Sunday, February 23, 2014

လွတ်လပ်သည့် ရှေ့နေအသင်း တစ်နှစ်အတွင်းပေါ်ပေါက်ရန် ကြိုးပမ်းနေ

,
လွတ်လပ်သည့် ၀တ်လုံတော်ရများအသင်းဖွဲ့စည်းမှုအား တစ်နှစ်အတွင်း ဖြစ်မြောက်ရန် ရည်မှန်း
ထားသည်ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်စိုးဦးကလွန်ခဲ့သော ရက်သတ္တပတ်ကပြောသည်။

အဆိုပါ လွတ်လပ်သည့် ရှေ့နေအသင်းသည် ရှေ့နေရှေ့ရပ်တို့၏ ကျင့်ဝတ်သိက္ခာ နှင့် အရည်
အချင်း မြင့်မားရေး၊ တရားခွင်တွင် ကျင့်သုံးသည့် နိုင်ငံတကာ ဗဟုသုတ ရှေ့နေပညာရပ်များ
ဆက်လက် ဆည်းပူးနိုင်ရန် ပို့ချချက်များ ပြုလုပ်ရန်၊ ဆက်သွယ်ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ
ရှေ့နေများနှင့်ဆက်စပ်၍ တရားစီရင်ရေး လွတ်လပ် တရားမျှတ ဘက်မလိုက်သည့် တရားဥပဒေ
စိုးမိုးအောင် ၀ိုင်းဝန်း ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

လွတ်လပ်သည့် အင်္ဂလန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ၀တ်လုံတော်ရများအသင်း နှင့် လွှတ်တော်
မှ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပူးပေါင်းပြီး လွတ်လပ်သည့် ၀တ်လုံ
တော်ရများအသင်း ဖွဲ့စည်း နိုင်ရေးအတွက် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိဆွေးနွေးခဲ့ရာ
တိုင်းနှင့်ပြည်နယ် အသီးသီးမှ ရှေ့နေများ ပါဝင်ခဲ့သည်ဟု၎င်းက ပြောသည်။

"အဖွင့်မိန့်ခွန်း မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာ လွတ်လပ်တဲ့ ရှေ့နေအသင်း
ဖြစ်ဖို့ စကားတစ်ခွန်းပါသွားတယ်။ နိုင်ငံတော်အဆင့်ဘားကောင်စီ လွတ်လပ်သော ရှေ့နေများ
အသင်းဖြစ်ဖို့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပါတီဝန်ထမ်းတွေ မပါပဲ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်က
မေးတော့ ဒေါ်အောင်ဆန်းစုကြည်က သူထောက်ခံတယ်။ အားပေးတယ်။ ရှေ့နေ အသင်းမှာ
ဒီအစိုးရအဖွဲ့က မပါသင့်ဘူး။ အဲဒီလို ဖြစ်အောင်လည်း လိုအပ်လို့ရှိရင် တွန်းလှန်ရမယ်။ ရှေ့နေ
တွေအနေနဲ့ လွတ်လွတ်လပ်လပ်ဖြစ်မှ တရားဥပဒေစိုးမိုးရေးကလည်း လွတ်လွတ်လပ်လပ် ဖြစ်
မှာပါ။ နိုင်ငံရေးနဲ့ ပတ်သက်မှု မရှိဘူး။ ပါတီ နိုင်ငံရေးရဲ့ ဩဇာခံလည်း မဖြစ်ရဘူး။ အစိုးရရဲ့ ဩဇာ
ခံလည်း မဖြစ်ရဘူး" ဟု ဦးအောင်စိုးဦးကဆိုသည်။

ယာယီ ဖြစ်မြောက်ရေး ကော်မတီတွင်း ရှေ့နေပါဝင်မှုအနေအထားအလိုက် တိုင်းနှင့် ပြည်နယ်မှ
ရှေ့နေ နှစ်ယောက်မှ ၁၀ ယောက်အထိ ပါဝင်ပြီး တစ်နှစ်အတွင်း ဖြစ်မြောက်ရန် ရည်မှန်းထား
သည်ဟု ဆိုသည်။

"မတ်လ ၁၅ ရက်နေ့မှာ ထပ်စုစည်းမယ်လို့ ဆုံးဖြတ်ထားတယ်။ နေရာဒေသတော့ မသိသေးပါဘူး။
တစ်နိုင်ငံလုံး ယာယီ ကော်မတီဝင် ၆၀ လောက် ရှိမယ်။ ကိုယ့်အစုအဖွဲ့ နဲ့ ကိုယ်ရွေးတင်တာပေါ့။
ရွေးချယ်ပြီး တင်မြောက်တဲ့ရှေ့နေ အဖွဲ့အစည်းဖြစ်ဖို့အတွက် ၀ိုင်းဝန်း ကြိုးစားနေကြတာပါ" ဟု
၎င်းက ဆိုသည်။

(ခင်ဆုဝေ)မြန်မာတိုင်း

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လွတ်လပ်သည့် ရှေ့နေအသင်း တစ်နှစ်အတွင်းပေါ်ပေါက်ရန် ကြိုးပမ်းနေ ”

Post a Comment

Related Posts Plugin for WordPress, Blogger...