံးတက်​​ရောက်​ခဲ့တဲ့မှတ်​တမ်းရှိပါတယ်​။သီရိပျံချီဃာဇီက အဲဒီဗမကရဲ့ ဘာသာ​ရေးတာဝန်​ခံရာထူးချီးမြင့်ခံရ​သလို အိုလမာမှာ အတွင်း​ရေးမှူးချုပ်​လည်းဖြစ်​​နေတယ်​။အဲဒီအချိန်​သိပ်​ပြီး အသင်းအဖွဲ့မကွဲ​သေးဘူး။၁၉၅၀​ကျော်​မှာ သုံးသွလာက်​ကိစ္စနဲ့အခြား​သောကိစ္စတစ်​ချို့(ချမ​ရေး​တော့ပါ)​​ပေါ်သ​ဘောထားကွဲလွဲကြပြီး အိုလမာအဖွဲ့ကြီးက​နေ သာသနာ​ရေး​ကောင်​စီ ဆိုတဲ့ အဖွဲ့တစ်​ဖွဲ့ကို သီရိပျံချီဃာဇီဦး​ဆောင်​ပြီးခွဲထွက်​ရပ်​တည်​လာခဲ့တယ်​။တစ်​ဖက်​က ဦးနုကလည်း ဘာသာ​ရေးလုပ်​ချင်​​ကောင်​စီထဲဝင်​၊နိုင်​ငံ​ရေးလုပ်​ချင်​ဖဆပလထဲဝင်​ဆိုပြီး ဗမက ကိုဖျက်​သိမ်းခိုင်းတယ်​။အဲဒီမှာစပြီး အိုလမာ ​ကောင်​စီ ၂ဖွဲ့ကွဲထွက်​သွားတယ်​။ဒါ​ပေမဲ့တစ်​ခုသိထားရမှာက ​ကောင်​စီဆိုတာလည်း အိန္ဒိယနဲ့မကင်းဘူး။မြန်​မာမွစ်​စလင်​ဆိုတာလည်းအိန္ဒိယနဲ့မကင်းဘူး။မြန်​မာ​တွေလည်းအိန္ဒိယနဲ့မကင်းဘူး။ဗုဒ္ဓဘာသာလည်းအိန္ဒိယနဲ့မကင်းဘူး။ဒါကိုသတိထားဖို့လိုတယ်​။
ဒီမှာတစ်​ခုရှိတာက အိန္ဒိယအင်​အား​ကောင်းတဲ့အဖွဲ့အိုလမာကလည်း radical အိန္ဒိယန်း​တွေဖြစ်​​နေသလို မြန်​မာမွစ်​စလင်​ဆိုတဲ့အုပ်​စုကလည်း radical မြန်​မာမွစ်​စလင်​​တွေဖြစ်​​နေကြတာပါပဲ။ဗမက စဖွဲ့​နေစဉ်​အချိန်​ကတည်းက ကိုလိုနီ​ခေတ်​အိန္ဒိယန်းနွယ်​ဖွား​တွေနဲ့မြန်​မာပြည်​မှာ​ရှေးကတည်းက​နေလာတဲ့မြန်​မာမွစ်​စလင်​​တွေရဲ့ အားပြိုင်​မှုကရှိ​နေပါပြီ။အိုလမာ ​ကောင်​စီကွဲတဲ့အဓိက​ကြောင်းတရားမှာလည်း ဒီအချက်​က ပါတယ်​။ဒါ​ပေမဲ့အိန္ဒိယန်းမွစ်​စလင်​က စနစ်​​ကောင်းတယ်​။ကျောင်း​ထောင်​တယ်​။မွေးထုတ်​တယ်​။လက်​ရှိကန့်​ဘလူ​က မြန်​မာမွစ်​စလင်​ဘာသာ​ရေး​ကျောင်းကို​တောင်​ အိန္ဒိယန်းမွစ်​စလင်​​ဘောစိက ​မြေ​နေရာဝယ်​​ပေးခဲ့တာဖြစ်​တယ်​လို့ မှတ်​သားဖူးတယ်​။
မြန်​မာမွစ်​စလင်​က မြန်​မာ​နောက်​ကလိုက်​တယ်​။နောက်​ပိုင်းတိုက်​ပုံ​တွေထုတ်​၀တ်​လာတယ်​။အိန္ဒိယန်းမွစ်​စလင်​က ကုရ်​သာအကျီင်္ရှည်​​တွေကိုပဲစွဲစွဲမြဲမြဲဝတ်​ကြပြီးအားပြိုင်​ကြတယ်​။နှစ်​ဖွဲ့စလုံး အစွန်းမှာပဲ။စားပွဲဝိုင်းထိုင်​ပြီးအတ္တ​လျှော့ခါ လူထုပရိတ်​သတ်​အတွက်​​ရေရှည်​အကျိုးဖြစ်​မယ့်အ​ရေးအရာကိုမလုပ်​အားဘူး။အားပြိုင်​​နေရတာနဲ့တင်​သူတို့မအားမလပ်​ဖြစ်​​နေကြတာပါ။နိုင်​ငံ​ရေးရပိုင်​ခွင့်မှာ အိန္ဒိယန်းအုပ်​စုကတင်​သွင်းတဲ့ Minority Right ရှုံးနိမ့်ခဲ့ရပြီး Majority Right အနိုင်​ရခဲ့​ပေမယ့်လည်းပဲ ဦးနု​ခေတ်​မှာကတည်းက ကုလားအဖြစ်​က​နေမတက်​ခဲ့ဘူး။နေ၀င်းလက်​ထက်​​ရောက်​မှကုလားဖြစ်​တာမဟုတ်​ဘူး။ဒါကိုသိဖို့လိုတယ်​။
နေ၀င်းအားဏာသိမ်းပြီး​တော့လည်း သူတို့​တွေ တိုးတိုးတိတ်​တိတ်​အားပြိုင်​​နေကြ​သေးတယ်​။အဲဒီအချိန်​မှာ​တော့ သူတို့​တွေဟာဘာသာ​ရေးသီးသန့်​အဖွဲ့​တွေဖြစ်​ကုန်​ကြပြီး။သာ​ရေးနာ​ရေးလို သင်္ချိုင်းကုန်းပို့တဲ့အဖွဲ့​လောက်​ကျန်​တာပါ။နေ၀င်းဘက်​​တော်​သား ဆရာချယ်​ဆိုတဲ့တစ်​​ယောက်​ကလည်း ​နေ၀င်းအပင်းဝင်​ပြီး မဟာမြန်​မာကိုအားကျခါ အူရဒူစာ​ပေနဲ့ပက်​သက်​ပြီးစာအုပ်​​တွေ​ရေးထုတ်​ခါ ဆန့်​ကျင်​လာတယ်​။နေ၀င်းလိုသူလည်း အမျိုးသား​ရေးဦးစား​ပေးလာပြီး ၁၉၈၀​လောက်​မှာ မအဖ ​ခေါ်တဲ့ မြန်​မာမွစ်​စလင်​အမျိုးသား​ရေးအဖွဲ့ ဆိုပြီးထဖွဲ့လို့၃ဖွဲ့ဖြစ်​လာပါတယ်​။ဘာမှ​တော့မဖြစ်​ပါဘူး။အဖွဲ့သာတိုးလာတာ။အစိုးရကို​ကြောက်​ရတာပါပဲ။အဲဒီ​နောက်​ ​မော်​လ၀ီများအဖွဲ့ဆိုပြီး ဟာဂျီကဥက္ကဋ္ဌလုပ်​တဲ့အဖွဲ့လည်း​ပေါ်လာပြန်​တာပါပဲ။
သူတို့​တွေအားလုံး အချိန်​ပြည့်လုပ်​​နေတာ အကျင်္ီရယ်​ မိန်းက​လေး ဗလီတက်​မတက်​စတာ​တွေပဲ။အိုလမာက နို့ကုလားဝတ်​စုံ​တွေထုတ်​၀တ်​ပြီး စွန္နသ်​​ပြောလို​ပြော၊​နောက်​တစ်​အုပ်​စုက သတ်​မှတ်​အ​ရောင်​ပြူး​ကြောင်​​ကြောင်​ကို ကိုယ့်အသားအ​ရေနဲ့လိုက်​မလိုက်​မသိဘဲ တိုက်​ပြီးပုံ​နေကြ​တော့တာ ယ​နေ့အထိပဲ။အဲဒီလိုဘာမှအ​ရေးမပါတဲ့အ၀တ်​အစားရယ်​ ​မေးမှာ​ပေါက်​တဲ့အ​မွှေးအမျှင်​မုတ်​ဆိတ်​ဆိုတာရယ်​နဲ့ ထားမယ်​ မထားဘူး ၀တ်​မယ်​ မ၀တ်​ဘူးဆိုပြီး ရန်​ဖြစ်​​နေကြတာလည်းယ​နေ့အထိပဲ။သဗ်​လိဂ်​အုပ်​စုက ဘယ်​ထဲမှဝင်​မပါဘူး။ဒါ​ပေမဲ့ ဖဇာအီလ်​စာအုပ်​ကလွဲပြီး စာတစ်​မျက်​နှာမဖတ်​ဘူးတဲ့သုံးကျိလ္လာဟ်​ပြန်​ငပိန်းတစ်​ချို့က သိပ်​လွန်​ကဲလာပြီး ကုရ်​သာဟာ ​လေဘာစွသ်​သက္က၀ါ ​ပြောလို​ပြော သဗ်​လိဂ်​မလုပ်​ရင်​ဂျဟန္နမ်​ကျမယ်​​ပြောလို​ပြော စည်းမဲ့ကမ်းမဲ့ ​ပေါက်​လွတ်​ပဲစားနွားစကား​တွေ​ပြောထုတ်​လာ​တော့ ပွဲက ပိုမြိုင်​လာ​ရောဆိုပါ​တော့ဗျာ။ဒါ အိန္ဒိယန်းယဉ်​​ကျေးမှုနဲ့သာသနာ​ရော​ထွေး​နေတာကိုပြ​နေတာ။တစ်​ခါ အင်​ဒီယန်းနဲ့မြန်​မာမွစ်​ဆိုတဲ့အုပ်​စုနှစ်​စု အိန္ဒိယမှာပဲမြစ်​ဖျားခံလာပြီး ကွိုင်​​နေကြပုံ​တွေပါ။
