Tuesday, December 24, 2013

Lotion အစား အသုံးပြုနိုင်သည့် အသီးအရွက်ဆီ

,
ခန္ဓာကိုယ်အတွက် Lotion အစား အသီးအရွက်ဆီများကိုလည်း အသုံးပြုနိုင်သည်။ အသားခြောက်ခြင်း၊ အသားမာတက်ခြင်းများအတွက် ပိုးသတ်ဆေးကင်းစွာ အသုံးပြုနိုင်သည်။
(၁)စပျစ်စေ့အဆီ
မျက်လုံးတစ်ဝိုက်၊လည်တိုင်တို့အတွက် အရေးအကြောင်းများ လျော့ပါးစေသည်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သဖြင့် အသားကို လင်းလက်စေသည်။
(၂)သံလွင်ဆီ
အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်ပြီး နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ဖြစ်စေသော Free redical ကို တိုက်ထုတ်ပေးသည်။
(၃) နေကြာဆီ
သံလွင်ဆီလောက်ကောင်းပြီး သံလွင်ဆီထက် ဈေးသက်သာသည်။ ဟင်းချက်ဆီအဖြစ်လည်း အသုံးပြုနိုင်သည်။ အလွန်ကောင်းသော အစိုဓာတ်ဖြည့်ဆီဖြစ်ပြီး ခန္ဓာကိုယ် အသားအရေအတွင်းသို့ လွယ်ကူမြန်စွာစိမ့်ဝင်သည်။ အခြား ချက်ပြုတ်ဆီများကဲ့သို့ စေးကပ်မှုမရှိသောကြောင့် နှိပ်နယ်ရာတွင် အသုံးပြုနိုင်သည်။
(၄)တည်စေ့ဆီ
အခြားဆီများထက် သွက်ပြီး ခန္ဓာကိုယ်ထဲသို့ လွယ်ကူစွာစိမ့်ဝင်သည်။ အလုပ်များသောနံနက်များတွင် အစိုဓာတ်ထိန်းဆီအဖြစ် လိမ်းနိုင်သည်။ ဗီတာမင် A,E,C အင်တီ အောက်ဆီးဒင့်တို့က အရေပြားရှိ နေလောင်ပျက်စီးမှုများ၊ အရွယ် အိုမင်းမှုလက္ခဏာများကို ကာကွယ်ပေးသည်။

Health Updates Journal

0 ယောက်မှတ်ချက်ပြုခဲ့သည် to “Lotion အစား အသုံးပြုနိုင်သည့် အသီးအရွက်ဆီ ”

Post a Comment

Related Posts Plugin for WordPress, Blogger...