၂ဝဝ၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ
ပြင်ဆင်ရေးအတွက် အကြံပြုစာများကို မည်သူမဆို လွတ်လပ် စွာ
ပေးပို့နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံး သပ် ရေး ကော်မတီက
ထုတ်ပြန် ထားသည့်အတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ထဲတွင် ပါဝင်နေသော
ပုဒ်မများထဲမှ မသန်စွမ်း သူများ၏ အခွင့်အရေး များရရှိ ရန်အတွက် လို
အပ်သောအကြံပြုစာကို နား မကြားလူငယ်နှစ်ဦးမှ အဆိုပါ ကော်မတီသို့ ဒီဇင်ဘာ လ
၆ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။ ၎င်းတို့ ပေးပို့လိုက် သော အကြံပြုစာ
များထဲတွင် ပြင်ဆင်ဖြည့်စွက်ရန်အတွက် ပုဒ်မ ၁၅ ခု၊ အသစ်ဖြည့်သွင်း ရန်အတွက်
ပုဒ်မတစ်ခု၊ ပယ် ဖျက်ရန်အတွက် ပုဒ်မတစ်ခု စုစုပေါင်း ပုဒ်မ
၁၇ခုပါဝင်ကြောင်း သိရ သည်။
အသစ်ဖြည့်သွင်းရန် တင် ပြထားသော ပုဒ်မ
တစ်ခုမှာ အခန်း (၁)၊ ပုဒ်မ (၃၂) (ဂ) ဖြစ်ကြောင်း သိရသည်။ ၎င်းပုဒ်မ (၃၂) (ဂ)
တွင် အခြေ အနေအကြောင်း အမျိုးမျိုး ဖြင့် ရှင်သန်နေကြရသော မသန်
စွမ်းသူများအားလုံးကို သင့်တင့် လျောက်ပတ်စွာ နေထိုင်စား သောက်နိုင်စေရန်
နိုင်ငံတော်မှ ထောက်ပံ့ပေးရမည်။ အသက် မွေးပညာကို အခလွတ် သင်ယူ နိုင်စေရန်၊
မသန်စွမ်းသူများ၏ ဘဝလုံခြုံမှုရရှိစေရန်နှင့် လုပ် နိုင်စွမ်းရှိသည့်
မသန်စွမ်းသူ များအတွက် စီးပွားရေးနှင့် အလုပ်အကိုင်များ လွတ်လပ်စွာ
လုပ်ကိုင်ခွင့်ပေးပြီး လိုအပ်ချက် များကို ပံ့ပိုးဆောင်ရွက်ရမည်။
မသန်စွမ်းသူများနှင့်ပတ်သက် သော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊
ဓလေ့စရိုက်နှင့် အခွင့်အရေး များကို အသိ အမှတ်ပြုအား ပေးမြှင့်တင်မှုပြု
လုပ်ရန်နှင့် မသန်စွမ်းသူများ အရေးကို ထိရောက်စွာ ဆောင် ရွက်နိုင်ရန်
မသန်စွမ်းဝန်ကြီး ဌာနကို သီးခြားဖွဲ့စည်းရမည်ဟု ပါဝင်ကြောင်း သိရသည်။
အဆိုပါ အသစ်ဖြည့်စွက် လိုသော ပုဒ်မ (၃၂)
(ဂ) နှင့် ပတ်သက် ၍ အကြံပြုတင်ပြသူ တစ်ဦးဖြစ်သော အကြားအာရုံ မသန်စွမ်းသူ
ထိုလူငယ်ကို မေး မြန်းကြည့်ရာ..
” တကယ်တော့ မသန်စွမ်း သူတွေလည်း
လူသားတွေဖြစ် ပါတယ်။ မသန်စွမ်းသူတွေကို လူမှုအသိုင်းအဝိုင်းမှာ တန်းတူ
ညီမျှပါဝင်အောင် လုပ်ဆောင် ဖို့လည်း လူ့အဖွဲ့ အစည်းမှာ တာဝန်ရှိပါတယ်။
အရာရာတိုင်း သန်စွမ်းသူတွေအတွက် ချည်း သာ မစဉ်းစားဘဲ မသန်စွမ်း
သူတွေအတွက်ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုအတား အဆီးတွေက မသန်စွမ်းတွေရဲ့
ဘဝကို ဟန့်တားနေ တာလဲဆို တာ အဖြေရှာဖို့လို အပ်ပါတယ်။ အကောင်းဆုံး
အဖြေကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင် ဆင်ဖို့ပဲ ဖြစ်ပါတယ်။ဒီအခြေခံ
ဥပဒေမှာ မသန်စွမ်းသူတွေ အတွက်အခွင့်အရေး၊ ရပိုင်ခွင့်၊
ကာကွယ်စောင့်ရှောက်ခွင့်တွေ က အပြည့်အဝပါဝင်မယ်ဆိုရင် ကျန်တဲ့
အပိုင်းတွေကို ဆက်လုပ် ဖို့က အဆင်ပြေသွားမှာ ဖြစ်လို့ ပါ။ လက်ရှိ
မြန်မာပြည်မှာ မသန်စွမ်းသူဦးရေက သန်း ဂဏန်းလောက်ရှိနေ တဲ့ အပြင် နောင်မှာ
ဆက် လက်တိုးပွားလာ မယ့် မသန်စွမ်းသူတွေရဲ့ အရေး အတွက် ဆောင်ရွက်နိုင်ဖို့
မသန် စွမ်းသူများဆိုင်ရာ ဝန်ကြီးဌာန ကို ဖွဲ့စည်းသင့်ပါတယ်။ အဲဒါမှ
အားလုံးအ ကျုံးဝင် တဲ့လူ့အဖွဲ့အ စည်းဖြစ်လာမှာပါ။ နောက်တစ် ခုက
နားမကြားသူတွေရဲ့ လက် သင်္ကေတပြ ဘာသာစကားကို နိုင်ငံတော်က အသိအမှတ်ပြုပြီး
အကြားအာရုံ မသန်စွမ်း သူများ တရားဝင်သုံးစွဲနေတဲ့ အသံမဲ့ ဘာသာစကားအဖြစ်
ပြဋ္ဌာန်း ပေးရင် လူ့အဖွဲ့အစည်းအတွင်း Sign Languageဘာသာ စကားကို နားလည်
သဘောပေါက်ပြီး အပြန်အလှန်ဆက်သွယ်နိုင်မယ်ဆိုရင် အတားအဆီးကင်းတဲ့
လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဖြေကြားပါသည်။
( popularmyanmar )


