Monday, February 10, 2014

ပုဒ်မ-၅၉ ( စ ) နဲ. အမျိုးဘာသာ စောင့်ရှောက်ရေး

,
ကျွန်တော်တို. ဖြတ်သန်းခဲ့ကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်…..စစ်အာဏာရှင်အစိုးရဟာ ဒေါ်အောင်းဆန်းစုကြည် နိုင်ငံခေါင်းဆောင်ဖြစ်မှာ…ဒေါ်အောင်ဆန်းစုကြည် ရဲ.နောက်မှာ ပြည်သူလူထုတရပ်လုံး ညီညီညွတ်ညွတ်ရပ်နေမှာ ကို အမြဲတန်း ပူပန်ပြီး အဲဒီလို မဖြစ်အောင် အမျိုးမျိုး အဖုံဖုံ တားဆီးခဲ့တယ်…

ဒီနေရာ မှာ သမိုင်းနောက်ကြောင်း နဲနဲ ပြန်လှန်ပါရစေ…

ပထမဆုံး ၁၉၈၈ ခုနှစ်..ရွှေတိဂုံ အလယ်ပစ္စယံမှာ ဒေါ်အောင်ဆန်းစုကြည် က လူထု ကို စကားပြောမယ်လို. ကြေငြာလိုက်တဲ့ အချိန်…လူထု ရဲ. စိတ်ဝင်စားမှု အာရုံ ဒေါ်အောင်ဆန်းစုကြည် ဆီ ကို မရောက်အောင် လမ်းလွှဲဖို. အဲဒီ အချိန်က အာဏာရှင် ဦးနေ၀င်းဟာ သူကို ဝေဖန်ဆန်.ကျင်လို. သူကိုယ်တိုင် အင်းစိန်ထောင်ထဲ ထည့်ထားတဲ့ သူရဲ.တပည့်ဟောင်း ဦးအောင်ကြီး နဲ. ညှိနှိုင်း ပြီး ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံမှာ လူထု ကို စကားပြောမယ့်ရက်မတိုင်မှီ တစ်ရက်အလိုမှာ ဦးအောင်ကြီးကို အင်းစိန်ထောင်က လွှတ်ပေးခဲ့ပါတယ်…ဦးအောင်ကြီးက လဲ ထောင်ကလွတ်လွတ်ချင်း မြေနီကုန်းပဒုမ္မာ ကွင်းမှာ လူထုကို စကားပြောခဲ့ပါတယ်..

ဒါဟာ ဦးနေ၀င်းရဲ. ရွှေ.ကွက်ပါ….

လူထု က ဒေါ်အောင်းဆန်းစုကြည် ရဲ.နောက်ကို လိုက်သွားတာထက်စာရင် ဦးအောင်ကြီးနောက်ကို လိုက်သွားတာဟာ  ( ဦးအောင်ကြီးဟာ သူ.ရဲ.တပည့်ဖြစ်နေလေတော့ )

 သူ.အတွက် ပိုပြီး ခံသာမှာ မဟုတ်လား……အဲဒီ အချိန်တုန်းက ဦးအောင်ကြီး ကလဲ ဦးနေ၀င်း သို.ပေးစာ များ နဲ. နာမည်ကြီးနေတဲ့ အချိန်ဆိုတော့ ဦးနေ၀င်း ရဲ. တွက်ကိန်းက လဲ မဆိုးဘူးလို. ပြောလို.ရပါတယ်……

ဒါပေမယ့် ဦးနေ၀င်း ကံဆိုး သွားတာက ဦးအောင်ကြီး ရဲ. စကားပြောအမှားပါပဲ…. အစပိုင်းမှာ လူထုက ဦးအောင်ကြီး ကို တခဲနက်ထောက်ခံနေပေမယ့် ဦးအောင်ကြီးက “ တပ်မတော် ကို စိတ်နဲ.တောင် မပြစ်မှား နဲ.” …..လို. လဲ ပြောလိုက်ရော လူထု က ဦးအောင်ကြီးအပေါ် စိတ်ကွက်သွားပါတော့တယ်….စစ်တပ်ရဲ.ပစ်ခတ်မှုကြောင့် ကျောင်းသားတွေ သွေးမြေကျထားရတာ ပူပူနွေးနွေးပဲရှိသေးတော့..ဦးအောင်ကြီး စကားကို နာကြတာပေါ့… ကျောင်းသားထုက အဆိုးဆုံးပါပဲ…..နောက်ပိုင်း မှာ ဦးအောင်ကြီးက အဲဒီစကားရဲ.နောက်ဆက်အနေနဲ. “တပ်မတော်ကလဲ ပြည်သူလူထု ကို စိတ်နဲ.တောင်မပြစ်မှားနဲ.”… လို. ပြောဖို. ကျန်သွားလို.ပါ ဆိုပြီး ဖြေရှင်းခဲ့ပေမယ့် လူထုက သိပ်ပြီး မကျေလည်ခဲ့ပါဘူး……