ဆက်​ပါဦးမည်​။
(မှတ်​ချက်​။အပြုသ​ဘောနဲ့ပကတိဖြစ်​စဉ်​ကို​ရေးတာပါ။ဖဲ့လိုတဲ့ရည်​ရွယ်​ချက်​မပါဘူး။အကယ်​၍ ဘ၀င်​မကျရင်​ ကျ​နော်​​ရေးတာမှား​နေရင်​ ​နေဇင်​လတ်​ မင်း​ပြော​နေတာ ဒါမှားတယ်​ ဒါမှန်​တယ်​ စသဖြင့်​ထောက်​ပြပြီးလာငြင်းကြပါလို့ ​တောင်းပန်​ပါတယ်​။ရန်​မဖြစ်​ချင်​ပါ။လာဆဲတဲ့သူမည်​သူမဆို blockပါမယ်။ဖြစ်​နိုင်​ရင်​ ကိုယ်​မသိရင်​မန့်​မ​ရေးဘဲတိတ်​တိတ်​​လေး​နေပါ။မြင်​တာကို​ပြောချင်​ရင်​လည်းမြင်​တဲ့အတိုင်းအဆဲမပါဘဲ​ပြောပါ။)
https://m.facebook.com/story.php?story_fbid=128907431378778&id=100027785653688
မြန်​မာမွစ်​စလင်​​ပြော​ပြော အိန္ဒိယန်းမွစ်​စလင်​​ပြော​ပြော ​သွေး​နှော​နှောမ​နှော​နှော ​နေထိုင်​တဲ့ခုနှစ်​သက္ကရာဇ်​ကြာမြင့်လာတဲ့အ​ပေါ် ဘာသာစကားနဲ့ယဉ်​​ကျေးမှုဟာလူများစုရဲ့ ဘက်​ကိုယိမ်းသွားတာသဘာဝပါ။လူများစုကလူနည်းစုကို
 ပြီး မြန်​မာ့ရိုးရာဗုဒ္ဓဘာသာကျ​နော်​တို့ကျမတို့လုပ်​ထားပြီးပြီလို့ဝန်​ခံထားပြီးသားပါ။အဲ​တော့ အိန္ဒိယရိုးရာ အစ္စလာမ်​ဘာသာလုပ်​ချင်​လည်းလုပ်​ကြ​ပေါ့။ဒါမှမဟုတ်​ မြန်​မာမွစ်​စလင်​ရိုးရာအစ္စလာမ်​ဘာသာလုပ်​ချင်​လုပ်​ကြ​ပေါ့။
အလားတူခရစ်​ယာန်​​တွေမှာလည်းရှိတာပဲ​လေ။ရိုမန်​ကပ်​သလစ်​တဲ့။မူလခရစ်​ယာန်​သာသနာမှာ ​ရောမ​တွေရဲ့ ဇတ်​စနစ်​ကိုသွတ်​သွင်းပြီး ​ရောမကပ်​သလစ်​ လုပ်​လိုက်​ကြတာသိကြမယ်​ထင်​ပါတယ်​။အဲဒါ​ကြောင့်ပဲအလယ်​​ခေတ်​(the middle age AD500-1500)​တောက်​​လျှောက်​ ကပ်​သလစ်​နဲ့​အော့သို့​ဒေါစ့်သတ်​တာယူမလား၊ပရိုတက်​စတင့်နဲ့ ကပ်​သလစ်​ ချတာယူမလားအကုန်​ရတယ်​။က​လေးပါမကျန်​ Genocide ​မြောက်​တဲ့အထိသတ်​ခဲ့ကြတာပါ။ဥ​ရောပနှစ်​၃၀စစ်​ပွဲဆိုတာ ​ရှေ့ ကဦး​ဆောင်​သူကိုယ်​တိုင်​ ခရစ်​ယာန်​ ကာဒီနယ်​ရစ်​ခ်ျ​လူးကိုယ်​တိုင်​ပါပဲ။အဲဒီခရစ်​ယာန်​နှစ်​၃၀စစ်​ပွဲဆိုတာ မြန်​မာနဲ့​ခေတ်​ပြိုင်​သာလွန်​မင်းလက်​ထက်​​အေဒီ၁၆၃၂ခုနှစ်​မှာပါ။
အဲဒီ၁၆၃၂ခုနှစ်​တုန်းက အထွဋ်​အထိပ်​ဖြစ်​တဲ့နှစ်​သုံးဆယ်​စစ်​ပွဲဆိုတာကိုက ခရစ်​ယာန်​ဘာသာ​ရေးစစ်​ပွဲလို့သမိုင်းမှာထင်​ရှားတယ်​။E.H.GOMBRICH ကA Little History Of The Worldဆိုတဲ့သမိုင်းစာအုပ်​ကိုပြုစုထုတ်​​ဝေခဲ့တဲ့အခါ အဲဒီစစ်​ပွဲကာလရဲ့ အဖြစ်​ပျက်​ဟာဆိုးဝါးရက်​စက်​လွန်းတာ​ကြောင့်​ Terrible Time(ဆိုးဝါး​သောအချိန်​ကာလများ)လို့​ခေါင်းစဉ်​တင်​ပြီး မ​ရေးချင်​​လောက်​​အောင်​ဆိုးဝါးပါတယ်​ဆိုပြီး​ပြောခဲ့တယ်​။အဲဒီစစ်​ပွဲ ၁၇ရာစုလူသတ်​ပွဲဟာဂျာမနီမှာစတင်​တယ်​။အဲဒါကိုဖြန်​​ဖြေမ​ပေးဘဲ ​ဘေးပတ်​၀န်းကျင်​ကဥ​ရောပနိုင်​ငံ​တွေ အုန်းအုန်းကျက်​ကျက်​နဲ့သူ့ဘက်​ ကိုယ့်ဘက်​၀င်​ပါလိုက်​ကြတာ ဂျာမနီတစ်​နိုင်​ငံလုံး​ကြေမွစုတ်​ပြတ်​ပြီး အားလုံးလက်​ပမ်းကျသွားတဲ့အထိ အနှစ်​သုံးဆယ်​​ကြာသွားတယ်​။အဲဒီအချိန်​တုန်းက ပြင်​သစ်​ဧကရာဇ်​ Louis XIII ကို​တောင်​ကြိုးကိုင်​ထားနိုင်​တဲ့ နန်းရင်းဝန်​ ၀န်​ကြီးချုပ်​ ရစ်​ချီလူ(Richelieu)ဆိုတာက ပြင်​သစ်​နိုင်​ငံရဲ့ သာသနာပိုင်​ဆရာ​တော်​(Cardinal)ကိုယ်​တိုင်​ပဲဖြစ်​​နေတယ်​။ဘုန်းကြီးကလူထွက်​ပြီးနိုင်​ငံ​ရေးလုပ်​တာဖြစ်​မယ်​​လို့မထင်လိုက်​​နဲ့။ကာဒီနယ်​ဆရာ​တော်​ဘုရားဆို​တော့ အနီ​ရောင်​သင်္ကန်းကြီးရုံလျက်​သား အာဏာရှင်​လုပ်​​နေတာပါ။ဒီ​နေ့လည်း မြန်​မာပြည်​မှာ ကာဒီနယ်​​တွေ မမြင်​ချင်​အဆုံး​တွေ့​နေမြင်​​နေရ​တော့ စိတ်​ကူးထဲမြင်ပြီးအာရုံပြု ကြည့်​​ပေါ့။
ပြင်​သစ်​နိုင်​ငံမှာက ​ရှေးအစဉ်​အလာကိုးကွယ်​ယုံကြည်​မှုဖြစ်​တဲ့ ရိုမန်​ကပ်​သလစ်​(Roman Catholic) ခရစ်​ယာန်​ဂိုဏ်းဝင်​​တွေအဓိကအများစုကြီး။ကာဒီနယ်​ရစ်ခ်ျ​လူးကိုယ်​တိုင်​နန်းရင်​၀န်​ဖြစ်​လာတဲ့အခါ ပုပ်​ရဟန်းမင်းကိုအသိအမှတ်​မပြု တဲ့​နောက်​​ပေါ် ခရစ်​ယာန်​ဂိုဏ်းကွဲအသစ်​(Protestant) ကိုလုံးဝမရပ်​တည်​နိုင်​​အောင်​ ​ထောက်​ထားငဲ့ညှာမှုကင်းမဲ့စွာပြတ်​ပြတ်​သားသားနှိမ်​နင်းပစ်​လိုက်​တယ်​။
