Monday, February 3, 2014

ခြင်းလုံးဒီပလိုမေစီ နှင့် ခြင်းလုံးဒီမိုကရေစီ

,
ပြီးခဲ့သည့်  ၂၇ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက မြန်မာနိုင်ငံကို သိသာထင်ရှားသော အောင်မြင်မှုနှစ်ခုကို ပေးအပ်ခဲ့သည်ဟုထင်သည်။ တစ်ခုမှာ ဘာသာနှစ်ခုအကြား ဖြစ်ပေါ်ခဲ့သော ပြဿနာများကြောင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ပါ့မလားဆိုသော  နိုင်ငံအချို့၏  ထင်မြင်ယူဆချက်များကို ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း နှင့် နောက်တစ်ခုမှာ မြန်မာ့ ရိုးရာအားကစားနည်းတစ်မျိုး ဖြစ်သော မြန်မာ့ရိုးရာခြင်း ခတ် ကစားနည်းပညာကို ကမ္ဘာကသိရှိအံ့သြသွားအောင် ဖော်ထုတ်တင်ဆက်နိုင်ခဲ့၍ ခြင်းလုံး ဒီပလိုမေစီ အောင်ပွဲရရှိခြင်းပင် ဖြစ်သည်။
” အစကတော့ အိမ်ရှင် မြန်မာတွေက ခြင်းခတ်ကစား နည်းကိုထည့်သွင်းကစားစေတာဟာ မြန်မာတွေ ရွှေများများရချင်လို့ တမင်သက်သက် လုပ်တာလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီကစားနည်းဟာ အနုပညာမြောက်ပြီး တကယ်ခက်ခဲတဲ့ကစားနည်းတစ်မျိုး၊ ကမ္ဘာ့နိုင်ငံတွေကတောင် တန်ဖိုးထားလေးစားပြီး လေ့လာသင်ယူနေကြတဲ့ အားက စားနည်းတစ်မျိုးဖြစ်တာကို အာဆီယံဆီးဂိမ်းက တစ်ဆင့် ကမ္ဘာကသိအောင် တင်ဆက်နိုင်ခဲ့တယ်” ဟု ခြင်းပညာရှင် တစ်ဦးက ဆိုသည်။
” မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ခြင်းခတ်ကစားနည်းကို ထည့်သွင်းကျင်းပနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံများကို မြန်မာ့ရိုးရာခြင်းခတ်နည်း သရုပ်ပြသင်ကြားပေးဖို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး  စေလွှတ်နိုင်ခဲ့တယ်။  အာရှပိုက်ကျော်ခြင်း အဖွဲ့ချုပ်က အာဆီယံနိုင်ငံတွေကို ဆီးဂိမ်းမှာ မြန်မာ့ရိုးရာခြင်းခတ် ကစားနည်း ပါဝင်နိုင်အောင် စည်းရုံးပေးပါတယ်။ကျွန်တော်တို့အဖွဲ့ချုပ်က ရိုးရာခြင်းလုံး ပြိုင်ပွဲဧည့်သည်တွေ အ တွက် အသာစီးရဖို့ ဦးတည်ပြီး စည်းမျဉ်း စည်းကမ်းတွေကို ရေးဆွဲထားတာပါ။ ပြီးတော့ဒီကနည်းပြတွေကို စေလွှတ်ပြီး ကောင်းကောင်း သင်ပြပေးနေတာပါ။