အဲဒီနောက် ၁၉၈၈- စက်တင်ဘာ၊ တပ်က အာဏာသိမ်းယူအပြီး ပါတီစုံစနစ်နဲ. သွားမယ်ဆိုပြီး ပါတီတွေ ထောင်ခွင့်ပြုလိုက်တော့  ဦးအောင်ကြီး၊ဦးတင်ဦး နဲ. ဒေါ်အောင်ဆန်းစုကြည် တို. သုံးဦး မဟာမိတ်ဖွဲ. ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ( NLD ) ကို ဖွဲ.စည်းတည်ထောင်လိုက်ပါတယ်..

ဦးအောင်ကြီးက ဥက္ကဌ ၊ ဦးတင်ဦးက ဒု-ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး တာဝန်ယူကြပြီး ဦးအောင်ကြီးအဆိုပြု တဲ. လူ ( ၁၃ )ယောက်၊ ဦးတင်ဦး ရဲ. တပ်မှူးဟောင်းများအဖွဲ.က ( ၁၃ ) ယောက် ၊ ဒေါ်အောင်ဆန်းစုကြည် အဆိုပြု တဲ့ အဖွဲ.က ( ၁၃ )ယောက်..စုစုပေါင်းဗဟိုကော်မတီဝင် ( ၃၉ ) ယောက် နဲ. စတင်ဖွဲ.စည်းခဲ့တာဖြစ်ပါတယ်….

အဲဒီတုန်းက NLD ကို အောင်စုတင် အဖွဲ.လို. ခေါ်ခဲ့ကြပါတယ်….ဦးအောင်ကြီး ခေါ်လာတဲ့ ( ၁၃ )ယောက်ထဲ မှာ ဦးကြည်မောင် တို. ဦးဘိုးလှိုင်တို. ပါလာပါတယ်..။ဒေါ်အောင်ဆန်းစုကြည် ခေါ်လာတဲ့ အဖွဲ. မှာတော့ ဦးခင်မောင်ဆွေ၊ဒေါ်မြင့်မြင့်ခင်၊ဦးကိုယု ၊ဦးဝင်းတင် တို.ပါလာပါတယ်..။