အဲဒီအချိန်​နဲ့ တစ်​ပြိုင်​နက်​တည်းလောက်​မှာကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ကိုယ်​စီရှိကြတဲ့ ဂျာမန်​ပြည်​နယ်​​တွေအတွင်းမှာလည်းခရစ်​ယာန်​ဂိုဏ်း​ဟောင်း၊ဂိုဏ်းသစ်​ပဋိပက္ခဟာတစ်​ဆင့်တက်​ပြီး လက်​နက်​ကိုင်​တိုက်​ခိုက်​ကြကုန်​ပြီ။အဲဒီမှာလည်းစစ်​ပွဲစပြီဆိုတာနဲ့ သြစတြီးယန်းဧကရာဇ်​ ဖာဒီနန်​(Ferdinand) ဦး​ဆောင်​တဲ့ကပ်​သလစ်​ခရစ်​ယာန်​အင်​အားစုကြီးကပဲ သိသာစွာအသာစီးရလာခဲ့တာပါ။သူတို့က​တော့စစ်​ပွဲ​အောင်​မြင်​တဲ့​နေရာတိုင်းမှာရှုံးနိမ့်တဲ့ဘက်​ကို လူလို့​တောင်​သ​ဘောမထားဘဲ လုယက်၊ဖျက်​ဆီး၊ရှင်းလင်းသုတ်​သင်​မှုစံချိန်​တင်​နိုင်​ခဲ့တဲ့အတွက်​ ​ဘေးပတ်​၀န်းကျင်​နိုင်​ငံငယ်​​တွေအားလုံးထိန့်​လန့်​လာကြတယ်။ဒီ​တော့ပြင်​သစ်​ကာဒီနယ်​ဘုရားဝမ်းသာ​နေမှာပဲလို့မထင်​လိုက်​နဲ့။ဖာဒီနန်​ဘုရင်​ကို ဒီအတိုင်းလွှတ်​ထားလိုက်​ရင်​ ​နောင်​အခါစပိန်​နဲ့လက်​တွဲမိသွားရင်​ငါ​တောင်​​နေစရာ ​နေရာရှိမှာမဟုတ်​​တော့ဘူးလို့ အရှိအတိုင်း​ကောင်းစွာကြိုမြင်​​နေတယ်​။
အဲဒီအချိန်​မှာ ဥ​ရောပ​မြောက်​ပိုင်းက ဒိန်းမတ်​ ပိုလန်​နဲ့ ​ဘောလ်​တစ်​ပင်​လယ်​အ​ရှေ့ ဘက်​ စစ်​​မြေပြင်​မှာ​တော့ဆွီဒင်​ဘုရင်​ ဂပ်​စတာ​ဗတ်​(Gustavas Adolphus)ဟာဆက်​တိုက်​​အောင်​ပွဲရ​နေတယ်​။သူက ပရိုတက်​စတင့် ဘုရင်​ဖြစ်​တယ်​။ပြင်​သစ်​က ကာဒီနယ်​ဆရာ​တော်​ဘုရားက ဂပ်​စတာ​ဗတ်​ကို တိတ်​တစ်​ဆိတ်​ဆက်​သွယ်​ပြီး ဖာဒီနန်​ရဲ့ တပ်​ကြီးကို ဂျာမနီမှာရင်​ဆိုင်​တိုက်​မယ်​ဆိုရင်​ တစ်​နှစ်​မှာ ခ​ရောင်းဒင်္ဂါး၁၂သိန်း ​ထောက်​ပံ့မယ်​လို့ကမ်းလှမ်းလိုက်​တယ်​။ဆွီဒင်​ဘုရင်​ဟာငယ်​ရွယ်​ပြီးရဲရင့်​တက်​ကြွသူဖြစ်​တယ်​။အဲဒီလိုရိုမန်​ကပ်​သလစ်​ပြင်​သစ်​ပြည်​ရဲ့ ​ငွေ​ကြေးအလုံးအရင်း​ထောက်​ပံ့မှုရခဲ့လို့သာ ​နောက်​ထပ်​ပူး​ပေါင်းဝင်​​ရောက်​လာတဲ့ အင်္ဂလိပ်​နဲ့စ​ကော့အ​ပျော်​တမ်းတပ်​​တွေ ဂျာမန်​ပရိုတက်​စတင့်တပ်​​တွေပါထပ်​ဖြည့်ပြီး ဆွီဒင်​မတပ်​​မ​တော်​ အင်​အားကြီးမားလာပါ​တော့တယ်​။ဒီလိုနဲ့ဂပ်​စတာ​ဗတ်​ဟာ ဂျာမနီအ​ရှေ့ ပိုင်းက လိုက်​ပဇစ်​(Leipzig)မြို့အနီးမှာ ဖာဒီနန်​ရဲ့ ​ဗိုလ်​ချုပ်​ တီလီ(Tilly)ဦး​ဆောင်​တဲ့ကပ်​သလစ်​တပ်​မ​တော်​ကိုစစ်​သည်​ ၁၂၀၀၀ကျဆုံးပြီးရှိသမျှ အ​မြှောက်​အားလုံးနဲ့တကွ လူ၇၀၀၀​ကျော်​သုံ့ပန်းဖြစ်​သွားရတဲ့အထိ လုံးဝ​ချေမုန်းပစ်​လိုက်နိုင်​တဲ့​အောင်​ပွဲမျိုးရသွားခဲ့ပါ​တော့တယ်​။
ဒီ​တော့ ဘာသာ​ရေးစစ်​ပွဲဆိုတာတကယ်​ရှိပါသလားလို့ တစ်​စုံတစ်​​ယောက်​က​မေးလာခဲ့ရင်​ ဥ​ရောပနှစ်​သုံးဆယ်​စစ်ပွဲမှာ ၁၇ရာစုကတည်းကအ​ဖြေ​ပေးခဲ့ပြီးပြီး။ဘာအခွင့်ထူးမှမရဘဲ​အေးချမ်းစွာလုပ်​ကိုင်​စား​သောက်​​နေကြတဲ့သာမန်​ဆင်းရဲသားပြည်​သူ​တွေကိုလူမဆန်​စွာ အပြန်​အလှန်​သတ်​ဖြတ်​ကြ​စေဖို့ စစ်​​မြေပြင်​အ​ရောက်​ပို့လိုက်​တဲ့စည်းစိမ်​ရှင်​ဘုန်း
ကြီးနဲ့အာဏာရှင်​​တွေက​တော့ ဘာသာတရားရဲ့ အဆုံးအမကို ဘယ်​တုန်းကမှထည့်​စဉ်းစားခဲ့ကြတာမဟုတ်​ပါ။ခရစ်​​တော်​လိုအပြစ်​သား​​တွေရဲ့ ကိုယ်​စားအနစ်​နာခံဖို့ သ​ဘောထားလည်း​ဘယ်​ရှိပါ့မတုန်း။ငါ့စည်းစိမ်​ကိုကာကွယ်​ဖို့မင်းတို့စစ်​​မြေပြင်​ထွက်​ပြီး ငါ့ရန်​သူကိုတိုက်​ကြလို့ခိုင်းရင်​ ဘယ်​သူကများရဲရဲရင့်ရင့်တက်​တက်​ကြွကြွနဲ့အသက်​စွန့်​တိုက်​ခိုက်​ကြမလဲ။ဒါကိုသိလို့ အမျိုး ဘာသာ သာသနာဆိုတဲ့တံခွန်​ကို​ရှေ့ ကလွှင့်​တင်​​ပေးလိုက်​တာသာဖြစ်​တယ်​။ခရစ်​ယာန်​ဘာသာတစ်​ခုထဲ ဂိုဏ်းမတူလို့ထချကြတာ အကုန်​စုတ်​ပြတ်​သတ်​ကုန်​ကြ​တော့တာပါပဲ။အ​သေးစိပ်​​လေ့လာကြည့်ရင်​ ​ရောမယဉ်​​ကျေးမှုသိပ်​ထည့်ထားတဲ့ကပ်​သလစ်​နဲ့ ဂရိယဉ်​​ကျေးမှုလွှမ်းခြုံ ထားတဲ့​အော့်သို့​ဒေါစ့်ရယ်​ အသစ်​ထွက်​လာတဲ့ ပြုပြင်​​ရေးဂိုဏ်းပရိုတက်​စတင့်တို့ သတ်​ကြတာ ရာစုနှစ်​၅ခုနီးပါးပဲ။
