ဂျူဘား ဒီဇင်ဘာ ၂၈
အစိုးရနှင့် လက်နက်ကိုင်
သောင်းကျန်းသူများအကြား ရက်သတ္တပတ် နှစ်ပတ်နီးပါးခန့် အပြင်း အထန်ပစ်ခတ်
တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်
တစ်ရပ်ရရှိ ခဲ့ကြောင်း တောင်ဆူဒန် အစိုးရက
ပြောကြားခဲ့ပြီး ပထမဆုံးသော ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး
အင်အားဖြည့် တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၇ ရက်တွင် တောင် ဆူဒန်နိုင်ငံသို့
ရောက်ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ တောင်ဆူဒန်
နိုင်ငံအတွင်း ပြည်တွင်းစစ်အား ရပ်တန့်ရေး ကြိုးပမ်း
ဆောင်ရွက်လျက်ရှိသော်လည်း တင်း မာမှုများ ကျန်ရှိနေသေးကြောင်း၊ အစိုးရနှင့်
သောင်းကျန်းသူများ အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပြည်သူ ၁ဝဝဝ ကျော်
သေဆုံးခဲ့ရကြောင်းနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး
အခြေစိုက်စခန်းများ တွင်နေထိုင်လျက်ရှိသော တောင်ဆူဒန်ပြည်သူ ၆၃,ဝဝဝ အပါအဝင်
ပြည်သူ ၁၂ဝ,ဝဝဝ တို့သည် ၎င်းတို့၏ အိမ်ရာများ စွန့်ခွာထွက်ပြေး ခဲ့ရကြောင်း
ကုလသမဂ္ဂ (UN) က ပြောကြားခဲ့သည်။
၎င်းကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး
အင်အားဖြည့် တပ်ဖွဲ့ဝင်များတွင် တပ်ဖွဲ့ဝင် ၇၂ ဦးပါဝင်သော ကုလသမဂ္ဂ
ရဲတပ်ဖွဲ့တစ်ဖွဲ့ ပါဝင်ကြောင်းနှင့် တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု
ထိန်းသိမ်း ရေးတပ်ဖွဲ့(UNMISS) တွင် စုစုပေါင်း စစ်သည် ၁၂,၅ဝဝ နှင့်
ရဲတပ်ဖွဲ့ဝင် ၁၃ဝဝ ရှိပြီး ယခင် တပ်ဖြန့်ချထားသည့် အင်အားထက် နှစ်ဆခန့်
ဖြည့်တင်း နိုင်ခဲ့ကြောင်း သိရသည်။ ( myawady )


