Sunday, February 23, 2014

မလေးရောက်မြန်မာလုပ်သားများကို အသက်အာမခံပါဆင်းကဒ် အခမဲ့ပေးမည်

,
 မြန်မာနိုင်ငံမှ မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့်သူများနှင့် မလေးရှားရောက်မြန်မာလုပ်
သားများ အားလုံးကို မလေးရှားနိုင်ငံ အခြေစိုက် Tone Plus ကုမ္ပဏီက ဖုန်းဆင်းမ်ကဒ်များ
အခမဲ့ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော နားလည်မှုစာချွန်လွှာ
MoU လက်မှတ်ရေးထိုးပွဲတွင် ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်းက ပြောကြားခဲ့သည်။

မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့်သူများနှင့် မလေးရှားသို့ ရောက်ရှိနေသော မြန်မာလူ
မျိုးများအတွက် ဆက်သွယ်ရေးအဆင်ပြေစေရန်အလို့ငှာ ယခုကဲ့သို့ စီစဉ်လိုက်ခြင်းဖြစ်သည်။
"မလေးရှားသွားမယ့်သူတွေ သူတို့တွေက တစ်လကို အနည်းဆုံး ရင်းဂစ် ၃၀ နှုန်းနဲ့ သုံးရ
မယ်ပေါ့။ အကယ်၍ သူတို့တွေက နှစ်လသုံးပြီးသွားတာနဲ့ အသက်အာမခံကြေး အကျုံးဝင်
သွားမယ်။

တစ်ခုခုကြောင့် သူက သေဆုံးခဲ့မယ်ဆိုရင် ရင်းဂစ် ၁ သိန်းဆိုတော့ မြန်မာငွေ
သိန်း ၃၀၀ ကျော်လောက်ရလိမ့်မယ်"ဟု မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်
များ အသင်းမှ အထွေထွေအတွင်းရေးမဈ ကိုကျော်ထင်ကျော်က ပြောကြားခဲ့သည်။ ထိုလိုင်း
ကဒ်များကို ရင်းဂစ် ၃၀ နှုန်းနဲ့ နှစ်လနှုန်းသုံးပြီးမှသာ အသက်အာမခံစနစ် စတင်အကျုံးဝင်
မည်ဖြစ်ပြီး ၎င်းသုံးစွဲသည့် ရင်းဂစ် ပွိုင့်ပမာဏပေါ်မူတည်ကာ လေယာဉ်စီးနင်းခွင့်များအပြင်
သက်ဆိုင်ရာဟိုတယ်များတွင် အခမဲ့တည်းခိုခွင့် ၀န်ဆောင်မှုများကို ကုမ္ပဏီက ပေးမည်ဖြစ်
သည်ဟု ၎င်းကပင်ဆက်လက်ပြောကြားခဲ့သည်။

မလေးရှားတွင် ၎င်းကဒ်ကို သုံးစွဲခြင်းအားဖြင့် ဖုန်းပြောဆိုခများ သက်သာမည်ဖြစ်ပြီး
သုံးစွဲသူက ရင်းဂစ် ၃၀ ထည့်လိုက်ပြီဆိုပါက တစ်မိနစ် ၂၈ ပြားသာကုန်ကျမည်ဖြစ်ပြီး ပြည်တွင်း
ရှိ တစ်မိနစ်ပြောဆိုခထက် ၂ ပြား သက်သာမည်ဖြစ်သည်။ လက်တလောတွင် ထိုကဒ်များကို
မြန်မာနိုင်ငံအတွင်း၌ ဖုန်းပြောဆိုခြင်း ပြုလုပ်၍ မရနိုင်ကြောင်း၊ ထိုကဒ်များကို ၀ယ်ယူလိုပါက
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနများနှင့် မလေးရှားရှိ Tone Plus
ကုမ္ပဏီ၏ အရောင်းဆိုင်ခွဲများတွင် နိုင်ငံကူးလက်မှတ်ပြကာ ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။
ထိုလိုင်းကဒ်များကို မြန်မာနိုင်ငံတွင် မတ်လ ၁ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ဌာနများတွင်
ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ  ( မြန်မာတိုင်း)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မလေးရောက်မြန်မာလုပ်သားများကို အသက်အာမခံပါဆင်းကဒ် အခမဲ့ပေးမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...