Tuesday, December 24, 2013

ခွဲစိတ်ခံယူထားသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များ ဖျက်သိမ်း

,
ခြေထောက်ခွဲစိတ်မှု ခံယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခွဲစိတ်မှု အောင်မြင်ပေမယ့် ကြာရှည် မတ်တပ်ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ မသင့်တော်သေးတာကြောင့် အခုလကုန်အထိ ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက မိသားစုဆရာဝန်အနေနဲ့ ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ အသေးစား ခွဲစိတ်မှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ခွဲစိတ်မှုအခြေအနေကြောင့် ဒီလအတွင်းမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှာ ကျင်းပပြုလုပ်မယ့် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကို ဖျက်သိမ်းထားတယ်လို့ အန်အယ်ဒီပါတီရဲ့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီ ၆ ရက်ကနေ ၁၀ ရက်အထိ ချင်းပြည်နယ်ကို သွားရောက်ဖို့ ရှိပြီး ချင်းပြည်နယ်ခရီးစဉ် ဖြစ်၊ မဖြစ်ကိုတော့ သူရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည်ရဦးမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
DVB Burmese

 

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခွဲစိတ်ခံယူထားသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များ ဖျက်သိမ်း ”

Post a Comment

Related Posts Plugin for WordPress, Blogger...