အဲဒီလို အောင်၊စု၊တင် စုစည်းပြီး သိပ်မကြာခင်မှာပဲ…ဦးနေ၀င်း ရဲ. နောက်ထပ်ရွှေ.ကွက်တစ်ခု ထပ်ပေါ်လာပါတယ်…ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ကို သူ.လူတွေ နဲ. ခွဲထုတ်တဲ့ အကြံပါ…..ဦးအောင်ကြီးက ပါတီဗဟိုကော်မတီထဲ မှာ ကွန်မြူနစ်တွေ စိမ့်ဝင်နေတယ် ဆိုပြီး စွပ်စွဲချက်ထုတ်ပါတယ်…. ဒါဟာ အပိုင်ကြံတဲ့ အကွက်ပါ… သူ စွပ်စွဲတဲ့ လူတွေ အားလုံးဟာ…ဒေါ်အောင်ဆန်းစုကြည်က ဗဟိုကော်မတီထဲ ကို ထည့်ထားတဲ့ လူ ( ၁၃ )ယောက်စလုံးပါပဲ….ဦးအောင်ကြီးက ဘယ်လိုတောင်းဆိုခဲ့သလဲ ဆိုရင်…ဒေါ်အောင်ဆန်းစုကြည် ကဗဟိုကော်မတီထဲ ထည့်ထားတဲ့ လူတွေ ဟာ ကွန်မြူနစ်တွေ ဖြစ်တဲ့ အတွက် လက်တွဲ ပြီးဆက်အလုပ်လုပ်နိုင်ဘူး..ဒါကြောင့်ပါတီက ထုတ်ပယ်ပေးရမယ်လို. တောင်းဆိုပါတယ်…လိပ်ခဲတည်းလည်းဖြစ်ပြီးတဲ့နောက်မှာ ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး မဲခွဲဖို.လုပ်ပါတယ်….အဲဒီလို မဲမခွဲခင် မှာ ဦးအောင်ကြီး တောင်းဆိုတာက မဲခွဲ ခဲ့လို. သူ.ဖက်က ထောက်ခံ တဲ့သူများရင် သူ ကွန်မြူနစ်လို စွပ်စွဲထားတဲ့သူတွေ အကုန်ပါတီက ထွက်ပေး….ဒေါ်အောင်ဆန်းစုကြည် ဖက်ကို ထောက်ခံတဲ့သူများရင် သူကိုယ်တိုင်ပါတီက ထွက်ပေးမယ်..ဆိုတာပါပဲ….ဦးအောင်ကြီး ရဲ.တွက်ကိန်းကတော့ ဒီကိစ္စမှာ ကြားညပ်နေတဲ့ ဦးတင်ဦး အဖွဲ.ကလူတွေဟာ တပ်မှူးဟောင်းတွေ ဖြစ်တဲ့ အတွက် ဗကပ နဲ. တိုက်ခဲ့ဖူးတဲ့သူတွေ..ဒီတော့ အဲဒီလူတွေဟာ ကွန်မြူနစ်တွေ ကို ဘယ်နည်းနဲ.မှ ထောက်ခံမှာမဟုတ်ဘူး ဆိုတဲ့ တွက်ကိန်းပါပဲ….

တိုတိုပြောရရင် တကယ်မဲခွဲတဲ့ အခါမှာ ဦးအောင်ကြီးရဲ. တွက်ကိန်းမှားသွားပြီး ဦးတင်ဦး တို.တစ်ဖွဲ.လုံးက ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံခဲ့ကြတဲ့အပြင် ဦးအောင်ကြီးအဖွဲ.ထဲက ဦးကြည်မောင် ပါ ဒေါ်အောင်ဆန်းစုကြည် ဖက်ကို ထောက်ခံခဲ့ပါတယ်….အဲဒီနောက် ဦးအောင်ကြီး ဟာ ပါသီအသစ်တစ်ခုထောင်ပြီး (၁၉၉၀ ) ရွေးကောက်ပွဲ ၀င်ခဲ့ပေမယ့် မရှူမလှ ရှုံးပြီး နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက်ကွယ်သွားရပါတော့တယ်… ဒါတွေဟာ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ကို လူထုနဲ. ကင်းကွာစေဖို. ဦးအောင်ကြီး ကို အပေးအယူလုပ်ပြီး နောက်ကွယ်က အကွက်ရွှေ.ခဲ့တဲ့ ဦးနေ၀င်းရဲ. လုပ်ရပ်တွေပါပဲ…….

