Monday, January 6, 2014

ဒါအမြည်းပဲရှိသေးတယ် လိုအပ်ရင်လိုက်ပွဲတွေ ပွဲကြီးတွေလည်းပေးလို့ရတယ်

,
တိုင်းပြည်ကိုပြုပြင်ပြောင်းလဲ ရန်နှင့်အမှန်တရားအတွက်ဆိုလျှင် ပြည်သူတွေသည်တစ်ယောက်က စအိုးဝေသံပေးပြီးဒေါင်းအလံတင် လိုက်သည်နှင့်ညီညွတ်မှုကိုပြသနိုင် ကြောင်း၊ ဒါအမြည်းပဲရှိသေးတာ ဖြစ်ပြီးလိုအပ်လျှင်လိုက်ပွဲတွေပွဲကြီး တွေပါပေးလို့ရကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်ကိုမင်းကိုနိုင်က လူ အင်အား ၅၀၀၀ ခန့်တက်ရောက် ၀န်းရံခဲ့သည့် ဇန်န၀ါရီလ ၅ ရက် နေ့က မဟာဗန်္ဓုလပန်းခြံဘေးတွင် ကျင်းပပြုလုပ်သောမတရားသည့် ဥပဒေများဖျက်သိမ်းပေးရေး လူ ထုဆန္ဒထုတ်ဖော်ပွဲ၌ပြောကြားလိုက် သည်။
““ဒီနေ့ဘာဖြစ်လို့ဆန္ဒပြရတာ လဲဆိုရင် နိုင်ငံရေးအကျဉ်းသား တွေလည်းလွှတ်ပေးပြီးပြီ၊လိုသေး လားမေးရင်လိုတယ်။ ကျွန်တော် တို့နိုင်ငံရေးအကျဉ်းသားတွေဟာ တစ်ယောက်ယောက်ကသနား လို့လွှတ်ပေးလိုက်တာမဟုတ်ဘူး။ ကာလများစွာတိုက်ပွဲဝင်ခဲ့တောင်း ဆိုခဲ့လို့၊ ဆွေးနွေးခဲ့ကြလို့ဒိုင်ယာ လော့ဂ်ဆိုတဲ့ အပြန်အလှန်ဆွေး နွေးတဲ့ယဉ်ကျေးမှုရဲ့အသီးအပွင့် တစ်ခုသာဖြစ်တယ်။ ဒါကိုအောင် စိတ်နဲ့အောင်ပွဲတစ်ခုလိုမှတ်ပေးပါ””ဟု ၎င်းကပြောကြားသည်။
“အမှန်တော့ ဘောလုံးကွင်း တောင်မကျန်အောင်မြေသိမ်းခံ ထားရတဲ့နိုင်ငံမှာဘယ်လိုလုပ်ဘော လုံးနိုင်မှာလဲ။ ကျွန်တော်တို့ဟာ နေရာတကာရှုံးနိမ့်ခဲ့ရတယ်။အိမ် နီးချင်းနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ပညာရေးကျန်းမာရေးစီးပွားရေး အားလုံးအစစအရာရာရှုံးခဲ့ရတယ် ဗျာ။ ဒီလောက်ရှုံးခဲ့ရတဲ့လူမျိုးဟာ ဘောလုံးပွဲလေးတော့တစ်ခါလောက် နိုင်ချင်ပါတယ်။ ပြည်သူလူထုဟာ အရှင်သခင်ဖြစ်တယ်။ ပြည်သူ လူထုအတွက်ပြည်သူ့ရင်ပြင်တွေ ရှိရမယ်။ ဒီကနေ့ပဲကြည့်ပါ။ဟော ဒီလိုလမ်းအပြည့်ပြည်သူတွေ၊ လူ ထုအသင်းအဖွဲ့တွေ၊အနုပညာရှင် တွေ၊လွှတ်တော်ကိုယ်စားလှယ် တွေလည်းလာတယ်။ ရဟန်း သံဃာတွေလည်းပါတယ်။ဒါဟာ တစ်ယောက်ကစပြီးအိုးဝေသံပေး ပြီးဒေါင်းအလံတင်လိုက်လို့ရှိရင် ဘယ်လောက်ညီတယ်ဆိုတာပြနေ တာပဲ။ ဒါအမြည်းပဲရှိသေးတယ်။လိုအပ်ရင်လိုက်ပွဲတွေပွဲကြီးတွေ လည်းပေးလို့ရတယ်။ ကျွန်တော် တို့ ပြည်သူတွေကအာဏာပိုင်နဲ့ ရင်ဆိုင်နေရတယ်လို့ထင်ကြတယ်။ သူတို့ကအာဏာပိုင်မဟုတ်ဘူး။ ကျွန်တော်တို့ ကသာအာဏာပိုင် ဖြစ်တယ်။ ကျွန်တော်တို့ကအိမ် ရှင်တွေဗျ။ သူတို့ကအိမ်ငှားတွေ။သူတို့ကိုကျွန်တော်တို့ကငှားထား တာပါ။ ဘယ့်နှယ်ဗျာအိမ်ရှင်က အိမ်ငှားကိုပြန်ကြောက်နေရတယ် ဆိုတာရာဇ၀င်မရှိဘူး။ အာဏာ ထက်ကောင်းတဲ့သြဇာပြည်သူမှာ ရှိတယ်။ ၀န်ထမ်းတွေ၊လွှတ်တော် ကိုယ်စားလှယ်တွေ၊ယန္တရားအသီး သီးက လူတွေညီညွတ်လိုက်စမ်း ပါ။ ကျွန်တော်တို့အသံတွေကို စကြာဝဠာတိုက်တစ်သောင်းကြား အောင်အော်မယ်။ ကျွန်တော်တို့ ရုပ်တွေကိုတစ်ကမ်္ဘာလုံးမြင်အောင် ပြမယ်။ ဒါကိုမှမမြင်ဘူးမကြားဘူး ဆိုရင် အဲဒီလူတွေအတွက်မျက်မ မြင်နားမကြား ကျောင်းတွေထပ် ပြီးတော့ဆောက်ပေးလိုက်မယ်။ ဘယ်တော့မှကျွန်မခံတဲ့အမျိုးသား အောင်လံကိုသခင်အကြံသခင်အသံ သခင်အလံဖြစ်တဲ့ကျွန်တော်တို့ ဒေါင်းအလံကိုအမြင့်မားဆုံးလွှင့် ထူကြပါစို့”ဟုပြောကြားခဲ့သည်။ မတရားသည့်ဥပဒေမှန်သမျှကို ဆန့်ကျင်သည့် ယင်းဆန္ဒထုတ်ဖော် ပွဲတွင် လူဦးရေ ၅၀၀၀ခန့် တက် ရောက်ကြပြီး လူစုခွဲရာတွင်လည်း စည်းကမ်းရှိစွာဖြင့်အမှိုက်များကို လည်းကောက်ယူ ရှင်းလင်းခဲ့ကြ ကြောင်းတွေ့ရသည်။   
ဇော်မြင့်( hotnewsweekly )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒါအမြည်းပဲရှိသေးတယ် လိုအပ်ရင်လိုက်ပွဲတွေ ပွဲကြီးတွေလည်းပေးလို့ရတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...