အာလင်​မ်​ကြီးဖြစ်​ဖြစ်​ မွဖ်​သီကြီးဖြစ်​ဖြစ်​ ဘာကြီးဖြစ်​​နေ​နေ သူ့လုပ်​ရပ်​မှန်​​နေရင်​သူ့ကို​ထောက်​ခံသင့်တယ်​။သူ့လုပ်​ရပ်​မှား​နေတာကို ​တော့ ဆန့်​ကျင်​ကန့်​ကွက်​ရမှာပါပဲ။ဝီရသူရဲ့ လုပ်​ရပ်​အမှားကို ဆန့်​ကျင်​မရဲခဲ့လို့ ယ​နေ့ ဗုဒ္ဓဘာသာရိုးသား​သူ​တွေပါ​ရောကြိတ်​ခံ​နေရတာမဟုတ်​ဘူး။မြန်​မာ​တွေကိုကျ​တော့ ၀ီရသူကိုဆန့်​ကျင်​ကြ​စေချင်​တယ်​။ကိုယ့်အလှည့်ကျ​တော့ အာလိမ်​တဲ့မ​ပြောနဲ့တဲ့။အဲဒါဆို ခင်​ဗျားတို့နဲ့မြန်​မာ​တွေဘာကွာမတုန်း။အတူတူပဲ​လေ။မြင်​​အောင်​ကြည့်ပါ။သာသနာမှာပါတယ်​ဆိုပြီး​ပြောတိုင်းမယုံနဲ့။ဂျင်းမိမယ်​။မေးပါ။မြန်းပါ။ကိုယ်​တိုင်​​လေ့လာနိုင်​ရင်​အ​ကောင်းဆုံးပဲ။ခေတ်​အဆက်​ဆက်​ အဲဒီဘာသာ​ရေး​အာဏာရှင်​​တွေ ရိုးသားတဲ့လူထုကိုဂျင်းထည့်ခဲ့ကြတဲ့သာဓကအများကြီးပါ။အာလင်​မ်​ကိုမ​စော်​ကားခိုင်းတာ ဘယ်​လိုအာလင်​မ်​မျိုးကို​ပြောတာလဲ​လေ့လာ။နားစွန်​နားဖျားကြားပြီး အရူးစကား​တွေ​လျှောက်​​ပြော​နေရင်​ တကယ်​နားလည်​သူ​တွေ​နောက်​ကွယ်​ရယ်​​နေလိမ့်မယ်​။ဂျင့်ထည့်မယ့်​ခေါင်း​ဆောင်​ကလည်း ရစ်​ခ်ျ​လူး လို ဒီဂွင်​ကိုပဲ​ချောင်း​နေတာပါ။
 မြန်​မာမွစ်​စလင်​ပဲဖြစ်​ဖြစ်​ အိန္ဒိယမွစ်​စလင်​ပဲဖြစ်​ဖြစ်​ အားလုံးအိန္ဒိယနဲ့မကင်းပါဘူး။အိန္ဒိယအုပ်​စုကလည်း အိန္ဒိယအစွဲကြီးတယ်​။ဗမာမွစ်​စလင်​ကလည်း ဗမာပုံဘယ်​​လောက်​တုတု အချိန်​တန်​ကုလားပဲရိုးစွပ်​ခံကြရတာပါ။တိုက်​ပုံဝတ်​တာ ကုရ်​သာဝတ်​တာ ဆိုတာတကယ်​​တော့ရိုးရာပါ။သာသနာနဲ့ဘာမှမဆိုင်​ဘူး။ရန်​ဖြစ်​​နေစရာလည်းမလိုဘူးထင်​တာပဲ။မုတ်​ဆိတ်​ကိုယ်​ထားချင်​ထားလိုက်​။မထားချင်​မထားနဲ့။ဒီအတွက်​မြန်​မာ​တွေကို​သောက်​ဂရုစိုက်​​နေစရာ ဘာအ​ကြောင်းမှမရှိဘူး။ကိုယ့်​မေးမှာ​ပေါက်​တဲ့အ​မွှေးကို ကွကွကိုယ်​ရိတ်​ချင်​ရိတ်​မယ်​။မရိတ်​ဘဲလည်း​နေခွင့်ရှိတယ်​။
အိုလမာကလည်း သူတို့ဆရာအိန္ဒိယအိုလမာဆရာ​တွေကိုပဲ ဆရာလို့ထင်​တာ။ဘာ​လေးဖြစ်​ဖြစ်​ အိန္ဒိယလှမ်းဖသာဝါ​တောင်းရတာနက်​ အကြံ​တောင်းရတာနက်​။လုံးဝအိုလမာဟာ ဘာသာ​ရေးမှာ အိန္ဒိယအိုလမာရဲ့ ယ​နေ့အထိ လက်​​အောက်​ခံသက်​သက်​ပဲ။လက်​​အောက်​ခံလုပ်​တယ်​ဆိုကတည်းက တစ်​နည်းအားဖြင့် ပင်​ကိုယ်​အစွမ်းအစမရှိလို့ အ​ကြောက်​တရားများ​နေလို့ ဆိုတာ​သေချာ​နေတာပဲ​လေ။သီရိပျံချီတို့ကလည်း ​တော်​ရှာတယ်​။အိုလမာနဲ့မတည့်သူအားလုံး သူ့အုပ်​စုထဲအ၀င်​ခံလိုက်​တာ မွဖ်​သီ​တွေ ကာသွီ​တွေ ဘယ်​ကဘယ်​ကယူလာတယ်​မသိရတဲ့ ​ခေတ်​စမ်းဝါဒီ ပြန်​လည်​ပြင်​ဆင်​​ရေးသမားခပ်​စုတ်စုတ်​​တွေထွက်​လာတယ်​။သီရီပျံချီဆီကထွက်​လာတဲ့တပည့်​တွေထဲမှာ စံချိန်​မှီတစ်​​ယောက်​မှမ​တွေ့ဖူးဘူး။ပညာအရာမှာ သီရိပျံချီကြီးဟာသိပ်​​တော်​ပါတယ်​။တကယ်​လည်း​တော်​ပါတယ်​။သူနဲ့​ခေတ်​ပြိုင်​ပုဂ္ဂိုလ်​​တွေကိုယ်​တိုင်​သူ့ကိုချီးကျူးရတဲ့အထိပါ။သဖ်​စီရ်​​ရေမိရှ်​ကသ်​တို့ သဖ်​စီရ်​​ရေဘိုခါရီတို့ သိဗ်ယာနွလ်​ကရ်​အာန်​တို့စတဲ့ သဖ်​စိရ်​​တွေ ရှရဟ်​​တွေ အဋ္ဌကထာ​တွေနဲ့ တာရိခ်​ ​တွေကို ​ရေးသားထားတာတကယ်​​လေးစား​လောက်​ပါတယ်​။ဒါ​ပေမဲ့ သူလည်း အိုလမာနဲ့ပြိုင်​ရင်းအချိန်​ကုန်​သွားတယ်​။
ပြီးခဲ့တဲ့နှစ်​က NVC ကိစ္စနဲ့​နေပြည်​​တော်​က ​ခေါ်ဖိအား​ပေး​တော့ ​ကျော်​စိုးက သခင်​အားရကျွန်​ပါးဝလုပ်​ပြီး ​ရှေ့ကဦး​အောင်​ NVC လက်​ခံဖို့​ဆော်​​သြော်​လိုက်​တယ်​။မကြာဘူး။သာသနာ​ရေး​ကောင်​စီကစာထွက်​လာတယ်​။NVCလက်​ခံဖို့ပါပဲ။ဒါ​ပေမဲ့လူထုက ​ကျော်​စိုးပဲ မဲပြီးဆဲတယ်​။တကယ်​​တော့ ​ကျော်​စိုးထုတ်​တဲ့စာနဲ့​ကောင်​စီကထုတ်​တဲ့စာ ဘာကွာလဲဆိုတာ ​သေ​သေချာချာဂရုစိုက်​ဖတ်​သူ ရှားတယ်​။အ​ဖြေက​တော့ ​ကောင်​စီ​ရော ​ကျော်​စိုး​ရော NVC လက်​ခံဖို့​ပြောတာပါပဲ။မယုံရင်​အဲဒီစာရွက်​​တွေလက်​၀ယ်​ရှိ​နေသူများပြန်​ပြီးဖတ်​ကြည့်ကြ​ပေါ့။အဖွဲ့ကြီး​တွေဖွဲ့တယ်​။ပြီး​တော့ လူထုအတွက်​ဘာမှလည်းလုပ်​​ပေးတာမဟုတ်​ဘူး။နိုင်​ငံတကာကလာတဲ့​ငွေ​တွေကိုဘုန်းတဲ့ကဏ္ဍ​တွေလည်းရှိတယ်​။အောက်​​ခြေကမသိဘူး။နိုင်​ငံခြားသွားIC ​တောင်းတဲ့အမျိုးသား​ခေါင်း​ဆောင်​ဆိုတာလည်းရှိတယ်​။နာမည်​ထုတ်​မ​ပြော​တော့ဘူး။သူတို့အားလုံး ဟဂ်ျ​အချိန်​တစ်​ချက်​စုကြတယ်​။ဒီထက်​ကြီးမားတဲ့ရည်​ရွယ်​ချက်​သူတို့မှာမမြင်​မိဘူး။အစိုးရကလည်းသိပ်​​တော်​တယ်​။ဂွင်​​လေး​တွေဖန်​တီး​ပေးထားတယ်​။အဲဒီဂွင်​ပြပြီးစည်းရုံးလိုက်​တာ အစိုးရအကြိုက်​ဖြစ်​​ရော။ယ​နေ့အထိ ​ဒေါ်စုအကြိုက်​လိုက်​​ပြော​နေတဲ့ သွရီကာဟ်​ဆရာကြီးရှိ​နေ​သေးတာခင်​ဗျားတို့မျက်​မြင်​ပဲ​လေ။(ဆက်​ပါဦးမည်​)
၁၉၄၆အလယ်​ပစ္စယံလူထုအစည်းအ​ဝေးပွဲမှာ မြန်​မာပြည်​က မွစ်​စလင်​​တွေကို ဘယ်​အုပ်​စုထဲထည့်မလဲ အုပ်​စုသီးသန့်
