Wednesday, January 8, 2014

ဝန်ထမ်းများကို လစာတိုးပေးမယ်လို့ သမ္မတပြော

,
၂၀၁၄-၂၀၁၅ ​ဘဏ္ဍာရေးနှစ်မှာ ​နိုင်ငံဝန်ထမ်းတွေကို ​လစာ ​ကျပ်နှစ်သောင်းစီ ​ထပ်မံတိုးမြှင့်ပေးဖို့ ​လျာထား ​တယ်လို့ ​ဇန်န၀ါရီ ​၇ ​ရက်နေ့က ​ကျင်းပတဲ့ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ ​သမ္မတဦးသိန်းစိန်က ​ပြောလိုက်ပါတယ်။
အဲဒီကိစ္စကို ​လာမယ့် ​ပြည်ထောင်စုလွှတ်တော်မှာ ​ဆွေးနွေးသွားမှာဖြစ်ပြီး ​ပြည်ထောင်စု ​လွှတ်တော်အတွင်းဆွေးနွေးချက် ​တွေပြီးရင် ​တိုးမြှင့်နိုင်မှာသေချာတယ်လို့ ​သမ္မတ ​ပြောရေးဆိုခွင့်ရှိသူ ​ဦးရဲထွဋ်က ​အတည်ပြု ​ပြောဆိုခဲ့ပါတယ်။

ဝန်ထမ်းတွေလစာတိုးမြင့်ရင် ​ကုန်ဈေးနှုန်းတွေတိုးမြင့်လာပေမယ့် ​အသေးစိတ်တွက်ချက်ထား ​တာကြောင့် ​ကုန်ဈေးနှုန်းမြင့်တက်လာဖို့မရှိဘူးလို့လည်း ​ဦးရဲထွဋ်က ​ဆက်လက်ပြောပါတယ်။

အဲဒီလစာတိုးပေးရတဲ့အချက်နှစ်ချက်ဟာ ​ရသုံးခန့်မှန်ငွေစာရင်းချုပ်ရာမှာ ​စီးပွားရေးလုပ်ငန်းတွေ ​များပြား ​လာတာကြောင့် ​အခွန်ရရှိမှုများလာတာရယ် ​လူနေမှုစရိတ်ကြီးမြင့်လာတာတို့ကို ​ကာမိစေဖို့အတွက် ​ဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ​တပ်မတော်က ​အရာရှိတစ်ဦးကတော့ ​လစာတိုးတယ်ဆိုတာ ​တကယ်မလွယ်တဲ့အကြောင်း၊ ​ရာထူးကြီးတွေထက် ​အောက်ခြေက ​ရာထူးငယ်တွေက ​ပိုပြီး ​တိုးသင့်တဲ့အကြောင်းနဲ့ ​အောက်ခြေက ​ရာထူးငယ်တွေဟာ ​သူတို့တွေ ​ရတဲ့လစာနဲ့ ​အတော်လေးကို ​ခက်ခဲနေတဲ့အကြောင်း ​ပြောပါတယ်။

ဒီလို ​လစာတိုးမြှင့်တာဟာ ​သမ္မတဦးသိန်းစိန်တာဝန်ယူပြီးနောက်ပိုင်း ​တတိယအကြိမ်မြောက် ​လစာတိုးမြှင့်ပေးတာဖြစ်တဲ့ ​အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၀န်ထမ်းများကို လစာတိုးပေးမယ်လို့ သမ္မတပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...