ဆီးဂိမ်းမှာခြင်းအားကစားနည်း ရှစ်မျိုးထည့်သွင်းထားပေမယ့် ခြောက်မျိုးပဲ မြန်မာက ယှဉ်ပြိုင်ခွင့်ရှိစေတာပါ”  ဟု မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဦးရဲအောင် က ပြောကြား ခဲ့ကြောင်းကိုလည်း ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖတ်ရှုခဲ့ရသည်။မည်သို့ပင်ဆိုစေခြင်းလုံး ဒီပလိုမေစီအောင်မြင်ခဲ့ပါသည်။ ခြင်းလုံးဖြင့် ပထမဆုံးရွှေဆုကို တရားမျှတစွာ ယှဉ်ပြိုင်ရယူခဲ့သလို မြန်မာ့ခြင်းလုံးကစား နည်းကို မြန်မာပြည်သူများရော၊ ပြည်ပမှ ပရိသတ်များကပါရင် သပ် ရှုမောကြည့်ရှုခဲ့ကြရကာ ဝေဖန်မှုများကို တိတ်ဆိတ်စေခဲ့ ပါသည်။
ခက်ခဲနက်နဲသည့် ရိုးရာခြင်းလုံး ကစားနည်း
မြန်မာ့ရိုးရာ  ခြင်းခတ်ကစားခြင်းနှင့်ပတ်သက်၍ မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ဆိုသည်ကတော့  အငြင်းပွားဖွယ်များရှိနေသေးသည်ဟု ဆိုကြစေကာမူ ၁၉၆၉ ခုနှစ်ထုတ် ဆဋ္ဌမတန်း မြန်မာဖတ်စာအုပ်၌ ပြ ဋ္ဌာန်းချက်အရ သရေခေတ္တရာမှ ရရှိသော ငွေ ခြင်းလုံးသည် ပြည်မြို့ဘော ဘောကြီးဌာပနာတိုက်မှ ရရှိခဲ့ သည် ဟု ဖော်ပြထားသည်ကို တွေ့ခဲ့သည်။သို့သော်လည်း ဤ တွေ့ရှိချက်သည် မှန်ကန်မှုမရှိ ကြောင်း၊အမှန်မှာ ၁၉၂၆ ခုနှစ် က ပြည်ခရိုင်မှော်ဇာအရပ် ခင် ဗကုန်းမှရရှိ ခဲ့သော ငွေခြင်းလုံး သာဖြစ်ကြောင်း၊ အမှန်ကို ပြင် ဆင်ပေးစေလိုကြောင်း ခြင်းလုံး ပညာရှင် ဦးဘသိန်းက ၁၉၇ဝ ပြည့်နှစ်၊မတ်လ ၁၅ ရက်နေ့ ထုတ် ဟံသာတီ သတင်း စာတွင် ဖော်ပြခဲ့လေသည်။
သို့ဆိုလျှင် မြန်မာ့ရိုးရာ ခြင်းခတ် အားကစားနည်းသည် အေဒီ ၇ ရာစုရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဆို သောပြောဆိုချက်မှာ မှန်ကန်သည် ဟု ဆိုနို င်ပြီး အေဒီ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက် တွင်မှ စတင်ပေါ်ပေါက်လာ သည် ဆိုသော အဆိုကိုပယ်ရ မည်ဖြစ်ပေသည်။
ခင်ဗကုန်းဆိုသည်မှာ ပျူ ခေတ်လက်ရာများ တူးဖော်ရရှိ ခဲ့သည့်နေရာ တစ်ခုဖြစ်ပြီး ခင်ဗကုန်းကျောက်စာမှာလည်း မြန်မာဘာသာဖြင့် အစောဆုံး တွေ့ရ သည့် ကျော က်စာဟု ဆို ကြသည်များလည်း ရှိပါသည်။ သို့ဆိုလျှင် မြန်မာ့ရိုး ရာ ခြင်းလုံး ခတ်အားကစား နည်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝဝ ခန့် ကပင် ပေါ်ထွန်း ခဲ့သည်ဟု ဆို နိုင်ပါသည်။ကုန်း ဘောင် ခေတ် အမရပူရမြို့ တည်နန်းတည် ဘိုး တော်ဘုရား ပဒုံ မင်း  လက်ထက် ၁၁၅၃ ခုနှစ်က အမိန့် တော်အရခြင်းပွဲကို ပီပီ ပြင်ပြင်မှတ် တမ်း တင် ဖော် ပြထားခဲ့သည်ကို တွေ့ရှိရခြင်းကလည်း ခြင်းခတ်  ကစား နည်းသည်အစော ပိုင်းက နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိ သတ်များ ကြည့်ရှုရန် ဖျော်ဖြေ တင်ဆက်ခဲ့ သည့် မင်းပွဲစိုးပွဲများဖြစ်ခဲ့ သော်လည်း နောက်ပိုင်းတွင်  လူသာမန်မျာကြားအထိ ခေတ်စားလာခဲ့သည်ဟု ဆိုပါ သည်။