ရပ်​တည်​မလားဆိုတဲ့အဆိုကို အဆိုအမှတ်​၆အဖြစ်​ ဒီးဒုတ်​ဦးဘချိုကတင်​သွင်း​တော့ အဲဒီအချိန်​ကမြန်​မာမွစ်​စလင်​​ခေါင်း​ဆောင်​​တွေရဲ့ သ​ဘောထားအတိုင်း မြန်​မာမွစ်​စလင်​သည်​ မြန်​မာ ဆိုပြီးလက်​ခံကြလို့ ညီလာခံက​နေ မြန်​မာမွစ်​စလင်​ကို မြန်​မာမျိုးနွယ်​စု၉မျိုးထဲထည့်လိုက်​တာ​ကြောင့်​ ၁၀အုပ်​စု​မြောက်​မြန်​မာဖြစ်​သွားပါတယ်​။ဒါ​ပေမဲ့
၁၉၆၂အာဏာသိမ်းအစိုးရက သူ့သ​ဘောနဲ့သူ ပြန်​ဖြုတ်​လိုက်​တာ​ကြောင့်ယ​နေ့ မြန်​မာစရင်းမှာ၉မျိုးသာကျန်​ရှိ​နေပါတယ်​။အဲဒီအချိန်​ကလွတ်​လပ်​​ရေးယူခဲ့တဲ့နိုင်​ငံ့​ခေါင်း​ဆောင်​သခင်​​အောင်​ဆန်းနဲ့ထိပ်​သီး​တွေရဲ့ ဆုံးဖြတ်​ချက်​ကို​တောင်​ ​နေ၀င်းအလွယ်​တကူဖျက်​ဆီးလိုက်​တာမြင်​ကြမယ်​ထင်​တယ်​။အလားတူ ၁၉၆၂မှာ အစဉ်​အလာတည်​ရှိလာတဲ့တိုင်းရင်းသားရှမ်း​စော်​ဘွား​တွေရဲ့ ဖက်​ဒရယ်​အာဏာကိုပါ ရုတ်​သိမ်းလိုက်​ပြန်​တာ​ကြောင့်ပင်​လုံကိုပါ ဖျက်​စီးပြီးသားဖြစ်​သွားတယ်​။မိုက်​မိုက်​ကန်းကန်း​တွေလုပ်​ပစ်​ခဲ့တယ်​။
ဦးနု​ခေတ်​မှာကတည်းက နိုင်​ငံ​တော်​ဘာသာကိစ္စမှာတစ်​ကြိမ်​၊​ဆေး​ကျောင်းဝင်းထဲကဗလီကိစ္စမှာတစ်​ကြိမ်​၊လွတ်​လပ်​​ရေးကာလ​တောက်​​လျှောက်​ ဖဆပလရဲ့ မဟာမိတ်​အဖြစ်​ရပ်​တည်​ပြီး အဓိကအခန်းကဏ္ဍက​နေ ကူညီခဲ့တဲ့ မဟာမိတ်​ ဗမက(ဗမာမွစ်​စလင်​ကွန်​ကရက်​)ကို ဖျက်​သိမ်းခိုင်းစဉ်​တစ်​ကြိမ်​၊​တောင်​ဥက္ကလာပ ဗလီကိစ္စဘုန်းကြီး​တွေလာရမ်းကားစဉ်​တစ်​ကြိမ်​ စုစု​ပေါင်း၎ကြိမ်​ မြန်​မာ​တွေရဲ့ လူမျိုး​ရေးဘာသာ​ရေးအစွဲကိုမြင်​သာ​စေခဲ့တယ်​။ဒါ​ပေမဲ့မြန်​မာမွစ်​စလင်​​ခေါင်း​ဆောင်​​တွေ​ပေါ့​ပေါ့ပဲသ​ဘောထားခဲ့ကြတယ်​။ဒီအ​ခြေ​နေမှာ ဒါကိုနားလည်​လက်​ခံ​ပေးလို့ရပါ​သေးတယ်​။
နားလည်​လက်​ခံ​ပေးလို့မရ​တော့တာက ၁၉၆၂ခုနှစ်​​နောက်​ပိုင်းပဲ။၆၂ကစပြီး ​နေ၀င်းနဲ့မဆလ အစိုးရဟာ မြန်​မာမဟုတ်​တဲ့ဘာသာခြား နွယ်​ဖွား​တွေနဲ့တိုင်းရင်းသား​တွေအားလုံးကို တန်းစီခွဲခြားဖိနှိပ်​လာတယ်​။ဒါကိုလည်းမြန်​မာမွစ်​စလင်​​ခေါင်း​ဆောင်​​တွေသိတယ်​။နေ၀င်းတက်​ပြီး ၁၀နှစ်​အကြာ ၁၉၇၄မှာ မဆလဖွဲ့စည်းပုံနဲ့အတူ ၁၉၈၂နိုင်​ငံသားဥပ​ဒေကိုပါတွဲယူလာတယ်​။၈၂နိုင်​ငံသားဥပ​ဒေထုတ်​ပြန်​ချိန်​မှာ နွယ်​ဖွား​တွေနဲ့ဘာသာခြား​တွေကို​ပေါ်တင်​အပြစ်​မြင်​တဲ့ရှု​ထောင့်က​နေ​ပြောဆိုပြီးကြိမ်း​မောင်းသွားပါ​သေးတယ်​။၈၂နိုင်​ငံသားဥပ​ဒေထုတ်​ပြန်​ချိန်​ ၇၄စရင်း ၁၄၄မျိုးမှာ ၉မျိုးဖြုတ်​ချပြီး ၁၃၅လုပ်​ချလိုက်​တာပါပဲ။လူမျိုး၉မျိုးဟာမွစ်​စလင်​အုပ်​စု​တွေချည်းပဲ။၁၈၂၃ခုနှစ်​ဆိုတဲ့​ပေတံတစ်​​ချောင်းနဲ့မျဉ်းသားချလိုက်​တာ ယ​နေ့အဲဒီဒုက္ခကိုအားလုံးခံစား​နေကြရတာပါပဲ။
နောက်​ဆုံးမြန်​မာပြည်​ကမွစ်​စလင်​​တွေအားလုံးရဲ့ နိုင်​ငံ​ရေးရပိုင်​ခွင့်​​တွေအားလုံးရုတ်​သိမ်းခံလိုက်​ရပါ​တော့တယ်​။ဒီအထိလည်း မြန်​မာမွစ်​စလင်​​တွေထဲက အမျိုးသား​ရေးလုပ်​မယ့်သူထွက်​​ပေါ်မလာခဲ့ဘူး။မြန်​မာပြည်​ကမွစ်​စလင်​​တွေရဲ့သမိုင်းကိုကြည့်မယ်​ဆိုရင်​ မိမိတို့အမျိုးသား​ရေးကိုလုပ်​တဲ့ သမိုင်းရှိကိုမရှိဘူး။ယုတ်​စွအဆုံး မြန်​မာမွစ်​စလင်​သမိုင်းကျမ်းဆိုပြီး ​ရင်​ဆိုင်​စိန်​​ခေါ်နိုင်​တဲ့ကျမ်းတစ်​အုပ်​​တောင်​မရှိဘူး။မြန်​မာမွစ်​စလင်​လူထုကလည်း အ​ဖေ့မှတ်​ပုံတင်​နံပါတ်​​တောင်​မသိဘူး။အ​ဖေ့အဘိုးဇာတိသွားမ​မေးနဲ့​တော့။ဝေးပြီး။အဲလို​တွေဖြစ်​ကုန်​ပြီး မွစ်​စလင်​အုပ်​စု​တွေအားလုံးစီးပွား​ရေးလမ်း​ပေါ်တက်​ကုန်​ကြတယ်​။ဝန်​ထမ်းမရ​တော့ ရရာအလုပ်​​တွေလုပ်​ရင်းက​နေ တစ်​ဖြည်းဖြည်းကိုယ်​ပိုင်​လုပ်​ငန်း​တွေအထိတိုးတက်​လာခဲ့ကြပြန်​တယ်​။ဒါ​ပေမဲ့ ပညာ​ရေးစံချိန်​စံညွှန်းမှာ အနှုတ်​လက္ခဏာပြ​နေတာ​ကြောင့် အဲဒီသူတို့ရဲ့ စီးပွား​ရေးတိုးတက်​မှုဟာ သူတို့အမျိုးသား​တွေအတွက်​ ဘာတစ်​ခုမှ ဘာတစ်​ခုမှ လုပ်​မ​ပေးနိုင်​ခဲ့ကြဘူး။သူတို့စီးပွား​ရေးတိုးတက်​မှုဟာ သူတို့မိသားစုဆိုတဲ့ အ၀န်းအ၀ိုင်း​လေးထဲမှာဖြစ်​တည်​​နေပြီး ဗလီတိုင်း​ရဲ့ အ​ရှေ့ မှာ ဘုရားမရှီခိုးဘဲ ​ခြေသန်​လက်​သန်​ကြီး၊ နွားစားမကုန်​၊ဆင်​နင်းလို့မ​သေတဲ့ခန္ဓာကြီးနဲ့ ​တောင်းရမ်း​နေတဲ့​အောက်​တန်းစား​တွေရဲ့ ဘ၀​တွေအထိ နိမ့်​ကျသွားတာပါပဲ။ဆင်းရဲချမ်းသာ ကွာဟချက်​ကြီးလာပြီး