အဲဒီ ကိစ္စမအောင်မြင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်နိုင်အောင် လုပ်ခဲ့ပြန်ပါတယ်…….. ဒါဟာလဲ ဒေါ်အောင်ဆန်းစုကြည် မပါရင် NLD ကထင်သလောက်မဲမရ…ကျန်ပါတီတွေ နဲ. မဲကွဲ…. ကြားထဲက တ.စ.ည နိုင်..ဒါမှမဟုတ် ညွန်.ပေါင်းဖြစ်….လို. တွက်ထားခဲ့ပုံပါပဲ…. ဒါကြောင့်လဲ..ဦးစောမောင် က ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ အစိုးရ ကို အာဏာလွှဲ လို. စစ်တန်းလျား ပြန်မယ် ၊ ကိုယ့်ဖာသာ အခြေခံဥပဒေ ဆွဲကြလို. ပြောခဲ့တာပေါ့……ဒါပေမယ့် တကယ်ရွေးကောက်ပွဲ လုပ်တော့ ထင်သလို မဖြစ်ပဲ NLD က သပိတ်ဝင်အိပ်ဝင်လဲ နိုင်လိုက်ရော ဘာလုပ်လို.ဘာကိုင်ရမှန်းမသိ….အာဏာလွှဲ ပြီး စစ်တန်းလျား ပြန်မယ် ပြောခဲ့တဲ့ ဦးစောမောင်ကြီး ကို ဖိအားတွေပေးပြီး အနားယူခိုင်း …ဦးသန်းရွှေကြီးတက်လာ….ဦးစောမောင်ကြီး ပြောခဲ့တာ ငါတို. နဲ.မဆိုင်ဘူး ဆိုတဲ့ အပေါက်နဲ. မျက်နှာပြောင်တိုက်ပြီး အာဏာမလွှဲပဲနေ… ပြီးတော့မှ  ( ၁၉၉၀ ) ရွေးကောက်ပွဲ ဟာ အမျိုးသား ညီလာခံ အတွက် လုပ်တာလို. ဗြောင်လိမ်…. (  ရွေးကောက်ပွဲမလုပ်ခင်ကတော့ အမျိုးသားညီလာခံ ဆိုတာ တစ်ခွန်းမှမဟခဲ့ )…အဲဒီ အမျိုးသား ညီလာခံ ကြီးကို ( ၁၄ )နှစ်တိတိကြာအောင်ကျင်းပ ပြီး အခု ၂၀၀၈-အခြေခံဥပဒေ ဆိုတာကြီး ကိုရေးဆွဲ…ဆိုတာတွေ လုပ်ခဲ့ကြတာပေါ့….အဲဒီ ၂၀၀၈-အခြေခံဥပဒေ မှာလဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေဖို. ၅၉ ( စ ) ဆိုတဲ့ ပုဒ်မ ကို အသေအချာ ရေးဆွဲခဲ့တာပါ….ဒါကိုလဲ ၂၀၀၈-အခြေခံဥပဒေ ထွက်လာကတည်းက အားလုံးက သဘောပေါက်ပြီးသားပါ…..

အခုလဲပဲ….စစ်အာဏာရှင်အစိုးရကနေ အသွင်ပြောင်းဆက်ခံထားတဲ့ ကြံ.ခိုင်ရေးပါတီက လူတချို.ဟာ

ပုဒ်မ-၅၉ ( စ ) ကိုပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှာကိုမလိုလားပါဘူး…ဒါထက်ပိုပြီးပြောရရင်..၂၀၁၅-ရွေးကောက်ပွဲမှာ NLD အနိုင်ရသွားမှာ ကို မလိုလားပါဘူး…ဒါကြောင့် အမျိုးဘာသာစောင့်ရှောက်ရေး ဆိုတဲ့ အကွက်ကိုရွှေ.ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ. လူထု ကို သပ်လျှိုဖို. ကြိုးစား နေတာပါ…

အခု..အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးဆိုပြီး ၅၉ ( စ ) မပြင်ဖို. ပြောနေသူတွေဟာ ဘယ်သူတွေလဲ ဆိုတာဆန်းစစ်ကြည့်လိုက်ပါ….. ဘာသာရေးအဓိကရုန်းတွေ မဖြစ်ခင်ကတည်းက NLD ကို အစဉ်တစိုက် ဆန်.ကျင်ဝေဖန်တိုက်ခိုက် ခဲ့ကြတဲ့ အင်အားစုတွေပါပဲ…

အဲဒီအင်အားစုတွေဟာ……အခုတော့ အမျိုးဘာသာစောင့်ရှောက်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတူရပ်နေကြတယ်……

အဲဒီတော့….သူတို.တွေ ရဲ. တကယ့်ရည်ရွယ်ချက်အစစ်အမှန်က အမျိုးဘာသာစောင့်ရှောက်ရေး ဟုတ်ရဲ.လားဆိုတာ သံသယ၀င်စရာမကောင်းဘူးလား….

(ရဲရင့်ငယ်)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပုဒ်မ-၅၉ ( စ ) နဲ. အမျိုးဘာသာ စောင့်ရှောက်ရေး ”

Post a Comment

Related Posts Plugin for WordPress, Blogger...