ရန်ကုန်၊ နိုဝင်ဘာ-၃၀
နိုဝင်ဘာလဆန်း၌ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့သော
ဟစ်ဟော့ပ်အဖွဲ့ Too Big ၏ အဖွဲ့ဝင် စိုးသူရက ၎င်း၏မင်္ဂလာဧည့်ခံပွဲကို ၂၀၁၄
ခုနှစ် ဇန်န၀ါရီလတွင် ပြုလုပ်သွားမည်ဟုပြောသည်။
“တော်တော်များများကတော့ မင်္ဂလာဆောင်ပြီးသွားပြီလို့ ထင်နေတာ။ မင်္ဂလာဧည့်ခံပွဲနဲ့ ညစာစားပွဲကို ဇန်န၀ါရီလထဲမှာလုပ်မှာပါ”ဟု ၎င်းကပြောသည်။
ဖြူလေးနှင့် ချစ်သူသက်တမ်း သုံးနှစ်နှင့်သုံးလပြည့်သည့်နေ့တွင် မင်္ဂလာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
မင်္ဂလာဆွမ်းကျွေးကို နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲနှင့် အချိန်ကွာဟမှုရှိသည်မှာ ၎င်းတို့ကိုးကွယ်သည့် ဆရာတော်ရွေးပေးသောရက်တွင် ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်ဟု စိုးသူရကပြောသည်။
ဟန်းနီးမွန်းခရီးကိုမူ တောင်ကိုရီးယားသို့သွားရန် စဉ်းစားထားသော်လည်း သတို့သမီး၏ဇာတိ မုံရွာမြို့တွင်လည်း မင်္ဂလာပွဲပြုလုပ်ရန် အစီအစဉ်ရှိသောကြောင့် ၂၀၁၄ ဖေဖော်ဝါရီလ နောက်ပိုင်းမှသာ သွားရောက်မည်ဟု ၎င်းကပြောသည်။
Source: .7daynewsjournal.