နိမ့်ကျ​နေတဲ့လူ့အဖွဲ့စည်း​တွေမှာဖြစ်​​လေ့ဖြစ်​ထရှိတဲ့ ဂုဏ်​တုဂုဏ်​ပြိုင်​မှု​တွေနဲ့​ငွေ​ကြေးဆာ​လောင်​မှု​တွေက​နေရာယူလာကြ​တော့တာပါပဲ။ယ​နေ့မြန်​မာမွစ်​စလင်​လူ့အဖွဲ့အစည်းဆိုတာဟိုကထိပ်​ဆုံးကသူ​ဋ္ဌေးခရိုနီက​နေ ​အောက်​​ခြေ ​အောက်​တန်းစားအထိ ဘာမှချီးကျူးဂုဏ်​ပြု ​လောက်​စရာဘာမှမရှိဘူး။သူတို့ဘာသာသူတို့​ပေးထားတဲ့ဂုဏ်​​တွေကလွဲပြီး ဘယ်​သူမှအသိအမှတ်​မပြု ဘူး။ကွမ်းယာ​ရောင်း​နေတဲ့ဆင်းရဲသား​တောင်​ အဲဒီကားစီး​နေတဲ့သူ​ဋ္ဌေးကုလားကို အထင်​မကြီးဘူး။ဒါရပ်​ကွပ်​​တွေထဲကပကတိဖြစ်​စဉ်​ပဲ။သိက္ခာဆိုတာဒါပဲ။လုပ်​ယူလို့မရဘူး။ငွေရှိတိုင်းသိက္ခာတက်​လာမယ်​ထင်​ရင်​မှားလိမ့်မယ်​။
အ​ရေးကြီးဆုံးတစ်​ချက်​က လူနည်းစုအမျိုးသား​ရေးဆိုင်​ရာ ရုန်းကန်​မှုမရှိခဲ့တာပဲ။မွစ်​စလင်​လူ့အဖွဲ့စည်းဟာ မြန်​မာပြည်​နိုင်​ငံ​ရေးမှာ ကိုလိုနီ​ခေတ်​ကတည်းက ​နေ ယ​နေ့အထိ တစ်​စိုက်​မတ်​မတ်​ပါဝင်​ခဲ့တယ်​။ဒါ​ပေမဲ့ နိုင်​ငံ​ရေးသက်​သက်​ပဲ။လူမျိုး​ရေးမပါခဲ့ဘူး။သီ​ပေါနဲ့သူ့မယားနွားလှည်း​ပေါ်ငုပ်​တုပ်​ပါသွားတဲ့ရတနာပုံဇတ်​သိမ်းခန်းရဲ့ နိဂုံးမှာ ​ပ​ဒေသရာဇ်​ကို အရှင်​သခင်​လို့ယူဆပြီးအင်္ဂလိပ်​ကို​တော်​လှန်​ခဲ့တဲ့ ဗိုလ်​ဘိုးကာတို့က​နေ ​နောက်​ဆုံးဦးကိုနီအထိပါပဲ။ဗိုလ်​ဘိုးကားကြီးရဲ့ မျိုးဆက်​​တွေယ​နေ့အထိရှိ​သေးတယ်​။ဗိုလ်​ဘိုးကားကြီးအသက်​၁၀၀​ကျော်​​နေသွားတယ်​။သူ့ဆီကမြန်​မာ့မွစ်​စလင်​သမိုင်း​တွေအများကြီးတူးခဲ့လို့ရတယ်​။၁၈၈၅က​နေ ၁၉၄၈အထိ စုစု​ပေါင်း၆၂နှစ်​မှာ သမိုင်း​ပျောက်​သွားစရာဘာအ​ကြောင်းမှမရှိဘူး။အားမထုတ်​လို့ မစု​ဆောင်းလို့ ​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စားလို့မသိတာပဲ။လူထုထဲမှာကလည်း မှတ်​တမ်း​ရေးတဲ့အစဉ်​အလာ ဘယ်​​ခေတ်​မှာမှမရှိဘူး။ဒါလည်းကုလား​ရောမြန်​မာ​ရောငါတို့ဘာမျိုးညာမျိုးဆိုပြီး မရှက်​မ​ကြောက်​​ပြော​နေကြ​သေးတာပါပဲ။
အားလုံးဘယ်​သူမှ အမျိုးသား​ရေးမလုပ်​ခဲ့ဘူး။နိုင်​ငံအတွက်​သာ လုပ်​ခဲ့ကြတယ်​။ဒါဟာတစ်​ဖက်​ကဂုဏ်​ယူစရာဖြစ်​​ပေမယ့်တစ်​ဖက်​က​တော့လစ်​ဟာမှုပါပဲ။ကိုယ့်အမျိုးသား​ရေးမလုပ်​ဘူးဆို​တော့ဘာလုပ်​​နေလဲ​မေးရင်​ မြန်​မာအစိုးရက​သွေးခွဲ​ပေးတဲ့အတိုင်း မင်းက အိန္ဒိယ၊ငါကမြန်​မာမွစ်​စလင်​ကွ ဆိုပြီး တကွကွဲနဲ့နင်းပြားချင်းအတူတူ အချင်းချင်းခွဲခြား​နေတယ်​​လေ။၂၀၀၀ခုနှစ်​​နောက်​ပိုင်း မဆလစနစ်​ကြီး ပျက်​သုဉ်းသွားပြီး​နောက်​မှာမှ မြန်​မာပြည်​မှာနယ်​စပ်​ကုန်​သွယ်​​ရေးဆိုတာဖြစ်​​ပေါ်တာ။နယ်​စပ်​ကုန်​သွယ်​​ရေးဖြစ်​​ပေါ်တာ ၁၈နှစ်​ပဲရှိ​သေးတယ်​။ဈေးကွက်​စီးပွား​ရေးဖြစ်​​ပေါ်ပြီး ပရမ်းပတာ စီးပွား​ရေး​တွေဖြစ်​ချင်​သလြို​ဖစ်​ပြီး ၂၀၀၅နှစ်​ခု​နောက်​ပိုင်း လူတစ်​စု ချမ်းသူလာကြတယ်​။အဲဒီလမ်း​ကြောင်း​ပေါ်မွစ်​စလင်​​တွေဆက်​တက်​တယ်​။မြန်​မာ​တွေလိုပဲ ဘာမှဟုတ်​တိပတ်​တိ အစွမ်းအစဖြစ်​မလာဘူး။
လွတ်​လပ်​​ရေးတိုက်​ပွဲ​တွေမှာ၊မြန်​မာ့တပ်​မ​တော်​မှာ၊ပင်​လုံမှာ၊ဖဆပလမှာ၊​ဦးနုအစိုးရကပ်​ဘိနပ်​မှာ၊​တော်​လှန်​​ရေး​ကောင်​စီမှာ၊မဆလမှာ၊န၀တမှာ၊နအဖမှာ၊ကြံ့ခိုင်​​ရေးမှာ၊NLDမှာ ​ခေတ်​အဆက်​ဆက်​ နှစ်​၁၀၀ခန့်​အတွင်း မွစ်​စလင်​​တွေထဲက အသီးသီးကိုယ့်အခန်းကဏ္ဍက​ပါဝင်ခဲ့ကြပြီးအကျိုးပြု လုပ်​ကိုင်​ခဲ့ကြ​ပေမယ့် သူတို့မျက်​စိ​ရှေ့ မှာတင်​ သူတို့အမျိုးသား​တွေရဲ့ နိုင်​ငံ​ရေးရပိုင်ခွင့်​တွေကိုတစ်​စစီ တစ်​စစီ ရုတ်​သိမ်းလိုက်​တာအတိုင်းသားကြည့်​နေလိုက်​ကြရတာပါပဲ။တဖြည်းဖြည်းရုတ်​သိမ်းလာ​နေကတည်းက ငါတို့ဘယ်​လိုပုံစံနဲ့ခုခံမယ်​ဆိုတဲ့ plan စီမံကိန်း ဘာတစ်​ခုမှမရှိခဲ့ဘူး။ဆရာချယ်​​နေ၀င်းအနား​နေ မဆလစနစ်​ကို ​ထောက်​ခံအား​ပေး​နေရင်းနဲ့ပဲ ၁၉၈၂နိုင်​ငံသားဥပ​ဒေနဲ့လူမျိုး၉မျိုးရုတ်​သိမ်းခံလိုက်​ရတာ။ဒါလည်းဆရာချယ်​အိန္ဒိမွစ်​စလင်​ မြန်​မာမွစ်​စလင်​ဆိုပြီး​ကြွေး​ကြော်​တုန်းပဲ။
၈၈ပြီး​တော့ ကိုမြ​အေး ကိုဆမား က​နေ စည်​သူ​မောင်​ အထိ အားလုံးသက်​ဆိုင်​ရာ​နေရာ​တွေမှာလှုပ်​ရှားခဲ့ကြတယ်​။ကိုဆမားလည်းစစ်​အစိုးရကိုမကြိုက်​လို့ ​​ကျောင်းသား​ဘော်​ဒါ​တွေနဲ့အတူတူပါဝင်​ဆန့်​ကျင်​ပြီး ​မြောက်​ပိုင်းကိုထွက်​ခွာသွားခဲ့တာ​တောင်​ အချိန်​တန်​ကုလား​ဆိုပြီးခွဲခြားခံရတဲ့အပြင်​ ၀က်​သားပါပါးစပ်​ထဲအတင်းအဓမ္မခွံ့ထည့်ကြတဲ့အထိ​စော်​ကားခံခဲ့ရတယ်​။ဒါသူစိမ်းမဟုတ်​ဘူး။တစ်​ဖွဲ့တည်းကလုပ်​ခဲ့ကြတာပါ။အလားတူ ကိုမြ​အေး နဲ့သူ့သမီး စစ်​အစိုးရကို အကြီးအကျယ်​ဆန့်​ကျင်​​နေတုန်းက ၀ိုင်းပြီးသြဘာ​ပေးခဲ့
