Tuesday, January 7, 2014

တရားဝင် ဆန္ဒဖော်ထုတ်ခွင့်မရသော်လည်း မန်းသတင်းထောက်များ ဆန္ဒဖော်ထုတ်

,
အဆိုပါဆန္ဒထုတ်ဖော်မှုကို အိုးဘိုထောင်ရှေ့မှစ၍ ဆိုင်ကယ်များဖြင့် မန္တလေးမြို့ပတ်ပြီး မဟာမြတ်မုနိ ဘုရားကြီးတွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။
"ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဘာမှပြောစရာမရှိပါဘူး။ မီဒီယာဖိနှိပ်တာကို မလိုလားလို့ ဆန္ဒဖေါ်ထုတ်တာပါ။ ဒီလိုတွေဆက်ပြီး လုပ်နေမယ်ဆို နိုင်ငံရဲ့သတင်းကို အမှောင်ချတာနဲ့ အတူတူပါပဲ" ဟု DVBသတင်းထောက် ဘကြီးအောင်က မဇ္ဈိမကိုပြောသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရန် တရားဝင်စာတင်ခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။
မန္တလေးမြို့ခံ ဝါရင့်သတင်းထောက် ဆရာမင်းထက်ငြိမ်းချမ်းက “ ဆန္ဒဖော်ထုတ်ခွင့်တင်လိုက်တယ်။ မပေးဘူး။ ငြင်းတာကလည်း အကြာင်းပြချက်မခိုင်လုံဘူး" ဟု မဇ္ဈိမကိုပြောသည်။
အဆိုပါလွိုင်ကော်မြို့မှ နယ်သတင်းထောက် မခိုင်(ခ)နော်ခိုင်ခိုင်အေးချိုအား  ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၃လ အမိန့်ချလိုက်ခြင်းအပေါ် မန္တလေးသတင်းထောက်များက မီဒီယာဖိနှိပ်မှုကို မလိုးလား သည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မန္တလေးခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က မဇ္ဈိမကိုပြောသည်။
ခွင့်ပြုမိန့်မရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ရှုတ်ချကြောင်းနှင့် သတင်းထောက်မခိုင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မန္တလေး အခြေစိုက်သတင်းထောက်များမှ ကြေငြာချက်တစ်စောင် အမြန်ဆုံးထုတ်ပြန်သွားမည်ဟု သိရ သည်။
အဆိုပါ သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မြန်မာဂျာနယ်လစ် ကွန်ရက်မှဦးဆောင်ပြီး  သတင်းထောက် ၂ဝဝခန့်နှင့် လူမှုအဖွဲ့အစည်းများက ဇန်နဝါရီ(၇)ရက် နံနက်(၉)နာရီမှ ၁၁နာရီခွဲအထိ မြို့တော်ခန်းမရှေ့မှ Eleven Media Groupရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
( mizzimaburmese )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားဝင် ဆန္ဒဖော်ထုတ်ခွင့်မရသော်လည်း မန်းသတင်းထောက်များ ဆန္ဒဖော်ထုတ် ”

Post a Comment

Related Posts Plugin for WordPress, Blogger...