သူ့ကျွန်ဘဝကျရောက်စဉ် က ဆိုလျှင်ခြင်းပွဲများသည် အမျိုး သားရေး လက္ခဏာတစ်ရပ် အသွင် ရှိနေခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာ ဖြစ် သင်တန်းကိုစ တင် ခဲ့ပြီးနိုင်ငံ အနှံ့ အပြားတွင်ခြင်းလုံးခတ် အသင်း များ ပေါ်ပေါက်လာခဲ့သည်။၁၉၃၉-၄ဝကာလများက ဆိုလျှင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံခြား အားကစားနည်း များ ဖြစ်ေ သာ ဘောလုံး၊ တင်းနစ် အစရှိသည်တို့အတွက် နှစ်စဉ် ထောင်ချီ၍ အကုန်အကျခံ အားပေးခဲ့သော်လည်း မြန်မာ့ခြင်းလုံး ကစား နည်းအတွက်ကိုမူ တက္ကသို လ်ကြီး တစ်ခု လုံးအတွက် တစ် နှစ်လျှင် ကျပ်  ၁ဝဝ သာ သုံးစွဲခွင့်ပြု ခဲ့သည် ကိုတွေ့ရသည်။သို့အတွက် မြန်မာ့ ခြင်းလုံးကို နှစ် သက်သော တက္က သိုလ် ကျောင်းသား များ မှ ထိုစဉ်က ပင်းယ ကျောင်းဆောင် အဆောင် မှူးဦးဘသန်း ကို အကြောင်းပြု၍ အရေး ဆိုကြရာမှ ရန်ပုံငွေ ကျပ် ၁ဝဝဝအထိတိုးတက် ခွင့်ပြုလာ ခဲ့သည်။
၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်အတွင်းမှာပင် မြန်မာ့ ခြင်းခတ် အားကစားနည်းပညာ မှာ မြန်မာနိုင်ငံတွင်သာမက ဥရောပသို့တိုင် သွားရောက် ခတ်က စားခြင်းဖြင့် ပြ သနိုင် လာကြလေသည်။
ခြင်းလုံးခတ်ပြိုင်ပွဲစည်းမျဉ်း
၁၉၅၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှ အစပြု၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံလုံး ဆိုင်ရာခြင်းလုံး ညီလာခံ သို့ပြည်ထောင် စု မြန် မာ နိုင်ငံတစ်ဝန်းလုံးရှိ ၃၃ ခရိုင်မှ တက် ရောက်လာသည့်ကိုယ်စား လှယ် များက” ခြင်းလုံးခတ်ပြိုင်ပွဲ စည်းမျဉ်း” ကို အတည်ပြုပေးခဲ့ သည်။ ထိုစည်းမျဉ်းများတွင်  ပြိုင်ပွဲ အဆင့်ခြင်းခတ်ပုံခတ် နည်း၊ အမှတ်ပေးပုံပေးနည်းနှင့် အခြေခံ အသေးစိတ်စည်းမျဉ်း များကို ထိုစဉ်က မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တည်ရှိရာ အမှတ် ၅၄၉ ကုန်သည် လမ်းဌာနချုပ်မှ စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးသည်။