ကြသူ​တွေက အခုသူတို့ကိုပါ ခွဲခြမ်းခွဲခြမ်းလုပ်​လာတာ သူတို့အမြင်​ပဲ။အချိန်​တန်​လာရင်​ ဘာသာ​ရေး လူမျိုး​ရေး အ
မြင်​​တွေနဲ့လွန်​ကဲလာပြီး မြန်​မာလူမျိုးရဲ့ စိတ်​ထား​တွေ​ပြောင်းလဲလာတာတတ်​တာ အခုမှဖြစ်​တာမဟုတ်​ဘူး။လွတ်​လပ်​​ရေးရမယ်​မကျန်​​သေးဘူး နိုင်​ငံ​တော်​ဘာသာလုပ်​ဖို့ ကြိုးပမ်းခဲ့ကြသူ​တွေပါ။ခေတ်​သစ်​ဥပမာ​တွေကိုထဲထဲဝင်​၀င်​သိချင်​ရင်​ မန္တ​လေးမှာ ကိုဆမား(ဦးညီ)အသက်​ရှင်​လျက်​ ရှိ​နေပါ​သေးတယ်​။ဝေးတယ်​ထင်​ရင်​ ၀ံပု​လွေများထံမှလွတ်​​မြောက်​ခြင်း-ဆမား၊နဲ့ ​ခေတ်​သစ်​ဟသာင်္ကိုး​သောင်းပုံပြင်​-ဦး​မောင်​​မောင်​(ကရ၀ိတ်​)တို့ရဲ့ စာအုပ်​​လေး​တွေကိုစပ်​စပ်​စုစုဖတ်​ကြည့်ကြ​ပေါ့။ပြောသာ​ပြောရတယ်​ မထင်​ပါဘူး။ကုလားဟာစာတစ်​မျက်​နှာ (တစ်​အုပ်​မဟုတ်​ပါ)ဖတ်​ဖူးသူရှားတယ်​။သူတို့ကိုးကွယ်​ယုံကြည်​ရာဘာသာ သာသနာအ​​ကြောင်း​တောင်​ သူတို့ဘိုးဘွား​ပြောတဲ့စကား​တွေ​လောက်​ပဲသိကြတာ။မိရိုးဖလားခပ်​နိမ့်နိမ့်​တွေပါပဲ။ကုရ်​အာန်​ကျမ်း​တောင်​ လာဘ်​၀င်​ဖို့ဖတ်​ကြတာ။မယား​ကောင်း​ကောင်းရဖို့ သူတစ်​ပါးကို​ဆေးလုပ်​ဖို့၊သူများဖင်​ချဖို့ စတဲ့အဲဒီလုပ်​ငန်း​တွေမှာပဲသုံးကြတာပါ။ဗုဒ္ဓဘာသာဝင်​တစ်​​ယောက်​က အစ္စလာမ်​ဆိုတာဘာလဲလို့လူ၁၀၀ကို​ခေါ်​မေးရင်​ ၉၉​ယောက်​က ​ပါးစပ်​​လေဖြတ်​ကုန်​ကြတာပဲ။အချင်းချင်းဆို စွာသလား
မ​မေးနဲ့။ထိပ်​ဆုံးမှာရှိတာ။
မြန်​မာဟာ ဘာသာ​ရေးသူငယ်​နာမစင်​​သေးတာလည်းအမှန်​ပဲ။နောက်​ဆုံးဦးကိုနီကိုကြည့်ပါ။ပါတီကိုသူနိုင်​ရာအခန်းကဏ္ဍက​နေ အကျိုးပြုခဲ့​ပေမယ့် ​နောက်​ဆုံးသူရသွားတဲ့ရလဒ်​ကဘာလဲ။မြန်​မာမွစ်​စလင်​​ရှေ့ ​နေများကွန်​ယက်​နဲ့ ​လောဖန်​ကိုတည်​​ထောင်​​နေစဉ်​အချိန်​မှာပဲ အသတ်​ခံလိုက်​ရတယ်​။ဒါရိုးရိုးသားသားတိုက်ဆိုင်​မှုမဟုတ်​ဘူး။နှစ်​ဖွဲ့တစ်​ဖွဲ့​ပေါင်းပြီး အပြတ်​ရှင်းလိုက်​တာပဲဖြစ်​နိုင်​ပါတယ်​။ဦးကိုနီလည်းသူ့အ​ခြေ​နေသူသိပါတယ်​။သူအရည်​အချင်းနဲ့ရသင့်ရထိုက်​တဲ့အခွင့်​ရေး​တွေ​တောင်​ သူမယူခဲ့ဘဲ ပါတီဆိုဒ်​က​နေပဲပံ့ပိုးပြီး​နေခဲ့တာ။Excutive Area ​တွေကိုဝင်​မလာခဲ့ဘူး။ဒါလည်းအသတ်​ခံရတာပါပဲ။နောက်​ NLDထဲမှာ NLDစတင်​ဖွဲ့စည်းကတည်းက ​ထောင်​အကြိမ်​ကြိမ်​ကျခံပြီး ​ပေးဆပ်​လာတဲ့မွစ်​စလင်​​တွေအများကြီးရှိတယ်​။ရန်​ကုန်​မှာ၊မန္တ​လေးမှာအများဆုံး။အဲဒီသူ​တွေအားလုံးကိုအချိန်​တန်​လာ​တော့ပယ်​လိုက်​တာပဲ​လေ။ဒါဘာလဲ။ဒါရိုးရိုးသားသားပဲ​လား။ဥာဏ်​ကြီးရှင်​ဘွဲ့ရလဋူ​တွေစဉ်းစားကြ​ပေါ့။နိုင်​ငံ​ရေးဆိုတာ စီးပွား​ရေး၊လူမှု​ရေး​တွေရဲ့ ထိပ်​မှာ​နေ​နေတာအလကား​နေ​နေတာမဟုတ်​ဘူး။သူ့အဆင့်ကအဲဒီမှာရှိ​နေလို့သူ​နေတာ။သူ့ကို​ကျော်​လို့ကိုမရဘူး။ဒါNLDမှာသမိုင်းမှာ အဆိုးဝါးဆုံးခွဲခြားမှုကိုစလုပ်​ခဲ့တာပါပဲ။ဘယ်​လိုလှပတဲ့စကားလုံး​တွေသုံးပြီး​ပြော​ပြော မိုးခါး​ရေ​သောက်​ပြီး ခွဲခြားလိုက်​တာ လူများစုအားပြု အာဏာရှင်​ဒီမိုက​ရေစီကို​ဖော်​​ဆောင်​လိုက်​တာပါပဲ။မြန်​မာဆိုတာဒါပဲ။နှစ်​၁၀၀သမိုင်းမှာ ဒီအတိုင်းပဲ။ဒါNLDက​ပေါ်တင်​ မြန်​မာမွစ်​စလင်​​တွေရဲ့ နိုင်​ငံ​ရေးရပိုင်​ခွင့်ကို ရုတ်​သိမ်းလိုက်​တာပဲ။
(မြန်​မာမွစ်​စလင်​သမိုင်းကိုစိန်​​ခေါ်ဝံ့သူမည်​သူမဆို​နေဇင်​လတ်​ကြို ဆိုပါတယ်​။)
ဒါ​တွေဟာ​ယခုလက်​ရှိအသက်​ရှင်​​နေ​သေးတဲ့ မြန်​မာမွစ်​စလင်​​တွေအတွက်​သမိုင်းသင်​ခန်းစာပဲ။ရှေ့ကိုဘာလုပ်​ရမယ်​၊ဘယ်​လိုစီစဉ်​ရမယ်​ဆိုတာ​တွေအတွက်​​သတိ​ပေး​ခေါင်း​လောင်းထိုးသံ​တွေပဲ။နှစ်​​ပေါင်းများစွာမြန်​မာကိုယုံပြီး မြန်​မာ​နောက်​က​နေ မြန်​မာ​ကျေနပ်​​အောင်​ ​အကျိုးပြု ခဲ့တာ​တောင်​ အခွင့်​ရေးနဲ့ပလ္လင်​လည်းရ​ရော စင်​​ပေါ်တင်​​ပေးခဲ့သူကိုပါ သတ်​ပစ်​ခဲ့ကြတာဟာ မြန်​မာ​တွေရဲ့ ဗိဇပါဇာတိဂုဏ်​ပါ။မဆန်းပါဘူး။ဒါမျိုးမြန်​မာ့သမိုင်းမှာအများကြီးပဲ။အဲ​တော့ မြန်​မာ​နောက်​ကမှိန်းလိုက်​​နေတဲ့စနစ်​ကိုပြုပြင်​ဖို့လို
ပြီ။
