Sunday, January 5, 2014

ရှေးမြန်မာ သိပ္ပံနဲ့နည်းပညာ

,
ပုဂံခေတ်က ထွန်းကားခဲ့တဲ့ ဆောက်လုပ်ရေးနည်းပညာ Arch in Bagan, an ancient city of Myanmar. (AP Photo/Khin Maung Win)
ပုဂံခေတ် အနော်ရထားမင်းလက်ထက်မှာ ဂဏန်းသင်္ချာနဲ့တကွ မြေတိုင်းပညာ ထွန်းကားခဲ့တာကို လယ်တွင်းကိုးခရိုင်က ဆည်မြောင်းတာတမံတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာပညာ ထွန်းကားတဲ့ အထောက်အထားတွေကိုတော့ ပုဂံဘုရားပုထိုးတွေနဲ့ ကျောင်းကန်အဆောက်အဦးတွေမှာ တွေ့နိုင်ပါတယ်။  အထူးသဖြင့် Arch လို့ခေါ်တဲ့ ပေါင်းကူးဂုံးတွေ တည်ဆောက်တဲ့ အတတ်ပညာမျိုး  ထွန်းကားခဲ့တာပါ။

ဒါ့အပြင် ပုဂံခေတ် ဆောက်လုပ်ရေးမှာ ပါးပါးလွှာလွှာနဲ့  အင်မတန်ခိုင်ခန့်တဲ့ အင်္ဂတွေတွေ သုံးလာနိုင်တာက ထင်ရှားတဲ့ အထောက်အထားတခုဖြစ်ပါတယ်။

နက္ခတ္တဗေဒပညာ ထွန်းကား တာအပြင် စိုက်ပျိုးရေးကဏ္ဍမှာ ကိုင်းကူးကိုင်းဆက် နည်းပညာတွေ၊  Horticulture လို့ခေါ်တဲ့ စိုက်ပျိုးနည်းပညာတွေ ထွန်းကားခဲ့တယ်လို့ ဆိုပါတယ်။

တခြား ပညာရပ်တွေမှာလည်း ခေတ်အလျှောက် ထွန်းကားမှု ရှိနိုင်ပေမယ့် အတိအကျမှတ်တမ်းတင်တာမျိုးတွေ လက်ဆင့်ကမ်းတာတွေ လုပ်ကြဖို့ လိုအပ်နေသေးသလို ဆရာစားချန်တာမျိုးတွေ ရှိနေတယ်လို့ ဆရာဦးဝင်းဖေက ပြောပါတယ်။
voanews

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရှေးမြန်မာ သိပ္ပံနဲ့နည်းပညာ ”

Post a Comment

Related Posts Plugin for WordPress, Blogger...