၁၉၅၄ ခုနှစ်မှ စ၍ အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဗမာပြည်အိုလံပစ်ပွဲတော်၌ ဗမာ့ ခေတ်သတင်းစာတိုက်ပိုင်ရှင် မိုးကြိုးဦးအုန်းခင်၏ ငွေဒိုင်း ကြီးကို ယှဉ်ပြိုင်ရယူရန် နှစ်စဉ် ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြန် မာ့ခြင်းခတ်ပြိုင်ပွဲအသွင် ပေါ် လွင်လာပြီး ခြင်းလုံးကစားသမား များအနေဖြင့် တူညီအားကစား ဝတ်စုံများဖြင့် ယှဉ်ပြိုင်ခြင်း၊ ခရိုင်အလိုက် အမှတ်တံဆိပ်များ တပ်ဆင်ယှဉ်ပြိုင်ကြခြင်းဖြင့် ခြင်း ပညာအဆင့်ကိုမြှင့်တင်နိုင် ခဲ့ကြသည်။ ရန်ကုန်မြို့တွင်သာမက မန္တလေး မဟာမြတ်မုနိဘုရား ကြီး အရှေ့ဘက် ၄၅ တာကွင်း၌ ကျင်းပသောဝါဆိုခြင်းမှာ ယခု ထိတိုင်အောင် ရိုးရာမပျက်ဆင်နွှဲလျက်ရှိသော မြန်မာ့ရိုးရာ ခြင်းပွဲတော်ဟုဆိုနိုင်ပါသည်။
မန္တလေးမြို့မှ ခြင်းပညာ ရှင် ဦးဘသိန်းသည် ၁၉၅၂ မှ ၁၉၆ဝ ပြည့်နှစ်အထိ မန္တလေး ခရိုင်ခြင်းခတ်အသင်းနှင့် ဝါဆို ခြင်းခတ်အသင်းတို့တွင် အတွင်း ရေးမှူးအဖြစ် တာဝန် ယူခဲ့ပြီး ၁၉၅၆ ခုနှစ် ရန်ကုန်မြို့ အိုလံ ပစ်ပွဲတော်၊ ၁၉၅၆ နှင့် ၁၉၅၇ ခုနှစ် ခရိုင်ပေါင်းစုံ တံခွန်စိုက် ပြိုင်ပွဲများတွင် ပါဝင်ခဲ့သည်။ ထို့အပြင် ၁၉၅၆ အောင် ဆန်းကွင်း၊၁၉၅၉တောင်ကြီး၊ ၁၉၆၂ မြင်းခြံတို့တွင် ကျင်းပခဲ့သည့် ခြင်းလုံးညီလာခံများသို့လည်း တက်ရောက်ပြီး ၁၉၆ဝတွင် ခြင်းလုံး ဒိုင် အဖြစ် ဆောင် ရွက် ပေးခဲ့သည်။
ခြင်းပညာတွင် ခြင်းအမှတ် ခတ်နှင့် ခြင်းအလှခတ်ဟူ၍ရှိပြီး  ခြင်း အလှခတ်ပြိုင်ပွဲများတွင် အမှတ်ပေးသည့် ဒိုင်လူကြီးက အော်၍ အမှတ်မပေးနိုင်ခြင်း ကြောင့် အနိုင်အရှုံး ဆုံးဖြတ် ရာတွင် အငြင်းပွားရသည်ကို တွေ့ရှိခဲ့ရာခြင်း ပညာရှင် မန္တ လေး ဦးဘသိန်းက ၁၉၆ဝ ပြည့် နှစ်က ရန်ကုန်မြို့ အောင်ဆန်း ကွင်းတွင် ကျင်းပခဲ့သော ခြင်း ညီလာခံ၌ မန္တလေးခရိုင်ခြင်း အဖွဲ့ကို ကိုယ်တိုင်အော်၍ အများ ရှေ့တွင် ပွင့်လင်းမြင်သာစွာ အမှတ်ပေးသည့် စနစ်ကို တင်ပြ ခဲ့ရာအဖွဲ့ချုပ်ကလက်ခံအတည် ပြုပေးခဲ့၍ ယနေ့တိုင် ဦးဘသိန်းတီထွင်သော အမှတ်ပေးစနစ်ကို အသုံးပြု၍ အမှတ်ပေး သည်ဟု ဆိုပါသည်။
မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ်က ကျင်းပခဲ့သော မန်းရာ ပြည့်ပွဲကြီးတွင်လည်း မန္တလေး ခရိုင်ခြင်းအဖွဲ့က ၁ဝ ညတိုင်တိုင် ခြင်း အလှခတ် ကစားကာ ဖျော်ဖြေခဲ့သည်။ ဦးဘ သိန်းသည် ထို ခေတ်ကပင်ခြင်းပွဲများ တွင် မိုက်ဖြင့် ဟစ်အော် ၍ ခြင်းခတ်နည်းများကို ဟောပြောခဲ့သည့် ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။ခြင်းလုံးဒီပလိုမေစီ ၁၉၆ဝ ပြ ည့်နှစ်၊ အောက် တိုဘာလက တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်ရေးအောင် မြင်သည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ၏ မြို့တော်ပီကင်း တွင် လူထုတစ် သိန်းေ ကျာ်ရှေ့ မှောက်၌ ဦးဘသိန်းအပါ အဝင် ခြင်းပညာရှင် ခြောက်ဦးက မြန် မာ့ရိုးရာခြင်းခတ်ပညာကို ခတ်ကစားပြသခဲ့ပြီး နောက် ပီကင်း သာမက ရှင်ယန်း၊ နန် ကင်း၊ ရှန် ဟဲ၊ ဟန်ကျိုး၊ ကွမ်တုံ၊ ကူမင်းမြို့ကြီးများသို့ပါ ၃၈ ရက်ကြာ ခြင်းခတ်ကစားပြခဲ့ရပါ သည်။
မြန်မာ့ခြင်းလုံး ဘယ်လိုရက်
မြန်မာ့ရိုးရာအစဉ်အလာ အရခြင်းလုံးကို ကြိမ်ဖြင့်ထိုး၍ ရက်လုပ်ရပါသည်။ ကြိမ်ကိုပင် ကြိမ်တိုင်းရက်၍မရပါ။ ခြင်း လုံးမရက်လုပ်မီ ကြိမ်လုံးများ ကို ပျော့ပျောင်းနူး ညံ့အောင် စိမ် ထားရပြီးမှ ကြိမ်ထိုးရသည်။ ကြိမ်နန်းဆွဲသည်ဟုလည်း ခေါ် ပါသည်။ ထိုနန်းဆွဲထားသော ကြိမ်စငယ် ၆ ပင် မှ ၁ဝ ပင် အထိ နန်းအကြီးအသေး အထူ အပါးကိုလိုက်၍ ခင်းလုံးရက် လုပ်ကြရသည်။
ခြင်းလုံးရက်ရာတွင် ငါးထောင့်ပေါက် ၁၂ ပေါက်ထားလျက်အလုံး ဖြစ်စေရန် ခြောက်ပတ်ရစ်၍ ရက်လုပ်ရသည်။ သာမန်အားဖြင့် လူကြီးထွာဆိုင်ခန့်သာ အဝန်းရှိပြီး ကြိမ်ကောင်းပါက “ထပ်”  “ထပ်” နှင့် ခတ်၍ ကောင်းလှသည်ဟု ဆိုပါသည်။ ထို့အပြင်ခြင်းလုံးရက်ရာတွင် လုံးဝန်းပြီး အချိုးညီလှပစေရန် ဝါးသပ်လျှို၍ ရက်လုပ်ကြပြီး ရက်လုပ်ပြီးခြင်းလုံးကို မန်ကျည်းရွက်ကို ရေတွင် ထည့်ထားပြီး ခြင်းလုံးကို ထည့်ပြုတ် ရသည်။ ပြီးလျှင် ခြင်းလုံးကို နေလှမ်းရသည်။ သို့မှသာ ခြင်းခတ်လျှင် ဆတ်ခနဲ ဆတ်ခနဲတက်၍ ခတ်ကောင်းသည်ဟု ဆိုသည်။
ခြင်းခတ်ကစားနည်း
မြန်မာ့ရိုးရာခြင်းခတ်ကစားခြင်း နည်းပညာက အနုပညာရသပါပြီး ခက်ခဲသော ကစားနည်းတစ်မျိုးပါ။ ခြင်းခတ်ကစား ခြင်းကို ဆိုင်းနှင့်တွဲ ဖက်ဖျော် ဖြေနိုင် သလို နောက် ခံတီးပေးသည့်ဆိုင်းအဖွဲ့တွင် အဆိုပညာရှင်များကလည်း ခြင်းခတ် ကစားနေလျက်မှာပင် အားမာန်တက် ကြွစေသောတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေနိုင်ကြပါသည်။
ခြင်းခတ်ကစားနည်းကို ရှေးယခင်ကဆိုလျှင် အသေခတ်နှင့် အရှင်ခတ်ဟူ၍ရှိခဲ့ပြီး အသေခတ်ဆိုသည်က ခြင်းလုံးလေးငါး ရှစ်လုံးကိုလူတစ်ယောက်တည်း က ညှပ်ခြင်း၊ တင်ခြင်း၊ တစ်လုံးပေါ်တစ်လုးဆင့်၍လည်းကောင်း၊ တံကောက်ကြား၊ ပခုံးကြား၊ ခြေဖျားကြားတွင် ညှပ်၍လည်း ကောင်း၊ နဖူးပေါ်၊ ဒူးပေါ်၊ ခြေ ဖျားပေါ်တင်၍ လည်းေ ကာင်း အလှပြခတ်ကစားခြင်းကို ခေါ် ပါသည်။