နောက်​ဆုံးတစ်​ချက်​က နိုင်​ငံ​ရေးရပိုင်​ခွင့်ကိုအနစ်​နာခံ​တောင်းဖို့လိုပြီး။ကိုယ့်အမျိုးသားသမိုင်းနဲ့နိုင်​ငံ​ရေးရပိုင်​ခွင့်ကို ကိုယ့်ဘာသာကိုယ်​ကြိုးစားတိုက်​ပွဲဝင်​​တောင်းဆိုတာမျိုးပဲဖြစ်​သင့်ပြီ။မြန်​မာ​တွေတစ်​ချိန်​​ပေးလာမယ်​ဆိုပြီး ယုံစားခဲ့ကြလို့ အကြိမ်​ကြိမ်​အခါခါ ​အလိမ်​ခံရပြီးပြီး။မြန်​မာနဲ့ဆရီလင်္ကာကိုယှဉ်​ကြည့်ပါ။ယ​နေ့မြန်​မာပြည်​ကဘာသာ​ရေးအကြမ်းဖက်​မှု​တွေဟာ တကယ်​​တော့ ဆရီလင်္ကာကပုံတူးကူးချထားတာ။ဒီပုံစံနဲ့နိုင်​ငံ​ရေးကိုကိုင်​တွယ်​ဖို့ အခါ​တော်​​ပေးခဲ့ကြသူ​တွေဟာ တရုတ်​​တွေပါ။တရုတ်​မှာဝီဂါ​တွေကို ယုတ်​နိမ့်စွာဆက်​ဆံ​နေတဲ့တရုတ်​အစိုးရဟာ ကမ္ဘာက​အော်​လာရင်​ ဗလီသွားပြလက်​​ဆောင်​​ပေးပြပြီး လိမ်​ညာ​နေကြပါ။ဒီစနစ်​ကိုပဲမြန်​မာအစိုးရယူထားတာ။(မှတ်​ချက်​-၀ီဂါနဲ့တရုတ်​သမိုင်းကိုလည်းမည်​သူနဲ့မဆို​ဆွေး​နွေးရဲပါတယ်​။ကြိုဆိုပါတယ်​။ဒါ​ပြောတာ​ပေါက်​လွတ်​ပဲစားနှစ်​ပဲတစ်​ပြားအသိနဲ့comment၀င်​မ​ရေးဖို့အတွက်​ပါ။သမိုင်းကိုဘက်​လိုက်​​ပြောတဲ့အထဲကိုမပါဘူး)
မြန်​မာအစိုးရမှာသိပ်​ပြီးထူးခြားတဲ့ဥာဏ်​ရည်​ဥာဏ်​​သွေးမရှိဘူး။ဆရီလင်္ကာအစိုးရကပ်​ဘိနပ်​ထဲမှာ မွစ်​စလင်​၀န်
ကြီးရှိတယ်​။တကယ်​တမ်း​စော်​ကားလာတဲ့အခါ ၀န်​ကြီးကိုယ်​တိုင်​ အစိုးရတားရင်​တား မတားရင်​သူကိုယ်​တိုင်​သူယုတ်​မာအစိုးရဆီမှာအလုပ်​မလုပ်​​တော့ဘူးဆိုပြီးနှုတ်​ထွက်​ပြီးဖိအား​ပေးတယ်​။အသက်​၇၀အရွယ်​မုတ်​ဆိတ်​တန်းလန်းနဲ့အဘိုးကြီးကိုယ်​တိုင်​ ရန်​စကျူး​ကျော်​လူသူ​တွေကိုခုခံဖို့ ဓားဆွဲထွက်​တာ။အဲ​တော့ ဆရီလင်္ကာမှာပြဿနာ​တွေသာဖြစ်​​နေတာ။နိုင်​ငံ​ရေးရပိုင်​ခွင့်မဆုံးရှုံး​နေဘူး။ဒီမှာက ​စော်​ကားခံ လူပါးဝခံ အခွင့်အ​ရေးအမျိုးမျိုးရုပ်​သိမ်းခံ​နေရတာ​တောင်​ မိမိကိုယ်​မိမိလူမှန်​ကြီးဘုရားငါးကြီးနဖူးကွဲဒူးပြဲရှီခိုးသူကြီး က အ​မေစုအကြိုက်​ လိုက်​​ပြော​နေတာပါ။ဒါဆရီလင်္ကာနဲ့မြန်​မာမွစ်​စလင်​ကွာတဲ့အချက်​ပဲ။မြန်​မာမှာ မွစ်​စလင်​ခရိုနီ​တွေနဲ့ မွစ်​စလင်​ဘူဇွာ​တွေကလည်း အမှန်​တကယ်​ပြု ပြင်​​ပြောင်းလဲ​ရေးဖြစ်​လာမှာကိုမလိုလားဘူး။သူတို့ဂွင်​​တွေပိတ်​ကုန်​မှာဆိုးတယ်​​လေ။
မြန်​မာမွစ်​စလင်​ခရိုနီ​တွေ ဂုတ်​​သွေးစုပ်​ဘူဇွာ​အောက်​တန်းစား​တွေမနည်းမ​နှောရှိ​နေတာလည်းအမှန်​တရားပဲ။
ကျ​နော်​ကုန်​ကုန်​​ပြောရရင်​ NLDအ​နောက်​က မွစ်​စလင်​​တွေ​နေဖို့အ​ကြောင်းမရှိ​တော့ဘူး။ကိုယ့်အမျိုးသားရပိုင်​ခွင့်ကို ကိုယ့်ဘာသာကိုယ်​ ကြုံရလာနိုင်​တဲ့ဒုက္ခ​တွေ အတားအဆီး​တွေကိုခါးစီးခံပြီး ရုန်းကန်​ကြိုးစားသင့်ပြီလို့ထင်တယ်​။ယ​နေ့NLDလို တစ်​ချိန်​က ဖဆပလ ရှိခဲ့ဖူးတယ်​။NLDလိုပဲအာဏာမရခင်​တစ်​မျိုး အာဏာရပြီး အင်္ဂလိပ်​အစိုးရလက်​ထက်​ကတည်းက တရားဝင်​ရှိခဲ့တဲ့ဗလီကို ဖဆပလအစိုးရလက်​ထက်​​ရောက်​မှ ကတုံးနဲ့လူစုတ်​တစ်​ချို့ရဲ့ ဆန္ဒပြမှုနဲ့စခန်းသိမ်းပိတ်​​ပေးလိုက်​ရတဲ့သာဓကရှိတယ်​။ဒါ​တောင်​သူ့ကပ်​ဘိနပ်​ထဲမှာဝန်​ကြီးဦးရရှစ်​လိုပုဂ္ဂိုလ်​​တွေရှိ​နေ​သေးတာပါ။ယ​နေ့ NLD ဆိုတာ တစ်​ချိန်​က မြန်​မာနိုင်​ငံ​ရေးမှာ အစွမ်းအစ ​လောက်​​လောက်​လားလားမပြနိုင်​တဲ့ ဖဆပလ အဖြစ်​ ပုံစံတူ သဏ္ဍန်​တူ ၂၀၁၅​ခေတ်​သစ်​မှာပြန်​လည်​​ပေါ်ထွန်းအသက်​၀င်​လာတာပဲ။ဖဆပလရဲ့ လူမျိုး​ရေးအစွဲ NLDမှာလည်းရှိတယ်​။ဖဆပလ ကပ်​ဘိနပ်​ ပါတီ​ပေါလစ်​ဗျူရိုက ထိပ်​သီး​တွေကိုယ်​တိုင်​ အဲဒီစိတ်​ဓာတ်​ရှိကြသလို NLD ပါတီထိပ်​သီး​တွေလည်းဒီပုံပဲဆိုတာခင်​ဗျားတို့သ​ဘော​ပေါက်​ကြပြီထင်​ပါတယ်​။အဲ​တော့ ကိုယ့်ရဲ့ နိုင်​ငံ​ရေးရပိုင်​ခွင့်ဆုံးရှုံး​နေတာကို ကိုယ့်အမျိုးသား​တွေကိုယ်​တိုင်​ ကိုယ့်အားနဲ့ကိုယ်​ကြိုးစားကြ​စေချင်​​ကြောင်းတိုက်​တွန်းပါရ​စေ။မြန်​မာပြည်​ကမွစ်​စလင်​ရဲ့ အစွမ်းအစနဲ့ဖြတ်​ထိုးဥာဏ်​ကို မြန်​မာအစိုးရ​တွေ​ကောင်း​ကောင်းသိတယ်​။သူတို့ကိုယ်​တိုင်​ကုလားအကူအညီမယူဘဲ ​နေလို့မရတဲ့သာဓက​တွေရှိပါတယ်​။အဲ​တော့ ကိုယ့်အား ကိုယ့်အစွမ်းအစကို ကိုယ့်အမျိုးသား​တွေအတွက်​ အသုံးချမယ်​ဆိုရင်​ ပိုပြီးမသင့်မြတ်​ဘူးလားလို့တင်​ပြရင်း
https://m.facebook.com/story.php?story_fbid=130781131191408&id=100027785653688
0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာအိန္ဒိယဆက်​နွယ်​မှု”
Post a Comment
Related Posts Plugin for WordPress, Blogger...