၎င်းကဆက်လက်၍ “အမျိုး သမီးနိုင်ငံရေးကိုဦးဆောင်ခဲ့တာကို ပြန်ကြည့်စမ်း။ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ပါကစ်စတန်၊ ထိုင်းနိုင်ငံ တွေမှာဖြစ်ပြီး အခုကျွန်တော်တို့ နိုင်ငံကိုကျော်သွားပြီး ဘင်္ဂလား ဒေ့ရှ်နှင့် အိနိ္ဒယရောက်သွားတယ်။ ဘာလို့ကျော်ရမှာလဲ။ ဖြစ်ကိုဖြစ် ရမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုဖြစ်စေချင်တယ်။ လက်ရှိကာ ကွယ်ရေးဦးစီးချုပ်ကိုပြောချင်တယ်။ ကိုလိုနီခေတ်ဖက်ဆစ်တော်လှန် ရေးနဲ့ ယနေ့တပ်မတော်ကိုဖွဲ့စည်း ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေး ဒီအလံကိုကိုင်ထားတာမသေသေး ဘူး။ ကိုင်ထားတုန်းပဲ။ ရဲဘော်ကြီး ခင်ဗျားဘာမှတွေးမနေနဲ့ ကျွန်တော်တို့ဟာ ဗိုလ်ချုပ်လက် ထက်တုန်းက ပျိုတိုင်းချစ်တဲ့ နှင်းဆီခိုင်အဖြစ်နဲ့လာခဲ့ကြတာ။ လာမယ့် ၂၀၁၅ မှာ ကျုပ်တို့ သဘောထားကြီးစွာ တိုင်းပြည်မှာ ပြန်ပြီးတော့ ပျိုတိုင်းချစ်တဲ့နှင်းဆီ ခိုင်ဖြစ်ဖို့အတွက် သူရသတိ္တရှိရှိ၊ ဗလသတိ္တရှိရှိနဲ့ လုံးပန်းပေးပါ” ဟု ပြောသည်။
ဦးတင်ဦးက သဘာပတိမိန့် ခွန်းတွင် စစ်တပ်ဦးစီးရေးဆွဲပြီး ကိုယ့်စိတ်ကြိုက်မသေသပ်၊ မသေ ချာသော မပီပြင်သောနည်းများ ဖြင့် ဖြစ်ပေါ်လာသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင် ရမည့် အနေအထားဖြစ်နေသည့် အချိန်အခါရောက်နေပြီဖြစ် ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ခြင်းမရှိပါက ဒီတစ်နည်းမဖြစ်လျှင် နောက်ဆောင်ရွက်နိုင်သည့် နည်း လမ်းရှိသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောထားချက်ရှိ ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
အာကာဗိုလ်( hotnews )