အရှင်ခတ်ဆိုသည်က ခြင်းလုံးကိုအရှင်ထား၍ ခြင်းယိုင်ခတ်နည်းဖြစ်သည်။ ခြင်းယိုင်ခတ်ဆိုသည်မှာ ခြင်းကို လက်မှလွဲ၍ ကျန်ကိုယ်အင်္ဂါ အစိတ်အပိုင်းနှင့် ခတ်ခြင်း ကို ခေါ် သည်။ အယိုင်ခတ်တွင် ခြင်းကို အရှိန် မပြတ်စေဘဲ လူးလာတုံ့ ပြန်ကူးလူးခတ်ကစားခြင်းဖြစ် ပြီး စည်းကမ်းသတ်မှတ်ချက် အရဆိုလျှင်သတ်မှတ် ထားေ သာ စည်းဝိုင်းသည် အချင်း ၂၁ ပေ၊ သို့မဟုတ် ၁၄ တောင်ရှိရပြီး ခြင်းခတ်သူ ၆ဦး ပါဝင်ရမည်ဖြစ်သည်။
ခြင်းခတ်ကစားနည်းများတွင် ခြင်းရိုး၊ ခြင်းလတ်၊ဝိုင်းခြင်း၊ ဘေးဖနောင့် နှစ်ထပ်ခြေဖျား၊ နှစ်ထပ်ခြေခွင်၊ ဖီလာဖနောင့်၊ ခြေခွင်၊ခြေဖျား၊ ဒူး၊ ဖဝါးစသည် တို့ဖြစ်ပြီး ခြင်း အလှခတ်တွင် စလွယ်၊ မဟာ၊ မဟာညွန့်၊ ကုမ္ဘာဏ်၊ စသည့် ခြင်းခတ်နည်း များရှိပါသည်။ ခြင်းအလှခတ်သူကို ခြင်းမင်းသားဟုခေါ်ကြပြီး ကျွမ်းကျင်စွာ ခတ်နိုင်သူ ကို ခြင်းဝိဇ္ဇာ ဟုခေါ်ကြကာ ခြင်းဝိုင်းများတွင် ခြင်းလုံးမြေမကျအောင်ထောက် ကူခတ်မပေးသူကို ခြင်းထောက် ဟု ခေါ်ပါသည်။
ခြင်းဒီမိုကရေစီ
တကယ်တော့ ခြင်းခတ်ပညာသည်  တစ်ဦးချင်းတစ်ယောက်ချင်း အလှခတ်ပြသနိုင်သလို ဝိုင်းဖွဲ့၍ တစ်ဦးနှင့်တစ်ဦး အပေးအယူ မျှတစွာဖြင့် အထောက်အမအလှ အတင်ခတ်ပြနိုင်သည့် လွန်စွာဒီမိုကရေစီကျသော ကစားနည်းတစ်မျိုးလည်းဖြစ်ပါသည်။ ဝိုင်းခြင်းခတ်ရာတွင်တစ်ဦးကောင်း တစ်ယောက်ကောင်း အစွမ်းပြ ခြင်းကင်း၍ တစ်ဦးကိုတစ်ဦး ဖေးမရသည်။ ခြင်းလုံးမြေမကျ အောင် တစ်ဦးကခတ်နေစဉ် တစ်ဦးက ခြင်းလုံးကို ထိန်းမနိုင် ရန် အဆင်သင့်ရှိနေရသည်။ တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ရန် မလို။ ခြင်းခတ်သူတိုင်းတွင် ကိုယ်ပိုင် အစွမ်းပြခွင့်ရှိသလို အဖွဲ့လိုက်လည်း ပညာစွမ်းပြသ နိုင်သည်။သည့်ထက် ဒီမိုကရေ စီနည်းကျသော အားကစား နည်းမရှိပြီ။
ခြင်းခတ်နည်းပေါင်း ၂ဝဝ ကျော် ရှိသည့်အနက် ခြင်းကြီး ၁ဝ မျိုးမှာ မဟာ၊ မဟာဒူး (ကုမ္ဘာဏ်)၊ ဝိုက်ကြီး၊ စလွယ်ကြီး၊ တည့်ဖဝါး၊ တည့်ဖနောင့်၊ မဟာညွန့်၊ ညွန့်ဒူး၊ နဂါးပတ်ဖဝါး၊ နဂါးပတ်ဖနောင့်တို့  ဖြစ်ပြီး ခေတ်ဆန်းခြင်းပေါက်များမှာ သမင်လည်ပြန်ဖနောင့်၊ မြင်းစီးဖနောင့်၊ လျှပ်ပူး၊ မန္တလာခြေဖျား၊ လေဝဲစသည် တို့ဖြစ်သည်။ခြင်း ပညာမှာ စာတွေ့ဖြင့် သင်ယူနိုင်သော  ပညာရပ်မဟုတ်ပါ။ ခြင်းခတ်နည်းပညာ စာအုပ်တွေရှိပါသည်။ စာတွေ့ကို လက်တွေ့နှင့် ပေါင်းစပ်ပြီး အရိုး၊အကြောပျော့သည့် ငယ်ရွယ်နုပျိုစဉ်ဘဝမှာပင် ခြင်းလုံးကို နှစ်ရှည်လေ့ကျင့်ခတ်ကစားသူများက ပိုပြီးကျွမ်းကျင်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ နှစ် ပေါက်အောင် လေ့ကျင့်ခတ် ကစား လျှင်သော်မှ ဖော်ပြပါ ခြင်းပေါက်များကို အလုံးစုံခတ်နိုင်သူ ဖြစ်လာဖို့တော့ ခဲယဉ်း လှပါသည်။
ခြင်းလုံးခတ်က စားနည်းပညာသည်ခက်ခဲလှကြောင်းကို ၁၉၈၁ခုနှစ်က ကနေဒါနိုင်ငံ တိုရွန်တိုပန်းခြံတွင် မြန်မာများ ခြင်းခတ်သည်ကို ကြည့်ရင်း  ခြင်းခတ်ပညာကို ဝါ သနာပါပြီး မြန်မာနိုင်ငံသို့ အခေါက်ပေါင်း များစွာ လာရောက်ကာမန္တလေးတွင် ခြင်းပညာကို သင်ယူလေ့ကျင့်ခဲ့သူ၊မှော်ဘောလုံး Mystic Ball ခေါ် မြန်မာ့ရိုးရာခြင်း လုံးခတ်ကစားသည့် ၈၃ မိနစ် ကြာပြသရသည့် မှတ်တမ်းရုပ်ရှင်ကို ရှစ်နှစ်ကြာဖန်တီးခဲ့သူ၊ ယင်းမှတ်တမ်းရုပ်ရှင်ဖြင့် ဆုပေါင်းများစွာရရှိပြီး ကမ္ဘာကျော် ခဲ့သူ၊ ၁၉၈၁ မှ ၁၉၉၇ အထိ ခြင်းခတ်ပညာသင်ယူခဲ့သည့်တိုင် ခြင်းလုံးကို တော်ရုံတန်ရုံ လောက်သာ ထိန်းခတ်နိုင်ခဲ့သူ ကနေ ဒါနိုင်ငံသား Greg Hamilton က သက်သေထူလျက်ရှိ ပါပြီ။ ဂါးရက်ဟာမီလ်တန်က သူ့မှတ်တမ်းရုပ်ရှင်ကို ဤသို့ နိဂုံးကမ္ပတ်အဆုံးသတ်ထားပါသည်။
” သူဟာမြန်မာ့ခြင်း ကမ္ဘာသို့  ပျံ့နှံ့သိရှိစေရေးအတွက် ဤကစားသမားများနှင့်အတူ ကမ္ဘာလှည့်ခရီးထွက်ရန် အိပ်မက်တွေ ရှိနေပါသေးသည်” တဲ့။
မကြာမီကျင်းပတော့မည့် ၂ဝ၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပွဲဖွင့်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံး အလှပြသရုပ်ဖော်ကစားပေးရန် ကမ်းလှမ်းမှုများ ရှိနေသလို စင်ကာပူနိုင်ငံ တွင်ကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးတွင်လည်း မြန်မာ့ရိုးရာ ခြင်းခတ်ကစားနည်းကို ထည့်သွင်းယှဉ်ပြိုင်ခွင့်ပြု သွားမည်ဟု လည်း သိနေရပါသည်။ ကျွန်တော်တို့ မြန်မာ့ရိုးရာခြင်းလုံးအိပ်မက်တွေ တကယ် ဖြစ်လာပါတော့မည်။
သိန်းအေး
(ပေါါ်ပြူလာမြန်မာ)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခြင်းလုံးဒီပလိုမေစီ နှင့် ခြင်းလုံးဒီမိုကရေစီ”

Post a Comment

Related Posts Plugin for WordPress, Blogger...